Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 21:30 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 သို့သော် ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​၏​ကောင်းကင်တမန်​ကိုင်​ထား​သော​ဓား​ကို ကြောက်​သောကြောင့် ထို​ယဇ်ပလ္လင်​သို့​သွား​၍ ဘုရားသခင်​ထံ မ​မေးမြန်း​ဝံ့​ချေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

30 သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​အား ကိုး​ကွယ်​ဝတ်​ပြု​ရန် ထို​အ​ရပ်​သို့​မ​သွား​ဝံ့။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​ထာ​ဝ​ရ ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ဋ္ဌား​ကို​ကြောက် သော​ကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 ဒါ​ဝိဒ်​သည် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​ဓား​ကို ကြောက်​သော​ကြောင့်၊ ထို​ယဇ်​ပ​လ္လင်​သို့​သွား၍ ဘု​ရား​သ​ခင်​ကို မ​မေး​မ​လျှောက်​ဝံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 21:30
16 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့​တွင် ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​သောကြောင့် “​ထာဝရဘုရား​၏​သေတ္တာ​တော်​သည် ငါ့​ထံ မည်သို့​ရောက်လာ​နိုင်​မည်နည်း​”​ဟု တွေးတော​လေ​၏​။


ထို​နေ့​တွင် ဒါဝိဒ်​မင်းကြီး​သည် ဘုရားသခင်​ကို ကြောက်ရွံ့​သောကြောင့် “​ဘုရားသခင်​၏​သေတ္တာ​တော်​သည် ငါ့​ထံ မည်သို့​ရောက်လာ​နိုင်​မည်နည်း​”​ဟု တွေးတော​လေ​၏​။


ဒါဝိဒ်​မင်းကြီး​သည် မျှော်ကြည့်​လျှင် မိုး​နှင့်​မြေ​ကြား​လေ​ထဲ၌​ရပ်​နေ​သော​ကောင်းကင်တမန်​တစ်ပါး​ကို တွေ့​ရ​၏​။ ထို​ကောင်းကင်တမန်​သည် ဓား​ကို​ကိုင်ထား​လျက် ဂျေရုဆလင်​မြို့​ဘက်​သို့ လက်ဆန့်​ထား​၏​။ ထိုအခါ လျှော်တေအဝတ်​ကို​ဝတ်​ထား​သော​ဒါဝိဒ်​မင်းကြီး​နှင့်​သက်ကြီးဝါကြီး​တို့​သည် ပျပ်ဝပ်​လျက် နေ​လေ​၏​။


ထိုစဉ်က တောကန္တာရ​တွင် မောရှေ​ဆောက်လုပ်​ခဲ့​သော ထာဝရဘုရား​၏​တဲ​တော်​နှင့်​မီးရှို့​ရာ​ယဇ်ပလ္လင်​တို့​သည် ဂိဗောင်​မြို့​ရှိ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တွင် ရှိ​နေ​၏​။


ဒါဝိဒ်​မင်းကြီး​က “ဤ​နေရာ​သည် ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​ကို တည်​ရာ​နေရာ​ဖြစ်​၏​။ ဤ​နေရာ​သည် အစ္စရေး​လူမျိုး​တို့ မီးရှို့​ရာ​ယဇ်ပလ္လင်​ကို တည်​ရာ​နေရာ​ဖြစ်​၏​”​ဟု မိန့်ဆို​၏​။


လက်​တော်​ကို အကျွန်ုပ်​အပေါ်​မှ ရုပ်သိမ်း​တော်မူ​ပါ​။ ကိုယ်တော့်​ထံမှ ကြောက်မက်ဖွယ်​ရာ​များ​ဖြင့် အကျွန်ုပ်​ကို ခြောက်လှန့်​တော်​မ​မူ​ပါ​နှင့်​။


ငါ​ပြန်​တွေးမိ​တိုင်း ထိတ်လန့်​ပြီး အသား​များ​လည်း တဆတ်ဆတ်တုန်​ပါ​၏​။


ထို့ကြောင့် ငါ​သည် ကိုယ်တော့်​ရှေ့​တွင် တုန်လှုပ်​နေ​ရ​ပါ​၏​။ တွေးမိ​တိုင်း ကိုယ်တော်​ကို ကြောက်ရွံ့​နေ​ရ​ပါ​၏​။


ကိုယ်တော်​ကို​ကြောက်ရွံ့​၍ အကျွန်ုပ်​အသား​သည် တဆတ်ဆတ်တုန်​နေ​ပါ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်း အကျွန်ုပ်​ကြောက်ရွံ့​ပါ​၏​။


ကိုယ်တော့်​အမျက်​တော်​တန်ခိုး​ကို​လည်းကောင်း​၊ အမျက်ထွက်​သည့်​ပမာဏ​နှင့်အညီ ကြောက်ရွံ့​ရ​ကြောင်း​ကို​လည်းကောင်း မည်သူ​သိ​နိုင်​ပါ​သနည်း​။


အို လူမျိုးတကာ​တို့​၏​ဘုရင်​၊ ကိုယ်တော်​သည် ကြောက်ရွံ့ရိုသေ​ခြင်း​ကို ခံထိုက်​တော်မူ​ပါ​၏​။ မည်သူ​သည် ကိုယ်တော့်​ကို မ​ကြောက်ရွံ့​ဘဲ​နေ​ပါ​သနည်း​။ လူမျိုးတကာ​တို့​၏​ပညာရှိ​အပေါင်း​တို့​တွင်​လည်းကောင်း​၊ တိုင်းနိုင်ငံ​ရှိသမျှ​တို့​တွင်​လည်းကောင်း ကိုယ်တော်​နှင့်​တူ​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​ပါ​။


သင်​တို့​သည် ငါ့​ကို မ​ကြောက်ရွံ့​ကြ​သလော​။ ငါ့​ရှေ့​၌​မ​တုန်လှုပ်​ကြ​သလော​။ ပင်လယ်​ရေ​မ​ကျော်လွန်​နိုင်​အောင် သဲ​နယ်နိမိတ်​ကို အရံအတား​အဖြစ် ငါ​နေရာချ​ထား​၏​။ ပင်လယ်​သည် ဟုန်းဟုန်းမြည်​သော်လည်း နယ်နိမိတ်​ကို​မ​ကျော်​နိုင်​။ လှိုင်းတံပိုး​ထ​သော်လည်း နယ်နိမိတ်​ကို မ​လွှမ်းမိုး​နိုင်​။


အို အစ္စရေး​လူမျိုး​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​ထံမှ မည်သည့်​အရာ​ကို​တောင်း​သနည်း​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကြောက်ရွံ့​ရ​မည်​၊ လမ်း​တော်​ရှိသမျှ​ကို လိုက်လျှောက်​ရ​မည်​၊ ကိုယ်တော်​ကို​ချစ်​ရ​မည်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​ဖြင့် ဝတ်ပြု​ရ​မည်​၊


ငါ​သည် ထို​သူ​ကို​မြင်​ရ​သောအခါ သူ​၏​ခြေရင်း​၌​လဲကျ​၍ လူသေ​ကဲ့သို့​ဖြစ်​၏။ ထိုအခါ သူ​သည် ငါ့​အပေါ်၌ သူ​၏​လက်ယာ​လက်​ကို​တင်​လျက်“မ​ကြောက်​နှင့်။ ငါ​သည် အဦးဆုံး​နှင့်​နောက်ဆုံး​ဖြစ်​၏။


အို ထာဝရ​ဘုရား၊ မည်သူ​သည် ကိုယ်တော်​ကို​မ​ကြောက်ရွံ့၊ နာမ​တော်​ကို​လည်း မ​ချီးမွမ်း​ဘဲ နေ​လိမ့်မည်​နည်း။ အကြောင်းမူကား ကိုယ်တော်​တစ်ပါးတည်း​သာလျှင် သန့်ရှင်း​တော်မူ​၏။ ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်​ချက်​တို့​သည် ထင်ရှား​သည်​ဖြစ်၍ လူမျိုး​တကာ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​သို့​လာ​၍ ရှိခိုး​ကြ​ပါ​လိမ့်မည်”​ဟု ဆို​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ