Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 22:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ချမ်းသာ​သော​သူ​သည် ဆင်းရဲ​သော​သူ​ကို အုပ်စိုး​ရ​၏​။ ချေးယူ​သော​သူ​သည်​လည်း ချေး​ပေး​သော​သူ​၏ ကျွန်​ဖြစ်​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ငွေရတတ်သော သူသည်ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှါးယူသော သူသည်ချေးငှါးပေးသောသူ၌ ကျွန်ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ကြွယ် ဝ သော သူ သည်၊ နွမ်း ပါး သော သူ တို့ ကို အုပ် ချုပ် ရ၏။ မြီ စား လည်း မြီ ရှင့် ထံ ကျွန် ခံ ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ငွေ​ရ​တတ်​သော​သူ​သည် ဆင်း​ရဲ​သော​သူ​ကို အ​စိုး​ရ၏။ ချေး​ငှား​ယူ​သော​သူ​သည် ချေး​ငှား​ပေး​သော​သူ၌ ကျွန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 22:7
16 ပူးပေါင်းရင်းမြစ်များ  

ပရောဖက်​အဖွဲ့သား​များ​၏​ဇနီး​သည်​များ​ထဲမှ အမျိုးသမီး​တစ်​ယောက်​က ဧလိရှဲ​အား “​အရှင့်​အစေအပါး အကျွန်ုပ်​၏​ခင်ပွန်း သေဆုံး​သွား​ပါ​ပြီ​။ အရှင့်​အစေအပါး​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့ရိုသေ​ကြောင်း​ကို အရှင်​သိ​ပါ​၏​။ ယခု​မှာ ကြွေးရှင်​က အကျွန်ုပ်​၏​သား​နှစ်​ဦး​ကို ကျွန်​အဖြစ် သိမ်းယူ​ဖို့ လာ​ပါ​ပြီ​”​ဟု အော်ဟစ်​အကူအညီ​တောင်း​လေ​၏​။


ဆင်းရဲ​သော​သူ​ကို နှိပ်စက်​သော​သူ​သည် သူ​၏​ဖန်ဆင်းရှင်​ကို စော်ကား​သော​သူ​ဖြစ်​၏​။ နွမ်းပါး​သော​သူ​ကို သနား​သော​သူ​မူကား ကိုယ်တော်​ကို ရိုသေလေးမြတ်​သော​သူ​ဖြစ်​၏​။


ဆင်းရဲ​သော​သူ​သည် အသနားခံ​ပြောဆို​တတ်​၏​။ ချမ်းသာ​သော​သူ​မူကား ကြမ်းတမ်း​စွာ​တုံ့ပြန်​ပြောဆို​တတ်​၏​။


မိမိ​ဥစ္စာ​တိုးပွား​စေရန် ဆင်းရဲ​သော​သူ​ကို​နှိပ်စက်​သော​သူ​၊ သို့မဟုတ် ချမ်းသာ​သော​သူ​ကို ပေးကမ်း​သော​သူ​သည် အမှန်ပင် ချို့တဲ့​နွမ်းပါး​ခြင်း​သို့​ရောက်​လိမ့်မည်​။


ဆင်းရဲ​သော​သူ​ကို ဆင်းရဲ​သည်​ဆို​၍ ခေါင်းပုံ​မ​ဖြတ်​နှင့်​။ အဖိနှိပ်​ခံရ​သော​သူ​ကို​လည်း မြို့​တံခါး​၌ မ​ညှဉ်းဆဲ​နှင့်​။


ထိုအခါ ယဇ်ပုရောဟိတ်​သည် လူ​ကဲ့သို့​၊ သခင်​သည် ကျွန်ယောက်ျား​ကဲ့သို့​၊ သခင်မ​သည် ကျွန်မိန်းမ​ကဲ့သို့​၊ ရောင်း​သူ​သည် ဝယ်​သူ​ကဲ့သို့​၊ မြီရှင်​သည် မြီစား​ကဲ့သို့​၊ အတိုးစား​သူ​သည် အတိုးဆပ်​သူ​ကဲ့သို့ ဖြစ်​လိမ့်မည်​။


တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​အစ္စရေး​လူမျိုး​တို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ငွေ​အတွက် ဖြောင့်မတ်​သော​သူ​ကို ရောင်းစား​၏​။ ဖိနပ်​တစ်ရံ​အတွက် နွမ်းပါး​သူ​ကို ရောင်းစား​၏​။


ဆင်းရဲသား​တို့​ကို​နှိပ်စက်​ပြီး နွမ်းပါး​သူ​တို့​ကို​ညှဉ်းဆဲ​ကာ မိမိ​သခင်​တို့​ကို​ပင် “ငါ​တို့​အတွက် သောက်စရာ​ယူ​ခဲ့​ပါ”​ဟု ဆို​တတ်​သော ရှမာရိ​တောင်​ပေါ်မှ ဗာရှန်​နွားမ​တို့​၊ ဤ​စကား​ကို နားထောင်​ကြ​လော့​။


နွမ်းပါး​သူ​တို့​ကို နိုင်ထက်စီးနင်း​ပြု​ပြီး တိုင်းပြည်​ရှိ​ဆင်းရဲသား​တို့​ကို ဖယ်ရှား​ပစ်​သော​သူ​တို့​၊ နားထောင်​ကြ​လော့​။


ဆင်းရဲသား​တို့​ကို ငွေ​ဖြင့်​၊ နွမ်းပါး​သူ​တို့​ကို ဖိနပ်​တစ်​ရံ​ဖြင့် ကုန်သွယ်​ကြ​မည်​။ ဂျုံစပါး​အဖျင်း​ကို ရောင်းစား​မည်”​ဟု ဆို​တတ်​ကြ​၏​။


သို့သော် ထို​သူ​၌ အကြွေး​ဆပ်​စရာ​မ​ရှိ​သောကြောင့် သူ​ကိုယ်တိုင်​မှစ၍ သား​မယား​နှင့် သူ​ပိုင်ဆိုင်​သော​အရာ​အားလုံး​တို့​ကို​ရောင်း​၍ အကြွေး​ဆပ်​ရန် သူ့​သခင်​သည် အမိန့်​ချ​လေ​၏။


သို့ရာတွင် သင်​တို့​သည် ဆင်းရဲ​သော​သူ​တို့​ကို မထီလေးစား​ပြု​ကြ​သည်​တကား။ ချမ်းသာ​သော​သူ​တို့​သည် သင်​တို့​ကို ဖိနှိပ်​ခြယ်လှယ်​ကြ​သည်​မ​ဟုတ်​လော။ သူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့ ဆွဲခေါ်​သွား​ကြ​သည်​မ​ဟုတ်​လော။


ချမ်းသာ​သော​သူ​တို့၊ ယခု​နားထောင်​ကြ​လော့။ သင်​တို့​အပေါ်​သက်ရောက်​လာ​မည့် ဒုက္ခ​ဆင်းရဲ​ခြင်း​များ​အတွက် အော်ဟစ်​ငိုကြွေး​ကြ​လော့။


ကြည့်​ကြ​လော့။ သင်​တို့​လယ်ကွင်း​၌​ရိတ်သိမ်း​ပေး​သည့် အလုပ်သမား​တို့​ကို သင်​တို့​လိမ်ညာ​၍​မ​ပေး​ဘဲ​နေ​သော လုပ်အားခ​များ​သည် အော်ဟစ်​နေ​ကြ​၏။ ရိတ်သိမ်း​သော​သူ​တို့​၏​အော်ဟစ်​သံ​များ​သည်​လည်း ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​၏​နား​တော်​သို့ ရောက်​လေ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ