Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 19:11 - မြန်မာ

11 ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်​တော်​မူ၍၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် ချက်​ချင်း​ပေါ်​ထွန်း​မည်​ဟု လူ​များ​ထင်​မှတ်​သော​ကြောင့်၊ ပ​ရိသတ်​အ​လယ်၌ မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11-12 ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်​တော်​မူ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ပေါ်​ထွန်း​တော့​မည်​ဟု​ထင်​မှတ်​ကြ သော​ကြောင့် အ​ထက်​တ​ရား​စ​ကား​များ ကို​ကြား​နာ​နေ​သူ​တို့​အား ပုံ​ဥ​ပ​မာ​ဆောင် ၍ ``မင်း​ညီ​မင်း​သား​တစ်​ပါး​သည်​ရှင်​ဘု​ရင် အ​ရာ​ကို​ခံ​ယူ​၍​ပြန်​လာ​ရန်​တိုင်း​တစ်​ပါး သို့​သွား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ယေ ရု ရှ လင် မြို့ အ နီး သို့ ရောက် တော် မူ သ ဖြင့် ဘု ရား သ ခင့် နိုင် ငံ တော် ရုတ် ခြင်း ထင် ရှား တော့ မည် ဟု ထင် မှတ် ကြ သော ကြောင့် အ ထက် စ ကား ကြား နာ သူ တို့ အား ဥ ပ မာ ဆောင်၍ ဆက် လက် မိန့် တော် မူ သည် မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်​တော်​မူ၍၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် ချက်​ချင်း​ပေါ်​ထွန်း​မည်​ဟု လူ​များ​ထင်​မှတ်​သော​ကြောင့်၊ ပ​ရိသတ်​အ​လယ်၌ မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ကိုယ်တော်​သည် ဤ​အကြောင်းအရာ​တို့​ကို နားထောင်​နေ​သော​သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​ကို​ထပ်မံ​၍​ပေး​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​အနီး​သို့​ရောက်လာ​သဖြင့် ဘုရားသခင်​၏​နိုင်ငံ​တော်​သည် ချက်ချင်း​ပေါ်ထွန်း​လာ​မည်​ဟု သူ​တို့​ထင်မှတ်​ကြ​သောကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 လူထုပရိသတ်​သည် ယေရှု​မိန့်တော်မူ​သမျှ​ကို နားထောင်နေကြ၏။ ထိုစဉ် ဂျေရုဆလင်မြို့​အနီးသို့ ရောက်တော်မူ​သဖြင့် ကိုယ်တော်​သည် ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် လူတို့​သည် ဘုရားသခင်​၏​နိုင်ငံတော်​ချက်ချင်း​ပေါ်ထွန်းလာတော့မည်​ဟု ထင်မှတ်​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 19:11
4 ပူးပေါင်းရင်းမြစ်များ  

ဖာ​ရိ​ရှဲ​တို့​သည် လာ၍၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​ဘယ်​ကာ​လ​မှ တည်​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊ ယေ​ရှု​က၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် မျက်​မြင်​သော​အ​ရာ၌ မ​တည်။-


ကောင်း​ကင်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သော​အ​ချိန် ရောက်​သော​အ​ခါ၊ ယေ​ရု​ရှ​လင်​မြို့​သို့ တူ​ရူ​ကြွ​အံ့​သော​ငှာ သ​ဘော​ထား​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ