ထွက်မြောက် 15:18 - မြန်မာ့စံမီသမ္မာကျမ်း18 ထာဝရဘုရားသည် ကာလအစဉ်အဆက်စိုးစံတော်မူလိမ့်မည်”ဟု သီဆိုကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible18 ထာဝရဘုရားသည်ကာလအစဉ်အမြဲ စိုးစံတော်မူလိမ့်သတည်း။'' အခန်းကိုကြည့်ပါ။Garrad Bible18 ထာ ဝ ရ ဘု ရား သည် က မ္ဘာ အ ဆက် ဆက် စိုး စံ တော် မူ လိမ့် သ တည်း ဟု ကျူး ဧ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible18 ထာဝရဘုရားသည် ကာလအစဉ်အမြဲစိုးစံတော်မူစေသတည်းဟု သီချင်းဆိုကြလေ၏။ အခန်းကိုကြည့်ပါ။ |
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။
ထို့နောက် အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသောလူမျိုးတော်သည် နိုင်ငံတော်နှင့်တကွ အာဏာစက်ကိုလည်းကောင်း၊ ကောင်းကင်တစ်ခွင်အောက်ရှိတိုင်းနိုင်ငံများ၏ဘုန်းတန်ခိုးတို့ကိုလည်းကောင်း ရရှိလိမ့်မည်။ ကိုယ်တော်၏နိုင်ငံသည် ထာဝရနိုင်ငံဖြစ်ပြီး အာဏာရမင်းရှိသမျှသည် ကိုယ်တော့်ကို နာခံ၍ ဝတ်ပြုကြလိမ့်မည်’ဟု ငါ့အား ရှင်းပြ၏။