La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ကမ္ဘာ​ဦး 5:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယောက်ျား​နှင့်​မိန်းမ​အဖြစ် သူ​တို့​ကို​ဖန်ဆင်း​တော်မူ​၏​။ ထိုသို့ သူ​တို့​ကို​ဖန်ဆင်း​တော်မူ​သော​နေ့​၌ ကိုယ်တော်​သည် သူ​တို့​ကို​ကောင်းချီးပေး​၍ သူ​တို့​၏​အမည်​ကို လူ ဟု​မှည့်ခေါ်​တော်မူ​၏​။

Ver Capítulo

Common Language Bible

ကိုယ်​တော်​သည်​လူ​ယောကျာ်း​နှင့်​လူ​မိန်းမ​တို့ ကို​ဖန်​ဆင်း​၍ သူ​တို့​အား​ကောင်း​ချီး​ပေး လျက်​လူ​ဟု​သ​မုတ်​တော်​မူ​၏။-)

Ver Capítulo

Garrad Bible

ဖန် ဆင်း တော် မူ သော နေ့ ၌ လည်း သူ တို့ အား ကောင်း ကြီး ပေး လျက် လူ ဟူ ၍ သ မုတ် တော် မူ ၏။

Ver Capítulo

Judson Bible

လူ​ယောက်ျား၊ လူ​မိန်း​မ​ကို​ဖန်​ဆင်း၍၊ ကောင်း​ချီး​ပေး​တော်​မူ၏။ ဖန်​ဆင်း​သော​နေ့၌​လည်း သူ​တို့​ကို အာ​ဒံ​အ​မည်​ဖြင့် မှည့်​တော်​မူ၏။

Ver Capítulo



ကမ္ဘာ​ဦး 5:2
9 Referencias Cruzadas  

ဘုရားသခင်​သည် မိမိ​ပုံသဏ္ဌာန်​အတိုင်း လူ​ကို​ဖန်ဆင်း​တော်မူ​၏​။ ဘုရားသခင်​၏​ပုံသဏ္ဌာန်​အတိုင်း လူ​ကို​ဖန်ဆင်း​ရာ​တွင် ယောက်ျား​နှင့်​မိန်းမ​အဖြစ် သူ​တို့​ကို​ဖန်ဆင်း​တော်မူ​၏​။


ထို့နောက် ဘုရားသခင်​သည် သူ​တို့​ကို​ကောင်းချီးပေး​တော်မူ​၏​။ ဘုရားသခင်​က “​များစွာ​မွေးဖွား​၍ တိုးပွား​ကြ​လော့​။ မြေကြီး​ကို​ပြည့်​စေ​၍ ၎င်း​ကို​နိုင်နင်း​ကြ​လော့​။ ပင်လယ်​ငါး​တို့​ကို​လည်းကောင်း​၊ မိုးကောင်းကင်​ငှက်​တို့​ကို​လည်းကောင်း​၊ မြေကြီး​ပေါ်မှာ လှုပ်ရှားသွားလာ​တတ်​သော သက်ရှိသတ္တဝါ​အပေါင်း​တို့​ကို​လည်းကောင်း အုပ်စိုး​ကြ​လော့​”​ဟု သူ​တို့​အား မိန့်​တော်မူ​၏​။


ထာဝရအရှင်​ဘုရားသခင်​သည် လူ​ကို​ခေါ်ဆောင်​၍ ဧဒင်​ဥယျာဉ်​ကို​ပြုစု​စောင့်ရှောက်​စေရန် ထို​ဥယျာဉ်​၌​ထား​တော်မူ​၏​။


ထိုအခါ လူ​က “​ယခု ဤ​သူ​သည် ငါ့​အရိုး​ထဲက​အရိုး​၊ ငါ့​အသား​ထဲက​အသား​ဖြစ်​၏​။ သူ့​ကို ယောက်ျား​ထဲမှ​ထုတ်ယူ​သောကြောင့် မိန်းမ ဟူ၍​မှည့်ခေါ်​မည်​”​ဟု ဆို​လေ​၏​။


အာဒံ​သည် အသက်​တစ်ရာ့​သုံးဆယ်​ရှိ​သောအခါ သူ​နှင့်​တစ်ပုံစံတည်း​၊ သူ​၏​ပုံသဏ္ဌာန်​အတိုင်း​ဖြစ်​သော​သား​ကို​ရ​၍ သူ​၏​အမည်​ကို ရှေသ ဟု​မှည့်ခေါ်​လေ​၏​။


သူ​တို့​၌ ဝိညာဉ်​တော်​တစ်စိတ်တစ်ပိုင်း​ပါ​လျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေ​တော်မူ​သည် မ​ဟုတ်​လော​။ ဘုရားသခင်​ကို ရိုသေကိုင်းရှိုင်း​သော​အမျိုးအနွယ်​ကို အလိုရှိ​သည်​ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေ​တော်မူ​သည် မ​ဟုတ်​လော​။ ထို့ကြောင့် ကိုယ့်​စိတ်​ကို ထိန်း​၍ ငယ်စဉ်​က ပေါင်းဖော်​ခဲ့​သော​မယား​ကို သစ္စာ​မ​ဖောက်​နှင့်​။


ကိုယ်တော်​က​လည်း“ဖန်ဆင်း​တော်မူ​သော​အရှင်​သည် အစအဦး​က​ပင် သူ​တို့​ကို ယောက်ျား​နှင့်​မိန်းမ​အဖြစ် ဖန်ဆင်း​တော်မူ​လျက်


သို့သော် ဖန်ဆင်း​ခြင်း​၏​အစအဦး​က​ပင် ဘုရားသခင်​သည် သူ​တို့​ကို ယောက်ျား​နှင့်​မိန်းမ​အဖြစ် ဖန်ဆင်း​တော်မူ​၏။


ကိုယ်တော်​သည် လူ​တစ်ဦးတည်း​မှ လူမျိုး​အားလုံး​ကို ဖန်ဆင်း​၍ ကမ္ဘာ​မြေ​ပြင်​အနှံ့​တွင်​နေထိုင်​စေ​ကာ အချိန်​ကာလ​များ​နှင့် သူ​တို့​နေထိုင်​ရာ​နယ်နိမိတ်​များ​ကို ကြိုတင်​ချမှတ်​ပေး​တော်မူ​၏။