ကောင်းကင်တမန်နှစ်ပါးတို့သည် နေဝင်ချိန်၌ သောဒုံမြို့သို့ရောက်လာကြ၏။ ထိုအခါ လောတသည် သောဒုံမြို့တံခါးဝ၌ ထိုင်လျက်နေ၏။ လောတသည် သူတို့ကိုမြင်သော် ကြိုဆိုရန်ထသွား၍ မြေမှာပျပ်ဝပ်ပြီးလျှင်
ဆာလံ 69:12 - မြန်မာ့စံမီသမ္မာကျမ်း မြို့တံခါးဝတွင်ထိုင်နေသောသူတို့သည် အကျွန်ုပ်အကြောင်းကို တီးတိုးပြောဆိုကြပါ၏။ အကျွန်ုပ်သည် သေရည်သေရက်သောက်စားသော သူတို့၏တေးဖွဲ့သီဆိုစရာများဖြစ်ရပါ၏။ Common Language Bible သူတို့သည်လမ်းများတွင်ကျွန်တော်မျိုးအကြောင်းကို ပြောဆိုကြပါ၏။ သေသောက်ကြူးသူတို့သည်ကျွန်တော်မျိုး အကြောင်းကိုတေးဖွဲ့၍ဆိုကြပါ၏။ Garrad Bible မြို့ တံ ခါး ဝ၌ ထိုင် နေ သူ တို့ သည်၊ အ ကျွန်ုပ် အ ကြောင်း ကုန်း ချော ခြင်း၊ သေ သောက် ကြူး တို့ သည်၊ တေး ဖွဲ့ ခြင်း ကို ပြု တတ် ကြ ပါ၏။ Judson Bible ရုံး၌ ထိုင်သောသူတို့သည် အကျွန်ုပ်တစ်ဖက်မှာပြောဆို၍၊ သေသောက်ကြူးတို့သည် အကျွန်ုပ်ကို အကြောင်းပြုလျက် တေးဖွဲ့၍ ဆိုတတ်ကြပါ၏။ |
ကောင်းကင်တမန်နှစ်ပါးတို့သည် နေဝင်ချိန်၌ သောဒုံမြို့သို့ရောက်လာကြ၏။ ထိုအခါ လောတသည် သောဒုံမြို့တံခါးဝ၌ ထိုင်လျက်နေ၏။ လောတသည် သူတို့ကိုမြင်သော် ကြိုဆိုရန်ထသွား၍ မြေမှာပျပ်ဝပ်ပြီးလျှင်
ငါမူကား သူတို့ဖျားနာသောအခါ လျှော်တေအဝတ်ကိုဝတ်၍ အစာရှောင်လျက် မိမိကိုယ်မိမိချိုးနှိမ်၏။ ငါ၏ဆုတောင်းချက် ငါ့ရင်ခွင်သို့သာ ပြန်လှည့်လာသောအခါ
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူပြီ။ အကျွန်ုပ် သွေးဆောင်ခံရပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက် ခွန်အားကြီးသဖြင့် နိုင်တော်မူပြီ။ အကျွန်ုပ်သည် နေ့စဉ် လှောင်ပြောင်ခြင်းခံရပါ၏။ လူတိုင်း အကျွန်ုပ်ကို ပြက်ရယ်ပြုကြပါ၏။
ကောင်းကင်ဘုံရှင်ကို ဆန့်ကျင်၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၏။ ထိုအရှင်၏ဗိမာန်တော်မှခွက်ဖလားများကို သင့်ရှေ့မှောက်သို့ယူလာစေပြီး သင်မှစ၍ မှူးမတ်များ၊ မိဖုရားများ၊ ကိုယ်လုပ်တော်များသည် ထိုခွက်များဖြင့် စပျစ်ဝိုင်ကိုသောက်ပြီး မျက်စိလည်းမမြင်၊ နားလည်းမကြား၊ ဘာမျှလည်း မသိနိုင်သော ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။ သင့်အသက်၊ သင့်ဘဝလမ်းတစ်ခုလုံးကိုပိုင်တော်မူသောဘုရားသခင်ကိုမူ သင်မချီးမြှောက်ခဲ့။
ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများသည် လူထုပရိသတ်အား ဗာရဗ္ဗကိုတောင်း၍ ယေရှုကိုမူကား အဆုံးစီရင်စေရန် စည်းရုံးကြ၏။
“ဤသူသည် ဆီဇာဧကရာဇ်အား အခွန်တော်မဆက်သရန်တားမြစ်ကာ မိမိကိုယ်ကို ခရစ်တော်တည်းဟူသောဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆို၍ အကျွန်ုပ်တို့၏ပြည်သူလူထုကို ဖောက်ပြန်လမ်းလွဲစေကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်”ဟု ကိုယ်တော်ကိုစွပ်စွဲပြောဆိုကြ၏။
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြို့ရှိသမျှတို့တွင် တရားသူကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများကို မျိုးနွယ်အလိုက် သင်ခန့်ထားရမည်။ သူတို့သည် လူတို့ကို ဖြောင့်မတ်စွာတရားစီရင်ရမည်။