ထာဝရဘုရားသည် လူသားတို့တည်ဆောက်သော မြို့နှင့်ရဲတိုက်ကိုကြည့်ရှုရန် ဆင်းသက်တော်မူ၏။
ကမ္ဘာဦး 3:9 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရအရှင်ဘုရားသခင်က လူကိုခေါ်၍ “သင်သည် အဘယ်မှာရှိသနည်း”ဟု မေးတော်မူ၏။ Common Language Bible သို့ရာတွင်ထာဝရအရှင်ဘုရားသခင် က``သင်အဘယ်မှာရှိသနည်း''ဟုလူအား ခေါ်တော်မူ၏။ Garrad Bible ထာ ဝ ရ ဘု ရား သ ခင် က လည်း သင် သည် အ ဘယ် မှာ ရှိ သ နည်း ဟု လူ ကို ခေါ် တော် မူ ရာ၊ Judson Bible ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်မှာရှိသနည်းဟု၊ လူကိုခေါ်တော်မူ၏။ |
ထာဝရဘုရားသည် လူသားတို့တည်ဆောက်သော မြို့နှင့်ရဲတိုက်ကိုကြည့်ရှုရန် ဆင်းသက်တော်မူ၏။
“စာရဲ၏ကျွန်မ ဟာဂရ၊ သင်သည် မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားမည်နည်း”ဟု မေးလေ၏။ သူကလည်း “ကျွန်မသည် ကျွန်မ၏သခင်မ စာရဲထံမှထွက်ပြေးလာပါသည်”ဟု ဖြေလေ၏။
ထိုသူတို့က “သင်၏မယားစာရာသည် အဘယ်မှာရှိသနည်း”ဟု အာဗြဟံအား မေးကြလျှင် “တဲထဲ၌ရှိပါသည်”ဟု ပြန်ဖြေလေ၏။
ထို့နောက် ထာဝရဘုရားက ကာဣနအား “သင့်ညီအာဗေလသည် အဘယ်မှာရှိသနည်း”ဟု မေးတော်မူလျှင် ကာဣနက “အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကိုစောင့်ရှောက်သူဖြစ်ပါသလော”ဟု ပြန်လျှောက်လေ၏။
ထို့နောက် သူသည် မိမိသခင်ထံဝင်၍ရှေ့တွင် ရပ်နေ၏။ ဧလိရှဲက သူ့အား “ဂေဟာဇိ၊ အဘယ်အရပ်က ပြန်လာသနည်း”ဟု မေးလျှင် သူက “အရှင့်အစေအပါးသည် မည်သည့်နေရာမှ မသွားပါ”ဟု ပြန်ဖြေ၏။