Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 5:30 - မြန်မာ

30 ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က သင်​တို့​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ အ​ဘယ်​ကြောင့် စား​သောက်​ကြ​သ​နည်း​ဟု တ​ပည့်​တော်​တို့​ကို ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

30 ဖာ​ရိ​ရှဲ​များ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​ဖြစ် ကြ​သော​ကျမ်း​တတ်​ဆ​ရာ​များ​က ``အ​ဘယ် ကြောင့်​သင်​တို့​သည်​အ​ခွန်​ခံ​သူ​များ၊ အ​ခြား အ​ပယ်​ခံ​သူ​များ​နှင့်​စား​သောက်​ကြ​ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​ကဲ့​ရဲ့​ပြစ်​တင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30 ဖာ ရိ ရှဲ တို့ နှင့် ဂိုဏ်း ပါ ကျမ်း တတ် ဆ ရာ တို့ က၊ သင် တို့ သည် အ ဘယ် ကြောင့် အ ခွန် ကောက် များ အ ပြစ် သား များ နှင့် အ တူ စား သောက် ကြ သ နည်း ဟု တ ပည့် တော် တို့ အား ညည်း ညူ မေး မြန်း ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က သင်​တို့​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ အ​ဘယ်​ကြောင့် စား​သောက်​ကြ​သ​နည်း​ဟု တ​ပည့်​တော်​တို့​ကို ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 ထိုအခါ ဖာရိရှဲ​တို့​နှင့် သူ​တို့​ထဲမှ​ကျမ်းပြု​ဆရာ​တို့​က “သင်​တို့​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​ကြ​သနည်း”​ဟု တပည့်​တော်​တို့​အား မကျေမနပ်​ပြောဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

30 သို့သော် ဖာရိရှဲများ​နှင့် သူတို့​ထဲမှ ကျမ်းတတ်ဆရာများ​က “သင်တို့​သည် အဘယ်ကြောင့် အခွန်​ကောက်သူများ၊ အပြစ်သားများ​နှင့်အတူ စားသောက်ကြသနည်း” ဟု တပည့်တော်တို့​အား ဝေဖန်​ပြစ်တင်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 5:30
16 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ကို ချစ်​သော​သူ​တို့​အား​သာ ချစ်​တုံ့​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ အ​ခွန်​ခံ​သူ​တို့​ပင် ဤ​မျှ​လောက် ပြု​ကြ​သည်​မ​ဟုတ်​လော။-


ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင် တ​ပည့်​တော်​တို့​အား၊ သင်​တို့​ဆ​ရာ​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့် အ​တူ အ​ဘယ်​ကြောင့် စား​သ​နည်း​ဟု​ဆို​ကြ၏။-


ထို​သို့ အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ စား​တော်​မှု​သည်​ကို ကျမ်း​ပြု​ဆ​ရာ​ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင်၊ ဤ​သူ​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ အ​ဘယ်​ကြောင့် စား​သောက်​သ​နည်း​ဟု တ​ပည့်​တော်​တို့​အား ဆို​ကြ၏။-


အ​ကြောင်း​မူ​ကား၊ ရှေး​လူ​ဟောင်း​တို့​မှ ဆက်​ဆံ​သော နည်း​ဥ​ပ​ဒေ​သ​ကို​ခံ​ယူ​သော ဖာ​ရိ​ရှဲ​မှ​စ၍ ယု​ဒ​လူ​အ​ပေါင်း​တို့​သည် လက်​ဆုပ်​မ​ဆေး​ဘဲ အ​စာ​ကို စား​လေ့​မ​ရှိ။-


ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် သူ​တို့​နှင့် အ​ဘယ်​သို့ ဆွေး​နွေး​မေး​မြန်း​ကြ​သ​နည်း​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​ကို မေး​တော်​မူ​လျှင်၊-


ဖာ​ရိ​ရှဲ​သည် တစ်​ယောက်​တည်း​ရပ်​လျက်၊ အို​ဘု​ရား​သ​ခင်၊ သူ​တစ်​ပါး​တို့​သည် အ​နိုင်​အ​ထက်​လု​ယူ​ခြင်း၊ မ​တ​ရား​သ​ဖြင့်​ကျင့်​ခြင်း၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း အ​ပြစ်​ရှိ​သ​ကဲ့​သို့ အ​ကျွန်ုပ်၌​မ​ရှိ​သည်​သာ​မ​က၊ ဤ​အ​ခွန်​ခံ​ကဲ့​သို့​ပင် မ​ဟုတ်​သော​ကြောင့် ကျေး​ဇူး​တော်​ကြီး​လှ​ပေ၏။-


ထို​အ​ကြောင်း​ကို လူ​အ​ပေါင်း​တို့​သည်​မြင်​လျှင်၊ ဆိုး​သော​လူ၏​အိမ်​သို့​ဝင်၍ လုပ်​ကျွေး​ခြင်း​ကို ခံ​တော်​မူ​ပါ​သည်​တ​ကား​ဟု ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။-


တစ်​နေ့​သ၌ ကိုယ်​တော်​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ် ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည် မြို့​ရွာ​များ​တို့​က ရောက်​လာ​သော ဖာ​ရိ​ရှဲ​တို့​နှင့် နိဿ​ရည်း​ဆ​ရာ​တို့​သည် ထိုင်​လျက်​ရှိ​ကြ၏၊ အ​နာ​ရော​ဂါ ငြိမ်း​စေ​ခြင်း​ငှာ သ​ခင်​ဘု​ရား၏ တန်​ခိုး​တော်​သည် ထင်​ရှား၏။-


ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က၊ ဘု​ရား​ကို​လွန်​ကျူး၍ ပြော​သော​ဤ​သူ​ကား အ​ဘယ်​သူ​နည်း။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​သည် အ​ပြစ်​ကို လွှတ်​နိုင်​သ​နည်း​ဟု ထင်​မှတ်​ကြ၏။-


လူ​သား​သည် စား​သောက်​လျက် လာ​သည်​ရှိ​သော်၊ ဤ​သူ​သည် စား​ကြူး​သော​သူ၊ စ​ပျစ်​ရည်​သောက်​ကြူး​သော​သူ ပါ​တ​ကား။ အ​ခွန်​ခံ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​ကို မိတ်​ဆွေ​ဖွဲ့​သော​သူ ပါ​တ​ကား​ဟု ဆို​ပြန်​ကြ၏။-


ကိုယ်​တော်​ကို ခေါ်​ပင့်​သော​ဖာ​ရိ​ရှဲ​သည် မြင်​လေ​သော်၊ ဤ​သူ​သည် ပ​ရော​ဖက်​မှန်​လျှင် ခြေ​တော်​ကို​ကိုင်​သော ဤ​မိန်း​မ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သည်​ကို သိ​လိမ့်​မည်။ ဤ​မိန်း​မ​သည် ဆိုး​သော​သူ​ဖြစ်၏​ဟု ထင်​မှတ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ