Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 20:37 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 တပ်ပုန်းအဖွဲ့​က​လည်း ဂိဗာ​မြို့​ထဲသို့ တစ်ဟုန်ထိုး​ပြေးဝင်​၍ တပ်ဖြန့်​ကာ မြို့​တစ်မြို့လုံး​ကို ဓား​ဖြင့်​လုပ်ကြံ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

37 ထို​အ​ခါ​တပ်​ပုန်း​သည်​ဂိဗာ​မြို့​ထဲ​သို့​အ​လျင် အ​မြန်​ဝင်​ပြီး​လျှင် လူ​ဖြန့်​၍​ရှိ​သ​မျှ​သော​မြို့ သူ​မြို့​သား​တို့​အား​လုပ်​ကြံ​သတ်​ဖြတ်​ကြ​လေ သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37 ဗင်္ယာ မိန့် အ နွယ် ရှေ့ ဆုတ် ခဲ့ ကြ ရာ တပ် ပုန်း သည် ဂိ ဗာ မြို့ ကို တိုက် ရန် အ ပြင်း ချီ ဝင်၍ တစ် မြို့ လုံး ကို ဓား ဖြင့် လုပ် ကြံ ခြင်း တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37 ကင်း​တပ်​သား​တို့​သည် ဂိ​ဗာ​မြို့​သို့ တစ်​ဟုန်​တည်း​ပြေး​ဝင်၍ အ​နှံ့​အ​ပြား​တိုက်​သ​ဖြင့် တစ်​မြို့​လုံး​ကို ဓား​နှင့်​လုပ်​ကြံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 20:37
5 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​ကို လက်​ဖြင့်​မ​ထိ​ဘဲ စင်စစ်​ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။ သို့မဟုတ် မြား​နှင့်​ပစ်သတ်​ရ​မည်​။ လူ​ဖြစ်စေ​၊ တိရစ္ဆာန်​ဖြစ်စေ အသက်​မ​ရှင်​ရ​။ သိုးချို​ကို သံရှည်ဆွဲ​၍​မှုတ်​မှသာ လူ​တို့​သည် ဤ​တောင်​သို့​လာ​ကြ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ယဇ်ပုရောဟိတ်​တို့​သည် တံပိုး​ကို​သံရှည်ဆွဲ​၍​မှုတ်​ရ​မည်​။ တံပိုးမှုတ်သံ​ကို​ကြား​သောအခါ လူအုပ်ကြီး​သည် ကျယ်လောင်​စွာ​အော်ဟစ်​ရ​မည်​။ ထိုအခါ မြို့ရိုး​ကြီး ပြိုကျ​လိမ့်မည်​။ လူ​တိုင်း မြို့​ထဲသို့ တန်းတန်းမတ်မတ် ဝင်သွား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထိုသို့ စစ်သည်​တို့​ကို​နေရာချ​ရာ​တွင် မြို့​မြောက်ဘက်​တွင် ပင်မ​တပ်​၊ မြို့​အနောက်ဘက်​တွင် ကင်းပုန်းတပ်​တို့ နေရာကျ​ကြ​၏​။ ထို​ည​တွင် ယောရှု​သည် ချိုင့်ဝှမ်း​သို့​ဆင်းသွား​၏​။


ထိုသို့​တပ်ချ​လျက်​ရှိ​သည်​ကို အာဣ​ဘုရင် သိမြင်​သောအခါ သူ​နှင့်​သူ​၏​မြို့သား​စစ်သည်​အပေါင်း​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို​တိုက်ခိုက်​ရန် ချိန်းချက်​ထား​သည့်​အတိုင်း စောစောထ​၍ အရာဗ​လွင်ပြင်​အရှေ့ဘက်​သို့ အလျင်အမြန်​စစ်ချီထွက်​လေ​၏​။ သို့ရာတွင် သူ​သည် မြို့​အနောက်ဘက်​၌ ကင်းပုန်း​ချထား​ကြောင်း​ကို မ​သိ​။


ထိုသို့​ရွယ်လိုက်​သောအခါ ကင်းပုန်း​တို့​သည် ကိုယ့်​နေရာ​မှ​အလျင်အမြန်​ထ​ကာ မြို့​ထဲသို့ ပြေး​ဝင်​ကြ​၏​။ ထို့နောက် မြို့​ကို​သိမ်း​၍ ချက်ချင်း​မီး​ရှို့​ပစ်​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ