အကျွန်ုပ်၏ဖြောင့်မတ်ခြင်းကို နှစ်သက်သောသူတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာကြွေးကြော်ကြပါစေသော။ “မိမိအစေအပါး၏ကောင်းစားခြင်းကို နှစ်သက်တော်မူသောထာဝရဘုရားသည် ကြီးမြတ်တော်မူ၏”ဟု သူတို့သည် အစဉ်မပြတ်မြွက်ဆိုကြပါစေသော။
ဆာလံ 70:4 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကိုရှာသောသူအပေါင်းတို့သည် ကိုယ်တော်၌ ရွှင်မြူးလျက်ဝမ်းမြောက်ကြပါစေသော။ ကိုယ်တော်၏ကယ်တင်ခြင်းကို မြတ်နိုးသောသူတို့က “ဘုရားသခင်သည် ကြီးမြတ်တော်မူ၏”ဟု အစဉ်မြွက်ဆိုကြပါစေသော။ Common Language Bible ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်သူ အပေါင်းတို့သည်ဝမ်းမြောက်ရွှင်လန်းကြပါ စေသော။ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးတော် အတွက် ကျေးဇူးတော်ကိုချီးမွမ်းကြသူအပေါင်းတို့ သည် ``ဘုရားသခင်သည်အလွန်ကြီးမြတ်တော်မူ ပါပေသည်'' ဟုအစဉ်မပြတ်ချီးကူး ကြပါစေသော။ Garrad Bible ကိုယ် တော် ကို လိုက် ရှာ သူ ရှိ သ မျှ တို့ မှာ၊ ကိုယ် တော်၌ ရွှင် လန်း ဝမ်း မြောက် လျက်၊ ကယ် တင် ရာ အ ကြောင်း ကို နှစ် သက် သ မျှ သူ တို့ လည်း၊ ဘု ရား သ ခင် သည် ကြီး မြတ် တော် မူ စေ သ တည်း ဟု၊ အ စဉ် မ ပြတ် မြွက် ဆို ကြ ပါ စေ သော။ Judson Bible ကိုယ်တော်ကို ရှာသောသူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေသော။ ကယ်တင်တော်မူခြင်းကျေးဇူးကို နှစ်သက်သောသူတို့သည်၊ ဘုရားသခင်ဘုန်းကြီးတော်မူစေသတည်းဟု အစဉ်မပြတ် ပြောကြပါစေသော။ |
အကျွန်ုပ်၏ဖြောင့်မတ်ခြင်းကို နှစ်သက်သောသူတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာကြွေးကြော်ကြပါစေသော။ “မိမိအစေအပါး၏ကောင်းစားခြင်းကို နှစ်သက်တော်မူသောထာဝရဘုရားသည် ကြီးမြတ်တော်မူ၏”ဟု သူတို့သည် အစဉ်မပြတ်မြွက်ဆိုကြပါစေသော။
ကိုယ်တော်ကိုရှာသောသူအပေါင်းတို့သည် ကိုယ်တော်၌ရွှင်မြူးလျက်ဝမ်းမြောက်ကြပါစေသော။ ကိုယ်တော်၏ကယ်တင်ခြင်းကိုမြတ်နိုးသောသူတို့က “ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏”ဟု အစဉ်မြွက်ဆိုကြပါစေသော။
သို့သော် ကိုယ်တော်ကိုခိုလှုံသောသူအပေါင်းတို့သည် ဝမ်းမြောက်ကြပါစေသော။ အစဉ်အမြဲရွှင်လန်းစွာကြွေးကြော်ကြပါစေသော။ ကိုယ်တော်သည် သူတို့ကို အုပ်မိုးကွယ်ကာတော်မူသည်ဖြစ်၍ နာမတော်ကိုမြတ်နိုးသောသူတို့သည် ကိုယ်တော်၌ ရွှင်လန်းကြပါစေသော။
ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ ဝမ်းမြောက်ကြလော့။ ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့။
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။
ထာဝရဘုရားကို စောင့်မျှော်သောသူ၊ ထာဝရဘုရားကို ရှာသောသူကို ကိုယ်တော်ကောင်းစားစေတော်မူပါ၏။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့သည် ငိုကြွေးလျက်မြည်တမ်းကြလိမ့်မည်။ ဤလောကမူကား ဝမ်းမြောက်လိမ့်မည်။ သင်တို့သည် ဝမ်းနည်းကြသော်လည်း သင်တို့၏ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းဖြစ်သွားလိမ့်မည်။