Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရု​သ 3:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ထိုအခါ နောမိ​က ရုသ​အား “​ငါ့​သမီး​၊ ဤ​ကိစ္စ မည်သို့​ဖြစ်လာ​မည်​ကို သိ​ရ​သည်​အထိ စောင့်​နေ​ပါ​။ ထို​သူ​သည် ဤ​ကိစ္စ​ကို ယနေ့​ဖြေရှင်း​၍​မ​ပြီး​မ​ချင်း ငြိမ်ငြိမ်​နေ​မည်​မ​ဟုတ်​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 နော​မိ​က``ရု​သ၊ ဤ​အ​မှု​အ​ဘယ်​သို့​အ​ဆုံး သတ်​သည် ကို​သိ​ရှိ​ရ​သည်​တိုင်​အောင်​စိတ်​ရှည် လျက်​စောင့်​နေ​ပါ​လော့။ ဗော​ဇ​သည်​ယ​နေ့ ဤ​ကိစ္စ​မ​ပြီး​ပြတ်​မ​ချင်း နား​နေ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ယော က္ခ မ က၊ ငါ့ သ မီး၊ ဤ အ မှု မည် သို့ ဖြစ် ပွား သည် ကို မ သိ မ ချင်း ထိုင် နေ လော့။ ထို သူ သည် အ မှု ကို ယ နေ့ အ ပြီး မ သတ် ဘဲ နေ မည် မ ဟုတ် ချေ ဟု ပြော ဆို လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ယော​က္ခ​မ​က​လည်း၊ ငါ့​သ​မီး၊ ဤ​အ​မှု​သည် အ​ဘယ်​သို့​ပြီး​လိမ့်​မည်​ကို မ​သိ​မီ​တိုင်​အောင် ထိုင်​နေ​တော့။ ယောက်ျား​သည် ယ​နေ့ ဤ​အ​မှု​ကို​မ​ပြီး​စီး​မီ ငြိမ်​ဝပ်​စွာ​မ​နေ​ဟု ပြော​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရု​သ 3:18
5 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ အစစ်ခံ​ပြီး​သော​ကျောက်​၊ တည်​ထား​သော​အုတ်မြစ်​အတွက် အဖိုးတန်​သော​ထောင့်ချုပ်ကျောက်​ကို ဇိအုန်​တောင်​ပေါ်တွင် ငါ​ချ​ထား​၏​။ ထို​ကျောက်​ကို ယုံကြည်​သော​သူ​သည် စိုးရိမ်​တုန်လှုပ်​မည်​မ​ဟုတ်​။


အီဂျစ်​ပြည်​၏​အကူအညီ​သည် အချည်းနှီး​သက်သက်​ဖြစ်​၏​။ ထို့ကြောင့် ထို​ပြည်​ကို ရာဟပ်ဟိမ်ရှာဗက်​ဟု ငါ​ခေါ်ဝေါ်​၏​။


“​သူ​က ‘​ယောက္ခမ​ထံသို့ လက်ချည်းသက်သက်​ပြန်​မ​သွား​နှင့်​’​ဟု​ဆို​ကာ အကျွန်ုပ်​အား မုယောစပါး​ခြောက်​ဧဖာ​ကို​လည်း ပေးလိုက်​ပါ​၏​”​ဟု ဆို​၏​။


ဗောဇ​သည် မြို့​တံခါးဝ​သို့​သွား​၍​ထိုင်​နေ​စဉ် သူ​ပြော​ခဲ့​ဖူး​သည့် ရွေးနုတ်​ခွင့်​ရှိ​သူ ဖြတ်လာ​သည်​ကို​မြင်​၏​။ ထိုအခါ ဗောဇ​က​“​မိတ်ဆွေ​၊ လာ​ထိုင်​ပါ​ဦး​”​ဟု ဖိတ်ခေါ်​သဖြင့် ထို​သူ​လည်း လာ​ထိုင်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ