Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 19:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 လူသတ်​မိ​သော​သူ​မည်သူမဆို ထို​မြို့​များ​သို့​ထွက်ပြေး​နိုင်​မည့်​အကြောင်း သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ်​ပေး​တော်မူ​သော​ပြည်​ကို နယ်မြေ​သုံး​ပိုင်း​ပိုင်း​၍ လမ်း​ကို​လည်း ဖောက်လုပ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ပိုင် စု အ ဖြစ် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ပြည် ကို သုံး ပိုင်း ပိုင်း လျက် လမ်း ဖောက် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 လူ​အ​သက်​ကို သတ်​မိ​သော​သူ​အ​ပေါင်း​တို့​သည် ထို​မြို့​သို့ ပြေး​နိုင်​မည်​အ​ကြောင်း၊ သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သုံး​ပိုင်း​ပိုင်း၍ လမ်း​ခ​ရီး​ကို​လည်း ပြင်​ဆင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 19:3
8 ပူးပေါင်းရင်းမြစ်များ  

ထို​အရပ်​၌ လမ်းမကြီး​တစ်​လမ်း​ရှိ​၏​။ ထို​လမ်း​ကို သန့်ရှင်း​သော​လမ်း​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။ ထို​လမ်း​၌ မစင်ကြယ်​သော​သူ သွားလာ​ရ​မည်​မ​ဟုတ်​။ ထို​လမ်း​သည် ထို​လမ်း​ပေါ် လျှောက်​မည့်​သူ​တို့​အတွက်​သာ​ဖြစ်​၏​။ ဆိုးမိုက်​ခဲ့​သော​သူ​တို့​ပင် ထို​လမ်း​ပေါ်​ရောက်​လျှင် လမ်းလွဲ​ကြ​တော့​မည်​မ​ဟုတ်​။


တစ်စုံတစ်ယောက်​က “​မြေဖို့​ကြ​။ မြေဖို့​ကြ​။ လမ်း​ကို​ပြင်​ကြ​။ ငါ​၏​လူ​တို့​သွား​ရာ​လမ်း​မှ ခလုတ်တံသင်း​ကို​ဖယ်ရှား​ကြ​လော့​”​ဟု ဆို​လိမ့်မည်​။


ဖြတ်သွား​ကြ​။ မြို့​တံခါး​ကို ဖြတ်သွား​ကြ​။ လူမျိုးတကာ​တို့​သွား​ရာ​လမ်း​ကို​ပြင်​ကြ​။ ဖို့​ကြ​။ လမ်းမကြီး​ကို​ဖို့​ကြ​။ ကျောက်ခဲ​ကို​ဖယ်​ကြ​။ လူမျိုးတကာ​တို့​အတွက် အချက်ပြအလံ​ကို​လွှင့်ထူ​ကြ​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အပိုင်​ပေး​တော်မူ​သော​ပြည်​ထဲ​၌ မြို့​သုံး​မြို့​ကို သီးခြားခွဲထား​ရ​မည်​။


မိမိ​အိမ်နီးချင်း​ကို အမုန်း​မ​ရှိ​ဘဲ မတော်တဆ​လူ​သတ်​မိ​သော​လူသတ်သမား​သည် ထို​အရပ်​သို့​ထွက်ပြေး​ခြင်း​ဖြင့် အသက်ချမ်းသာ​ရာ​ရ​မည်​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ် ပေး​တော်မူ​သော​ပြည်​ကို သင်​သိမ်းပိုက်​၍ ထို​ပြည်​၌ နေထိုင်​သောအခါ


ထာဝရဘုရား​သည် သင်​တို့​ကြောင့် ငါ့​ကို အမျက်ထွက်​၍ ဂျော်ဒန်​မြစ်​ကို ငါ​မ​ကူး​ရ​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က သင်​တို့​အား အမွေ​အဖြစ်​ပေး​တော်မူ​သည့် သာယာဝပြော​သော​ပြည်​သို့ ငါ​မ​ဝင်​ရ​ဟု ကျိန်ဆို​တော်မူ​ခဲ့​၏​။


ခြေ​မသန်စွမ်း​သူ​တို့​သည် အဆစ်​လွဲ​ခြင်း​မ​ရှိ​ဘဲ အကောင်းပကတိ​ဖြစ်​လာ​စေရန် သင်​တို့​၏​ခြေ​အတွက် ဖြောင့်​သော​လမ်း​တို့​ကို​ပြင်ဆင်​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ