ကမ္ဘာဦး 35:15 - မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်သည် မိမိအားဘုရားသခင်မိန့်မြွက်တော်မူသောအရပ်၏အမည်ကို ဗေသလ ဟုခေါ်၏။ Common Language Bible သူသည်ထိုအရပ်ကိုဗေသလဟုနာမည်မှည့် ခေါ်လေသည်။ Garrad Bible ဗျာ ဒိတ် တော် ကို ခံ ရ သော ထို အ ရပ် ကို ဗေ သ လ ဟု သ မုတ် လေ ၏။ Judson Bible ဗျာဒိတ်တော်ကိုခံရသော ထိုအရပ်ကိုလည်း၊ ဗေသလဟူ၍ တစ်ဖန်သမုတ်ပြန်လေ၏။ |
ထို့နောက် ဘုရားသခင်က ယာကုပ်အား “ထလော့။ ဗေသလအရပ်သို့သွား၍ ထိုအရပ်၌ နေထိုင်လော့။ သင်၏အစ်ကိုဧသောထံမှ သင်ထွက်ပြေးစဉ်က သင့်အား ကိုယ်ထင်ရှားပြသောဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်လော့”ဟု မိန့်တော်မူ၏။
ထို့နောက် သူတို့သည် ဗေသလအရပ်မှခရီးပြု၏။ ဧဖရတ်မြို့သို့ရောက်ရန် အတန်ငယ်ဝေးသေးသောနေရာတွင် ရာခေလသည် သားဖွားမည့်အချိန်ရောက်၍ သားဖွားရခက်နေ၏။
သူသည် ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍ ထိုအရပ်ကို ဧလဗေသလ ဟုခေါ်၏။ အကြောင်းမူကား သူသည် မိမိအစ်ကိုထံမှထွက်ပြေးစဉ်က ထိုအရပ်၌ ဘုရားသခင်ထင်ရှားတော်မူ၏။