အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ငါတို့အပေါ်၌ ကြီးမားလှပေ၏။ ထာဝရဘုရား၏သစ္စာတော်သည်လည်း အစဉ်အမြဲတည်၏။ ဟာလေလုယ။
ကောလောသဲ 3:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ဖန်ဆင်းပြုပြင်ရာ၌ ဂရိလူမျိုးနှင့်ဂျူးလူမျိုး၊ အရေဖျားလှီးထားသောသူနှင့်မလှီးထားသောသူ၊ သကုသိလူနှင့်လူရိုင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ခရစ်တော်သည် အလုံးစုံဖြစ်ပြီး အလုံးစုံတို့၌ရှိတော်မူ၏။ Common Language Bible သို့ဖြစ်၍ယုဒအမျိုးသား၊ လူမျိုးခြားဟူ၍ လည်းကောင်း၊ အရေဖျားလှီးခံသူမခံသူဟူ ၍လည်းကောင်း၊ မယဉ်ကျေးသူ၊ လူရိုင်း၊ ကျွန်၊ လွတ်လပ်သူဟူ၍လည်းကောင်းကွဲပြားခြား နားမှုမရှိတော့ချေ။ ခရစ်တော်သည်အလုံး စုံတို့၌ရှိ၍အလုံးစုံဖြစ်တော်မူသတည်း။ Garrad Bible ထို သို့ ပြု ပြင် ရာ၌ လူ မျိုး ခြား နှင့် ယု ဒ လူ မျိုး အ ဖြစ် အ နေ၊ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ၊ မ ခံ အ ဖြစ် အ နေ၊ သ ကု သိ လူ မျိုး မှ စ၍ လူ ရိုင်း အ ဖြစ် အ နေ၊ ကျွန် နှင့် လူ လွတ် အ ဖြစ် အ နေ မ ရှိ ရာ။ ခ ရစ် တော် သည် ရှိ ရှိ သ မျှ၏ အ ချက် အ ခြာ ဖြစ် တော် မူ၏။ Judson Bible ထိုဖန်ဆင်းပြုပြင်တော်မူရာ၌ ဟေလသလူမရှိ၊ ယုဒလူမရှိ၊ အရေဖျားလှီးမင်္ဂလာခံခြင်းမရှိ၊ မခံခြင်းမရှိ၊ လူရိုင်းမရှိ၊ သကုသိလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ခရစ်တော်သည် အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသူနှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်နှင့် လွတ်လပ်သူဟူ၍ ခြားနားမှုမရှိပေ။ ခရစ်တော်သည်သာ အရေးပါ၍ ကျွန်ုပ်တို့အားလုံးအထဲတွင် ကိန်းအောင်းတော်မူ၏။ |
အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ငါတို့အပေါ်၌ ကြီးမားလှပေ၏။ ထာဝရဘုရား၏သစ္စာတော်သည်လည်း အစဉ်အမြဲတည်၏။ ဟာလေလုယ။
ကိုယ်တော်က “ယာကုပ်အမျိုးကို ပြန်လည်ထူထောင်ရန်၊ အသက်ရှင်ကျန်ရစ်သောအစ္စရေးလူမျိုးတို့ကို ပြန်ခေါ်ဆောင်လာရန် သင့်ကို ငါ့အစေအပါးဖြစ်စေခြင်းသည် အသေးအဖွဲမျှသာဖြစ်သေး၏။ မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းရောက်ရှိစေရန် ငါသည် သင့်ကိုလူမျိုးတကာတို့အဖို့ အလင်းဖြစ်စေဦးမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် လူမျိုးတကာတို့၏မျက်မှောက်၌ မိမိ၏သန့်ရှင်းသောလက်ရုံးတော်ကိုပြတော်မူသဖြင့် မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့မြင်ရကြလိမ့်မည်။
အို ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်၏ရဲတိုက်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။ မြေကြီးစွန်းမှ လူမျိုးခြားတို့သည် ကိုယ်တော်ထံသို့လာ၍ “အကျွန်ုပ်တို့၏ဘိုးဘေးတို့ ပိုင်ဆိုင်သောအရာသည် မုသားသာဖြစ်၏။ အချည်းနှီး၊ အကျိုးမရှိသောအရာသာဖြစ်၏”ဟု လျှောက်ကြပါလိမ့်မည်။
ထိုမြေကို အမွေမြေအဖြစ် သင်တို့ခွဲဝေယူရမည်။ သင်တို့နှင့်အတူနေထိုင်ရင်း သားသမီးရလာကြသော တိုင်းတစ်ပါးသားတို့ကိုလည်း ခွဲဝေပေးရမည်။ သူတို့ကို အစ္စရေးအမျိုးအနွယ်တို့၏အမျိုးသားချင်းကဲ့သို့ သဘောထားရမည်။ အစ္စရေးအမျိုးအနွယ်တို့နှင့်အတူ အမွေမြေခွဲဝေပေးရမည်။
သူ့ကို မြေပေါ်တွင် ကြဲမည်။ ကရုဏာမခံစားရသူကို ကရုဏာပြမည်။ ငါ့လူမဟုတ်သောသူကို ‘သင်သည် ငါ့လူဖြစ်သည်’ဟု ပြောမည်။ သူကလည်း ‘ကိုယ်တော်သည် အကျွန်ုပ်၏သခင် ဖြစ်သည်’ဟူ၍ ဆိုလိမ့်မည်”ဟု မိန့်တော်မူ၏။
ဤသို့ဖြင့် သူတို့သည် ကြွင်းကျန်သည့်ဧဒုံပြည်နှင့် ငါ့နာမဖြင့် ခေါ်ဝေါ်သမုတ်သောတိုင်းနိုင်ငံအပေါင်းတို့ကို ပိုင်ဆိုင်ရလိမ့်မည်”ဟု ဤအမှုကို စီရင်တော်မူသည့်ထာဝရဘုရားမိန့်တော်မူ၏။
လူမျိုးများစွာတို့သည် လာ၍ “လာကြလော့။ ယာကုပ်၏ဘုရားသခင်အိမ်တော်ရှိရာ ထာဝရဘုရား၏တောင်တော်သို့တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိလမ်းတော်တို့ကို ငါတို့အား သွန်သင်တော်မူမည်ဖြစ်၍ ငါတို့သည်လည်း ကိုယ်တော်၏လမ်းတော်အတိုင်း လိုက်လျှောက်ကြမည်”ဟု ဆိုကြလိမ့်မည်။ အကြောင်းမူကား တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှလည်းကောင်း ထွက်ပေါ်လာလိမ့်မည်။
ထိုနေ့ရက်တွင် လူမျိုးများစွာတို့သည် ထာဝရဘုရားထံလာရောက်ပူးပေါင်း၍ ငါ၏လူမျိုးတော် ဖြစ်လာလိမ့်မည်။ ငါသည် သင့်အလယ်၌ ကိန်းဝပ်မည်။ သို့မှ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သင့်ထံသို့ ငါ့ကိုစေလွှတ်တော်မူကြောင်းကို သင်သိရလိမ့်မည်။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ယေရှုကလည်း“မည်သူမဆို ငါ့ကိုချစ်လျှင် ငါ့စကားကို လိုက်နာစောင့်ထိန်းလိမ့်မည်။ ငါ့ခမည်းတော်သည်လည်း ထိုသူကိုချစ်တော်မူသဖြင့် ငါတို့သည် သူ့ထံသို့လာ၍ သူနှင့်အတူနေထိုင်မည်။
ငါသည် စပျစ်ပင်ဖြစ်၏။ သင်တို့သည် အကိုင်းအခက်များဖြစ်ကြ၏။ မည်သူမဆိုငါ၌တည်နေ၍ ငါသည်လည်း သူ၌တည်နေလျှင် ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကင်းကွာလျှင် သင်တို့သည် မည်သည့်အရာကိုမျှမပြုနိုင်ကြ။
အကျွန်ုပ်သည် သူတို့၌ရှိ၍ ကိုယ်တော်သည် အကျွန်ုပ်၌ရှိပါ၏။ ဤသည်ကား သူတို့ကို တစ်လုံးတစ်ဝတည်း၌ပြီးပြည့်စုံစေရန်ဖြစ်ပြီး ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ကိုယ်တော်ချစ်သကဲ့သို့ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့သိကြစေရန်ဖြစ်ပါ၏။
ဤသည်ကား ကြွင်းကျန်သောလူတို့နှင့် ငါ၏နာမဖြင့် ခေါ်ဝေါ်သမုတ်ခြင်းခံရသော လူမျိုးခြားအပေါင်းတို့သည် ထာဝရဘုရားကို ရှာဖွေကြမည့်အကြောင်းတည်းဟု
ကျွန်းသားတို့သည် ငါတို့အား ထူးခြားသောချစ်ခင်ကြင်နာမှုကိုပြသကြ၏။ မိုးရွာ၍ချမ်းအေးသောကြောင့် သူတို့သည် မီးဖိုလျက် ငါတို့အားလုံးကို လက်ခံကြိုဆိုကြ၏။
ကျွန်းသားတို့သည် သူ၏လက်မှတွဲလဲကျနေသော သတ္တဝါကိုမြင်သောအခါ “ဤသူသည် အမှန်ပင် လူသတ်သမားဖြစ်တန်ရာ၏။ သူသည် ပင်လယ်ဘေးမှလွတ်ခဲ့သော်လည်း မျှတမှုနတ်ဘုရားမက သူ့ကို အသက်ရှင်ခွင့်မပေး”ဟု အချင်းချင်းပြောဆိုကြ၏။
ငါသည် ဂရိလူမျိုးနှင့်လူရိုင်းတို့အပေါ်၌ဖြစ်စေ၊ ပညာရှိနှင့်ပညာမဲ့တို့အပေါ်၌ဖြစ်စေ အကြွေးတင်သူဖြစ်၏။
ဤတွင် ဂျူးလူမျိုးနှင့်ဂရိလူမျိုးတို့ကြား၌ ခြားနားမှုမရှိ။ အကြောင်းမူကား တစ်ပါးတည်းသောအရှင်သည် လူအပေါင်းတို့၏အရှင်ဖြစ်တော်မူပြီး ကိုယ်တော်ကိုပတ္ထနာပြုသောသူအပေါင်းတို့အား ကြွယ်ဝစေတော်မူ၏။
၎င်းမှာ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ယုံကြည်သူအပေါင်းတို့အပေါ်သက်ရောက်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်၏။ ဤတွင် မည်သည့်ခြားနားမှုမျှမရှိ။
သို့မဟုတ် ဘုရားသခင်သည် ဂျူးလူမျိုးတို့၏ဘုရားသာ ဖြစ်တော်မူသလော။ လူမျိုးခြားတို့၏ဘုရားလည်း ဖြစ်တော်မူသည်မဟုတ်လော။ ဟုတ်ပေ၏။ လူမျိုးခြားတို့၏ဘုရားလည်း ဖြစ်တော်မူ၏။
အကြောင်းမူကား ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ ဗတ္တိဇံခံကြပြီး အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်းကို သောက်ရကြ၏။
ထို့ကြောင့် ဘာသာစကား၏အနက်အဓိပ္ပာယ်ကို ငါနားမလည်လျှင် ထိုစကားကိုပြောဆိုနေသူအတွက် ငါသည် တိုင်းတစ်ပါးသားဖြစ်သကဲ့သို့ ပြောဆိုနေသောထိုသူသည်လည်း ငါ့အတွက် တိုင်းတစ်ပါးသားဖြစ်လိမ့်မည်။
အရေဖျားလှီးခြင်းသည် ပဓာနမဟုတ်။ အရေဖျားမလှီးခြင်းသည်လည်း ပဓာနမဟုတ်။ ဘုရားသခင်၏ပညတ်တော်ကို စောင့်ထိန်းခြင်းသာ ပဓာနဖြစ်၏။
သို့ဖြစ်၍ ငါအသက်ရှင်သည်မှာ ငါကိုယ်တိုင်မဟုတ်တော့ဘဲ ခရစ်တော်သည် ငါ၌အသက်ရှင်တော်မူ၏။ ယခု ကိုယ်ကာယ၌ ငါအသက်ရှင်သည်မှာ ငါ့ကိုချစ်၍ ငါ့အတွက် မိမိကိုယ်ကိုစွန့်တော်မူသော ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းဖြစ်၏။
ခရစ်တော်ယေရှု၌မူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်။ မေတ္တာအားဖြင့်လုပ်ဆောင်သော ယုံကြည်ခြင်းကသာ စွမ်းဆောင်နိုင်၏။
ထိုအသင်းတော်သည် အလုံးစုံတို့ကို အလုံးစုံတို့၌ ပြည့်စုံစေတော်မူသောအရှင်၏ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ်ခန္ဓာတော်ဖြစ်၏။
အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏သင့်မြတ်ငြိမ်းချမ်းခြင်းအကြောင်းဖြစ်တော်မူ၍ ငါတို့နှစ်မျိုးစလုံးကို တစ်မျိုးတည်းဖြစ်စေပြီး ပိုင်းခြားသောရန်ငြိုးတံတိုင်းကို ဖြိုဖျက်ကာ
စည်းမျဉ်းများပါသည့် ပညတ်ချက်တို့နှင့်ဆိုင်သောပညတ်တရားကို မိမိကိုယ်ခန္ဓာတော်အားဖြင့် ပယ်ဖျက်တော်မူ၏။ ဤသည်ကား လူနှစ်မျိုးကို မိမိ၌ တစ်မျိုးတည်းသောလူသစ်အဖြစ် ဖန်ဆင်းလျက် သင့်မြတ်ငြိမ်းချမ်းခြင်းကိုဖြစ်စေကာ
ယုံကြည်ခြင်းအားဖြင့် သင်တို့စိတ်နှလုံးထဲ၌ ခရစ်တော်သည် ကိန်းဝပ်တော်မူမည့်အကြောင်းနှင့် သင်တို့သည် မေတ္တာတော်၌ အမြစ်တွယ်၍အုတ်မြစ်ချထားကာ
ထိုလျှို့ဝှက်နက်နဲသောအရာမှာ လူမျိုးခြားတို့သည် ကောင်းမြတ်သောသတင်းအားဖြင့် ခရစ်တော်ယေရှု၌ အတူတကွအမွေဆက်ခံသူများ၊ တစ်ခုတည်းသောကိုယ်ခန္ဓာ၌ပါဝင်သူများ၊ ကတိတော်ကိုအတူတကွခံစားသူများဖြစ်ကြခြင်းပေတည်း။
ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကောင်းသောအမှုတစ်စုံတစ်ခုကိုပြုသောသူတိုင်းသည် သခင်ဘုရားထံမှ အကျိုးခံစားရမည်ဖြစ်ကြောင်း သိမှတ်ကြလော့။
သင်တို့သည် အုပ်ချုပ်မှုနှင့်အာဏာစက်ရှိသမျှတို့၏ဦးခေါင်းဖြစ်တော်မူသော ထိုသခင်အားဖြင့် ပြည့်စုံခြင်းသို့ရောက်ကြပြီး
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။
ခရစ်တော်၏သွန်သင်ချက်၌မတည်ဘဲ ၎င်းကိုကျော်လွန်သောသူတိုင်းသည် ဘုရားသခင်ကိုမရရှိပေ။ ထိုသွန်သင်ချက်၌တည်သောသူသည် ခမည်းတော်နှင့်သားတော်ကိုရရှိ၏။