Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 22:19 - မြန်မာ

19 ထို​အ​ခါ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား သင်​တို့​အ​ဖို့​အ​လို​ငှာ စွန့်​သော ငါ၏​ကိုယ်​ဖြစ်၏။ ငါ့​ကို အောက်​မေ့​ဖို့​ရာ ဤ​သို့​ပြု​ကြ​လော့​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ထို​နောက်​ကိုယ်​တော်​သည်​မုန့်​ကို​ယူ​၍​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ ပြီး​လျှင် မုန့်​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား ပေး​တော်​မူ​၏။ ကိုယ်​တော်​က ``ဤ​မုန့်​ကား​သင် တို့​အ​တွက်​စွန့်​သော​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်​မေ့​သ​တိ​ရ​ရန်​ဤ​သို့​ပြု ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 မုန့် ကို လည်း ယူ၍ ကျေး ဇူး တော် ကို ချီး မွမ်း ပြီး လျှင် ဖဲ့ တော် မူ လျက် ဤ ကား သင် တို့ အ ဖို့ စွန့် သော ငါ့ ကိုယ် ခ န္ဓာ တည်း။ ငါ့ ကို သ တိ ရ ခြင်း ငှာ ဤ သို့ ပြု ကြ လော့ ဟု မိန့် ဆို၍ တ ပည့် တော် တို့ အား ပေး တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ထို​အ​ခါ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား သင်​တို့​အ​ဖို့​အ​လို​ငှာ စွန့်​သော ငါ၏​ကိုယ်​ဖြစ်၏။ ငါ့​ကို အောက်​မေ့​ဖို့​ရာ ဤ​သို့​ပြု​ကြ​လော့​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 တစ်ဖန် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက်“ဤ​မုန့်​ကား သင်​တို့​အတွက်​စွန့်​သော ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်မေ့​ဖို့ရန် ဤသို့​ပြု​ကြ​လော့”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 မုန့်​ကိုလည်း​ယူ​၍ ဘုရားသခင်​၏​ကျေးဇူးတော်​ကို ချီးမွမ်းတော်မူ၏။ မုန့်​ကို ဖဲ့​၍ တပည့်တော်တို့​အား ပေးတော်မူ​လျက် “ဤ​မုန့်​သည် သင်တို့​အတွက်​စွန့်သော ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်၏။ ငါ့​ကို အောက်မေ့သတိရ​ရန် ဤသို့​ပြုကြလော့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 22:19
27 ပူးပေါင်းရင်းမြစ်များ  

မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​လည်း​ယူ၍ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​နှင့် ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။-


မုန့်​ခု​နစ်​လုံး​နှင့် ငါး​တို့​ကို​လည်း​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ၊ မုန့်​နှင့်​ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။ တ​ပည့်​တော်​တို့​လည်း လူ​အ​ပေါင်း​တို့​အား ပေး​ကြ၏။-


ခွက်​ဖ​လား​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ၊ ဤ​ခွက်​ကို​ယူ၍ အ​ချင်း​ချင်း​ဝေ​ကြ​လော့။-


ထို​နည်း​တူ ည​စာ​စား​ပြီး​မှ ခွက်​ကို​လည်း​ယူ၍၊ ဤ​ခွက်​ကား သင်​တို့​အ​ဖို့​အ​လို​ငှာ သွန်း​သော ငါ၏ အ​သွေး၌​တည်​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ဖြစ်၏။-


စား​ပွဲ၌ သူ​တို့​နှင့်​အ​တူ လျောင်း​တော်​မူ​စဉ်၊ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ သူ​တို့​အား ပေး​တော်​မူ​သည်​တွင်၊-


အ​ထက်​က​သ​ခင်​ဘု​ရား​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ၊ လူ​များ​သည် မုန့်​ကို​စား​ကြ​ရာ​အ​ရပ်​နှင့် အ​နီး၊ တိ​ဗေ​ရိ​မြို့​မှ အ​ခြား​သော​လှေ​ငယ်​များ​လာ​သော်​လည်း၊ မ​နေ့၌ တ​ပည့်​တော်​တို့​ဝင်​သော လှေ​မှ​တစ်​ပါး အ​ဘယ်​လှေ​မျှ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် ထို​လှေ​ထဲ​သို့ တ​ပည့်​တော်​တို့ နှင့်​အ​တူ ဝင်​တော်​မ​မူ​ဘဲ​လျက်၊ တ​ပည့်​တော်​တို့​သာ သွား​သည်​ကို​လည်း​ကောင်း မြင်​ကြ၍၊-


ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သော အ​သက်​မုန့်​ဖြစ်၏။ ဤ​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ အ​စဉ်​မ​ပြတ် အ​သက်​ရှင်​လိမ့်​မည်။ ငါ​ပေး​သော​မုန့်​ကား၊ လော​ကီ​သား​တို့၏ အ​သက်​အ​ဖို့​အ​လို​ငှာ စွန့်​သော ငါ၏​အ​သား​ပေ​တည်း​ဟု မိန့်​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ