La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ဆာ​လံ 83:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မိဒျန်​လူမျိုး​အပေါ်​၌​လည်းကောင်း​၊ ကိရှုန်​ချောင်း​နားတွင် သိသရ​နှင့်​ယာဘိန်​မင်းကြီး​တို့​အပေါ်​၌​လည်းကောင်း ကိုယ်တော်​ပြု​သကဲ့သို့ သူ​တို့​အပေါ်​၌ ပြု​တော်မူ​ပါ​။

Ver Capítulo

Common Language Bible

အင်္ဒေါ​ရ​အ​ရပ်​တွင်​မိ​ဒျန်​အ​မျိုး​သား တို့​သည်​လည်း​ကောင်း၊ ခိ​ရှုန်​မြစ်​အ​နီး​၌​သိ​ရ​မင်း​နှင့်​ယာ​ဘိန်​မင်း တို့​သည်​လည်း​ကောင်း​စစ်​ပွဲ​ရှုံး​သ​ဖြင့် သူ​တို့​၏​အ​လောင်း​များ​သည်​စစ်​တ​လင်း ပေါ်​၌ ပုပ်​ပျက်​သွား​စေ​သ​ကဲ့​သို့ ဤ​မ​ဟာ​မိတ်​အ​ဖွဲ့​အား​လည်း​အ​လား တူ ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ​စေ​တော်​မူ​ပါ။

Ver Capítulo

Garrad Bible

မိ ဒျန် အ မျိုး ကို လည်း ကောင်း၊ ခိ ရှုန် ချောင်း အ နီး၊ သိ သ ရ မင်း နှင့် ယာ ဘိန် မင်း တို့ ကို လည်း ကောင်း၊ ပြု သ ကဲ့ သို့ စီ ရင် တော် မူ ပါ။

Ver Capítulo

Judson Bible

မိ​ဒျန်​အ​မျိုး​ကို​လည်း​ကောင်း၊ ခိ​ရှုန်​ချောင်း​နား​မှာ သိ​သ​ရ​မင်း​နှင့် ယာ​ဘိန်​မင်း​ကို​လည်း​ကောင်း​ပြု​သ​ကဲ့​သို့ သူ​တို့​ကို ပြု​တော်​မူ​ပါ။

Ver Capítulo



ဆာ​လံ 83:9
9 Referencias Cruzadas  

သမီးအကြီး​သည် သား​ကို​မွေးဖွား​၍ သူ​၏​အမည်​ကို မောဘ ဟု​မှည့်ခေါ်​လေ​၏​။ သူ​သည် ယနေ့​တိုင်အောင် မောဘ​လူမျိုး​တို့​၏​ဖခင်​ဖြစ်​၏​။


သမီးငယ်​သည်​လည်း သား​ကို​မွေးဖွား​၍ သူ​၏​အမည်​ကို ဗင်အမ္မိ ဟု​မှည့်ခေါ်​လေ​၏​။ သူ​သည် ယနေ့​တိုင်အောင် အမ္မုန်​အမျိုးသား​တို့​၏​ဖခင်​ဖြစ်​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် မိဒျန်​လူမျိုး​တို့​ကို ဩရဘ​ကျောက်​နား၌​ဒဏ်ခတ်​သကဲ့သို့ သူ​တို့​ကို ကျာပွတ်​နှင့်​ရိုက်​တော်မူ​မည်​။ အီဂျစ်​လူမျိုး​ကို​ပြု​သကဲ့သို့ ပင်လယ်​ပေါ်တွင် တောင်ဝှေး​တော်​ကို မြှောက်​ထား​တော်မူ​မည်​။


အကြောင်းမူကား ကိုယ်တော်​သည် မိဒျန်​လူမျိုး​လက်​မှ​ကယ်တင်​ခဲ့​စဉ်က ပြု​သကဲ့သို့ သူ​ထမ်း​ရ​သော​ထမ်းပိုး​၊ သူ့​ကျော​ကို​ရိုက်​သော​တုတ်​၊ သူ့​ကို​ညှဉ်းဆဲ​သော​ကြိမ်လုံး​တို့​ကို ချိုး​တော်မူ​ပြီ​။


ငါ​သည်​လည်း ယာဘိန်​မင်းကြီး​၏​စစ်သူကြီး​သိသရ​နှင့် သူ​၏​စစ်ရထား​အလုံးအရင်း​ကို ကိရှုန်​မြစ်​သို့ လှည့်ပတ်​ခေါ်​ခဲ့​ပြီး သင့်​လက်​သို့​အပ်​မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု သူ့​အား​ဆို​၏​။


ကိရှုန်​မြစ်​၊ ရှေးကတည်းက​ရှိ​ခဲ့​သော​မြစ်​ဖြစ်​သည့်​ကိရှုန်​မြစ်​သည် သူ​တို့​ကို တိုက်ချ​သွား​ပြီ​။ အို ငါ့​ဝိညာဉ်​၊ ခွန်အားအပြည့်​နှင့်​ချီတက်​လော့​။