Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 14:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ဒါဝိဒ်​မင်းကြီး​အား အစ္စရေး​လူမျိုး​အပေါင်း​တို့​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ကြောင်း​ကို ဖိလိတ္တိ​လူမျိုး​တို့​ကြား​လျှင် ဖိလိတ္တိ​စစ်သည်​အပေါင်း​တို့​သည် ဒါဝိဒ်​မင်းကြီး​ကို လိုက်ရှာ​ရန် ချီလာ​ကြ​၏​။ ထို​အကြောင်း​ကို ဒါဝိဒ်​မင်းကြီး​ကြားသိ​လျှင် သူ​တို့​နှင့် တိုက်​ဖို့ ထွက်လာ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ဣ​သ​ရေ​လ​နိုင်​ငံ​တော်​တစ်​ဝှမ်း​လုံး​မှ​ဒါ​ဝိဒ် အား​မင်း​မြှောက်​လိုက်​ကြ​ကြောင်း ဖိ​လိတ္တိ​အ​မျိုး သား​တို့​ကြား​သိ​ကြ​သော​အ​ခါ ဒါ​ဝိဒ်​ကို​ဖမ်း ဆီး​ရန်​တပ်​ချီ​လာ​ကြ​၏။ သို့​ဖြစ်​၍​ဒါ​ဝိဒ် သည်​ထို​သူ​တို့​နှင့်​ရင်​ဆိုင်​ရန်​ထွက်​ခွာ​လာ​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ဖိ လိ တ္တိ လူ မျိုး တို့ သည် ဣ သ ရေ လ တစ် မျိုး လုံး အ ပေါ် တွင် ဒါ ဝိဒ် ကို ရာ ဇ ဘိ သိက် ဖြင့် ချီး မြှင့် ခြင်း သ တင်း ကြာ သိ ကြ သော် ဒါ ဝိဒ် ကို ဗိုလ် ထု အ လုံး အ ရင်း တို့ ချီ တက်၍ လိုက် ရှာ ရာ ဒါ ဝိဒ် မင်း ကြား သိ သ ဖြင့် ဆီး ဆို့ ရန် ချီ သွား လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ဒါ​ဝိဒ်​ကို ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​ကြောင်း​ကို ဖိ​လိ​တ္တိ​လူ​တို့​သည်​ကြား​လျှင်၊ ထို​သူ​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ကို​ရှာ၍ လာ​ကြ၏။ ထို​သ​တင်း​ကို ဒါ​ဝိဒ်​သည် ကြား​သော​အ​ခါ ချီ​သွား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 14:8
8 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​သည်​လည်း ရှင်ဘုရင်​ရှိ​ရာ ဟေဗြုန်​မြို့​သို့ ရောက်လာ​ကြ​၏​။ ဟေဗြုန်​မြို့​တွင် ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​၌ သူ​တို့​နှင့် ကတိသစ္စာ​ပြု​ပြီးလျှင် သူ​တို့​သည်​လည်း ဒါဝိဒ်​ကို အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ကြ​၏​။


အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​သည်​လည်း ရှင်ဘုရင်​ရှိ​ရာ ဟေဗြုန်​မြို့​သို့​ရောက်လာ​ကြ​၏​။ ဟေဗြုန်​မြို့​တွင် ဒါဝိဒ်​သည် ထာဝရဘုရား​ရှေ့​တော်​၌ သူ​တို့​နှင့် ကတိသစ္စာ​ပြု​ပြီးလျှင် ရှမွေလ​မှတစ်ဆင့် ထာဝရဘုရား​မိန့်မှာ​ထား​တော်မူ​ခဲ့​သည့်​အတိုင်း သူ​တို့​သည် ဒါဝိဒ်​ကို အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ကြ​၏​။


ဧလိရှမာ​၊ ဧလျာဒ​၊ ဧလိဖလက် ဟူ၍​ဖြစ်​၏​။


ဖိလိတ္တိ​စစ်သည်​တို့​သည် ချီလာ​၍ ရေဖိမ်​ချိုင့်ဝှမ်း​ကို ဝင်ရောက်​တိုက်ခိုက်​ကြ​၏​။


ထိုအခါ အာခိတ်​မင်းကြီး​၏​အမှုထမ်း​တို့​က “​ဤ​သူ​သည် ပြည့်ရှင်မင်း​ဒါဝိဒ် မ​ဟုတ်​လော​။ သူ​နှင့်​ပတ်သက်၍ ‘​ရှောလု အထောင်အထောင်​၊ ဒါဝိဒ် အသောင်းသောင်း သတ်​လေ​ပြီ​’​ဟု သီဆို​ကခုန်​ခဲ့​ကြ​သည်​မ​ဟုတ်​လော​”​ဟု မေးလျှောက်​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ