Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 8:5 - မြန်မာ

5 မျိုး​စေ့​ကြဲ​သော​သူ​သည် မျိုး​စေ့​ကို​ကြဲ​ခြင်း​ငှာ ထွက်​သွား၏။ အ​စေ့​ကို ကြဲ​သည်​တွင် အ​ချို့​သော​အ​စေ့​တို့​သည် လမ်း၌​ကျ​သ​ဖြင့် ကျော်​နင်း​ခြင်း​ကို ခံ​ရ၍ မိုး​ကောင်း​ကင်​ငှက်​တို့​သည် ကောက်​စား​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ``မျိုး​ကြဲ​သူ​သည်​မျိုး​ကြဲ​ရန်​ထွက်​သွား​၏။ မျိုး​ကြဲ သော​အ​ခါ​အ​ချို့​မျိုး​စေ့​များ​သည်​လမ်း​တွင်​ကျ​၏။ ထို​မျိုး​စေ့​တို့​ကို​လူ​များ​ကျော်​နင်း​၍​ငှက်​များ ကောက်​စား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 မျိုး ကြဲ သူ တစ် ယောက် သည် မျိုး ကြဲ ရန် ထွက် သွား လျက် ကြဲ သည့် ကာ လ၊ မျိုး စေ့ အ ချို့ သည် လမ်း ပေါ် တွင် ကျ သ ဖြင့် လူ ကျော် နင်း၍ လေ သ တ္တ ဝါ များ ကောက် စား ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 မျိုး​စေ့​ကြဲ​သော​သူ​သည် မျိုး​စေ့​ကို​ကြဲ​ခြင်း​ငှာ ထွက်​သွား၏။ အ​စေ့​ကို ကြဲ​သည်​တွင် အ​ချို့​သော​အ​စေ့​တို့​သည် လမ်း၌​ကျ​သ​ဖြင့် ကျော်​နင်း​ခြင်း​ကို ခံ​ရ၍ မိုး​ကောင်း​ကင်​ငှက်​တို့​သည် ကောက်​စား​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 “မျိုးကြဲ​သော​သူ​သည် မိမိ​မျိုးစေ့​များ​ကို​ကြဲ​ရန် ထွက်သွား​လေ​၏။ ထို​သူ​မျိုးကြဲ​စဉ်တွင် အချို့​သော​မျိုးစေ့​သည် လမ်း​ဘေး​တွင်​ကျ​သဖြင့် နင်းချေ​ခြင်း​ခံရ​၍ မိုး​ကောင်းကင်​ငှက်​တို့​သည် ၎င်း​ကို ကောက်စား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 “လယ်သမား​တစ်ဦး​သည် မျိုးစေ့​ကြဲ​ရန် ထွက်သွား၏။ မျိုးစေ့​ကြဲရာ​တွင် အချို့​အစေ့တို့​မှာ လမ်း​ပေါ်တွင် ကျ​သဖြင့် ထို​မျိုးစေ့တို့​ကို လူများ​ကျော်နင်း​၍ ငှက်များ​ကောက်စားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 8:5
15 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က၊ ကောင်း​သော​မျိုး​စေ့​ကို​ကြဲ​သော​သူ​သည် လူ​သား​ဖြစ်၏။-


သင်​တို့​သည် ဤ​လော​က၏ ဆား​ဖြစ်​ကြ၏။ ဆား​မူ​ကား၊ အ​ငန်​ကင်း​ပျောက်​လျှင် ငန်​သော​အ​ရ​သာ​ကို အ​ဘယ်​သို့ ရ​ပြန်​မည်​နည်း။ ပြင်​သို့​ပစ်​လိုက်၍ ကျော်​နင်း​ခြင်း​မှ​တစ်​ပါး အ​ဘယ်​အ​သုံး​မျှ​မ​ဝင်။-


တ​ရား​စ​ကား​ကို လမ်း၌​ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ စာ​တန်​သည် ချက်​ချင်း​လာ၍ နှ​လုံး၌​ကြဲ​သော တ​ရား​စ​ကား​ကို နုတ်​ယူ​တတ်​သည်​ဟု ဆို​လို​သ​တည်း။-


များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် မြို့​ရွာ​အ​ရပ်​ရပ်​တို့​မှ အ​ထံ​တော်​သို့​လာ၍ စု​ဝေး​လျက်​ရှိ​ကြ​သော​အ​ခါ၊ ဥ​ပ​မာ​စ​ကား​အား​ဖြင့် မြွက်​ဆို​တော်​မူ​သည်​မှာ၊-


အ​ချို့​သော​အ​စေ့​တို့​သည် ကျောက်​ပေါ်၌ ကျ​သ​ဖြင့် အ​ပင်​ပေါက်​သော​အ​ခါ မြေ​ဩ​ဇာ​မ​ရှိ​သော​ကြောင့် ညှိုး​နွမ်း​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ