Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 13:38 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

38 ထို့ကြောင့် ညီအစ်ကို​တို့၊ ထို​အရှင်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​တရား​ကို သင်​တို့​အား ဟောပြော​သည်​ကို​လည်းကောင်း၊ ယုံကြည်​သူ​အပေါင်း​တို့​သည် မောရှေ​၏​ပညတ်​တရား​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​မ​ခံရ​နိုင်​သော​အရာ​အားလုံး​တို့​မှ​လွတ်​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

38-39 ညီ​အစ်​ကို​တို့၊ ထို​အ​ရှင်​ကို​အ​မှီ​ပြု​၍​အ​ပြစ် ပြေ​လွှတ်​ခြင်း​အ​ကြောင်း​ကို သင်​တို့​အား​ငါ ပြော​ကြား​လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ထို အ​ရှင်​ကို​ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် မော​ရှေ​၏​ပ​ညတ်​တ​ရား​က မ​ဖြေ​မ​လွှတ် နိုင်​သည့်​အ​ပြစ်​ဟူ​သ​မျှ​မှ​ပြေ​လွတ်​နိုင် ကြောင်း​ကို​လည်း​ကောင်း​သိ​မှတ်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

38 သို့ ဖြစ်၍ ညီ အစ် ကို တို့၊ ထို အ ရှင့် ကြောင့် အ ပြစ် ပြေ လွတ် ခွင့် တ ရား ကို သင် တို့ အား ယ ခု ကြော် ငြာ ကြောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

38 ထို​ကြောင့် ညီ​အစ်​တို့၊ ထို​သ​ခင်၏​ကျေး​ဇူး​တော်​ကြောင့် အ​ပြစ်​လွှတ်​ခြင်း​တ​ရား​ကို သင်​တို့​အား ဟော​ကြား​သည်​ကို​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

38 ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… အပြစ်​ခွင့်လွှတ်ခြင်းတရား​ကို ထို​ယေရှု​အားဖြင့် သင်တို့​အား ဟောပြောသည်​ကို​လည်းကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 13:38
29 ပူးပေါင်းရင်းမြစ်များ  

သို့သော် ကိုယ်တော်​သည် ခွင့်လွှတ်​တော်မူ​သောကြောင့် လူ​တို့​သည် ကိုယ်တော်​ကို ကြောက်ရွံ့ရိုသေ​ကြ​ပါ​၏​။


အို အစ္စရေး​လူမျိုး​၊ ထာဝရဘုရား​ကို မျှော်လင့်ကိုးစား​လော့​။ အကြောင်းမူကား ထာဝရဘုရား​၌ မေတ္တာကရုဏာ​တော်​ရှိ​၏​။ ကြွယ်ဝ​သော​ရွေးနုတ်ကယ်တင်​ခြင်း​လည်း ကိုယ်တော်​၌​ရှိ​၏​။


ကျူးလွန်​သော​အပြစ်​ခွင့်လွှတ်​ခြင်း​ခံရ​သော​သူ​၊ အပြစ်​ဖုံးအုပ်​ခြင်း​ခံရ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။


ထာဝရဘုရား​က “​သူ​တို့​သည် အိမ်နီးချင်း​၊ ညီအစ်ကိုချင်း​တို့​အား ‘​ထာဝရဘုရား​နှင့် သိကျွမ်း​ခြင်း​ရှိ​လော့​’​ဟု သင်ကြား​ပေး​စရာ​မ​လို​။ အကြောင်းမူကား အငယ်ဆုံး​သော​သူ​မှစ၍ အကြီးဆုံး​သော​သူ​တိုင်အောင် လူ​တိုင်း ငါ့​ကို သိကျွမ်း​ကြ​လိမ့်မည်​။ သူ​တို့​၏​ဒုစရိုက်​များ​ကို ခွင့်လွှတ်​မည်​။ သူ​တို့​၏​အပြစ်​များ​ကို အောက်မေ့​တော့​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


ဤသို့ ငါ​ပြု​ခြင်း​သည် သင်​တို့​အဖို့​မ​ဟုတ်​။ အို အစ္စရေး​အမျိုး​၊ သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​များ​ကြောင့် သင်​တို့​အရှက်ခွဲ​ခံရ​မည်​၊ အသရေဖျက်​ခံရ​မည်​ကို သင်​တို့​သိမှတ်​ကြ​လော့’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ထိုသို့ ကယ်တင်​တော်​မ​မူ​လျှင်​လည်း အကျွန်ုပ်​တို့​သည် အရှင်မင်းကြီး​၏​ဘုရား​များ​ကို မ​ကိုးကွယ်​၊ မင်းကြီး​တည်​ထား​သော​ရွှေ​ရုပ်တု​ကို​လည်း ရှိခိုး​မည်​မ​ဟုတ်​ကြောင်း သိမှတ်​တော်မူ​ပါ​”​ဟု မင်းကြီး​အား ပြန်လျှောက်​ကြ​၏​။


အပြစ်​ကျူးလွန်​ခြင်း​ကို ရပ်တန့်​ဖို့​၊ အပြစ်​ကို အဆုံးသတ်​ဖို့​၊ ဒုစရိုက်အပြစ်​ကို ဖြေလွှတ်​ဖို့​၊ ထာဝရ​ဖြောင့်မတ်​ခြင်း​ကို ယူဆောင်​လာ​ဖို့​၊ ဗျာဒိတ်နိမိတ်​နှင့် ပရောဖက်ပြု​ဟောပြော​ခြင်း​တို့​ကို​တံဆိပ်ခတ်​ဖို့​၊ အသန့်ရှင်းဆုံးဌာန​ကို ဘိသိက်သွန်း​ဖို့ သင့်​လူမျိုး​တော်​နှင့် သန့်ရှင်း​သော​မြို့​တော်​အတွက် ရက်သတ္တပတ်​ခုနစ်ဆယ်​ကို စီရင်​သတ်မှတ်​တော်မူ​ပြီ​။


ထို​နေ့ရက်​တွင် ဒါဝိဒ်​အမျိုးအနွယ်​မှစ၍ ဂျေရုဆလင်​မြို့သူမြို့သား​တို့ အပြစ်​နှင့်​မစင်ကြယ်မှု​များ​ကို ဆေးကြော​ရန် စမ်းရေတွင်း​တစ်​ခု ပေါ်လာ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


သူ​သည် သား​ယောက်ျား​ကို ဖွားမြင်​လိမ့်မည်။ ထို​သား​သည် မိမိ​၏​လူမျိုး​တော်​ကို သူ​တို့​၏​အပြစ်​များ​မှ ကယ်တင်​မည်​ဖြစ်​သောကြောင့် သူ​၏​အမည်​ကို ယေရှု​ဟူ၍​မှည့်​ခေါ်​ရ​မည်”​ဟု မြွက်ဆို​လေ​၏။


ထို့နောက် သူ​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​နှင့်ဆိုင်သော​နောင်တ​တရား​ကို ဂျေရုဆလင်​မြို့​မှ​အစပြု​၍ လူမျိုး​တကာ​တို့​အား ဟောပြော​ရ​မည်​ဟူ၍​ဖြစ်​၏။


နောက်တစ်နေ့​၌ ယောဟန်​သည် မိမိ​ထံသို့ ယေရှု​ကြွလာ​တော်မူ​သည်​ကို​မြင်​လျှင် “ကြည့်​လော့။ ဤ​လောက​၏​အပြစ်​ကို​ယူဆောင်​သွား​သော ဘုရားသခင်​၏​သိုးသငယ်​တော်​ပေ​တည်း။


ထို​အရှင်​နှင့်​ပတ်သက်၍ ပရောဖက်​အားလုံး​တို့​သည်​လည်း ‘ကိုယ်တော်​ကို​ယုံကြည်​သော​သူ​တိုင်း ကိုယ်တော်​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို​ခံစားရ​၏’​ဟု သက်သေခံ​ကြ​၏”​ဟူ၍ ပြောဆို​လေ​၏။


ထိုအခါ ပေတရု​သည် တမန်တော်​တစ်ဆယ့်တစ်​ပါး​တို့​နှင့်အတူ​မတ်တတ်ရပ်​လျက် မိမိ​အသံ​ကို​ကျယ်စွာပြု​၍ “ဂျူး​အမျိုးသား​များ​နှင့် ဂျေရုဆလင်​မြို့​၌ နေထိုင်​ကြ​သော​သူ​အပေါင်း​တို့၊ ဤ​အရာ​ကို​သင်​တို့​အား သိမှတ်​စေ​လို​ပါ​၏။ ငါ့​စကား​ကို သေချာစွာ​နားထောင်​ကြ​လော့။


ပေတရု​က​လည်း “သင်​တို့​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် နောင်တရ​၍ သင်​တို့​တစ်ဦးစီ​သည် ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ဗတ္တိဇံ​ခံ​ကြ​လော့။ ထိုအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​တည်းဟူသော ကောင်းချီး​လက်ဆောင်​ကို ရရှိ​ကြ​လိမ့်မည်။


ထို့ကြောင့် ဘုရားသခင်​၏ ဤ​ကယ်တင်​ခြင်း​တရား​သည် လူမျိုးခြား​တို့​ထံ စေလွှတ်​ခြင်း​ခံရ​၍ သူ​တို့​သည် နားထောင်​ကြ​မည်​ဖြစ်ကြောင်း သင်​တို့​သိမှတ်​ကြ​လော့”​ဟူသော​စကား​တစ်​ခွန်း​ကို ပြော​လိုက်​လေ​၏။


သင်​တို့​အားလုံး​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​အား သိမှတ်​စေ​လို​သည်​မှာ လက်ဝါးကပ်တိုင်​ပေါ်၌ သင်​တို့​တင်​ခဲ့​သော်လည်း သေ​သော​သူ​တို့​ထဲမှ ဘုရားသခင်​ထမြောက်​စေ​တော်မူ​သော နာဇရက်​မြို့သား​ယေရှု​ခရစ်တော်​၏​နာမ​တော်​အားဖြင့် ဤ​သူ​သည် သင်​တို့​ရှေ့​တွင် အကောင်း​ပကတိ​ဖြစ်​လျက်​ရပ်​နေ​၏။


ဘုရားသခင်​သည် အစ္စရေး​လူမျိုး​တို့​အား နောင်တရ​ခြင်း​နှင့်​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ပေး​သနား​တော်မူ​ရန် ထို​အရှင်​ကို စိုးပိုင်​သော​အရှင်​နှင့် ကယ်တင်ရှင်​အဖြစ် မိမိ​လက်ယာ​တော်​ဘက်​၌ ချီးမြှောက်​တော်မူ​၏။


ဘုရားသခင်​၏​ကျေးဇူး​တော်​ကြွယ်ဝ​တော်မူ​သည်​နှင့်အညီ ငါ​တို့​သည် သား​တော်​၏​သွေး​တော်​အားဖြင့် ရွေးနုတ်​ခြင်း​တည်းဟူသော ကျူးလွန်​သည့်​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ထို​သား​တော်​အားဖြင့်​ရရှိ​ကြ​၏။


အချင်းချင်း​ကျေးဇူးပြု​လျက် သနားစုံမက်​ကြ​ကာ ဘုရားသခင်​သည် ခရစ်တော်​၌ သင်​တို့​ကို​ခွင့်လွှတ်​တော်မူ​သကဲ့သို့ အချင်းချင်း​ခွင့်လွှတ်​ကြ​လော့။


ငါ​တို့​သည် ထို​သား​တော်​အားဖြင့် ရွေးနုတ်​ခြင်း​တည်းဟူသော အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ရရှိ​ကြ​၏။


သို့သော် ယခု​အခါ ကိုယ်တော်​သည် သာ၍​မြတ်​သော​ကတိ​တော်​များ​အပေါ်​အခြေခံ​ထား​သည့် သာ၍​မြတ်​သော​ပဋိညာဉ်​၏​ကြားဝင်​စေ့စပ်​သူ​ဖြစ်​တော်မူ​သည်​နှင့်အညီ သာ၍​ထူးမြတ်​သော​အမှု​တော်​ကို​ရရှိ​တော်မူ​၏။


ပညတ်​တရား​အရ အရာ​အားလုံး​နီးပါး​သည် သွေး​အားဖြင့်​စင်ကြယ်​စေ​ရ​၏။ သွေး​သွန်းလောင်း​ခြင်း​မ​ရှိ​လျှင် အပြစ်​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ဟူ၍​မ​ရှိ။


သားသမီး​တို့၊ သင်​တို့​သည် ခရစ်တော်​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ​ဖြစ်​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ