Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 15:8 - မြန်မာ

8 တစ်​နည်း​ကား၊ တစ်​စုံ​တစ်​ယောက်​သော​မိန်း​မ၌ ငွေ​ဆယ်​ပြား​ရှိ၍ တစ်​ပြား​ပျောက်​လျှင်၊ ဆီ​မီး​ကို​ထွန်း၍ မ​တွေ့​မီ​တိုင်​အောင် တစ်​အိမ်​လုံး​ကို​လှည်း၍ စေ့​စေ့​မ​ရှာ​ဘဲ နေ​မည်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ``တစ်​နည်း​ကား၊ အ​မျိုး​သ​မီး​တစ်​ဦး​သည်​မိ​မိ မှာ​ရှိ​သည့်​ဒင်္ဂါး​ဆယ်​ပြား​အ​နက်​တစ်​ပြား​ပျောက် သွား​၏။ ထို​အ​ခါ​သူ​သည်​မီး​ထွန်း​၍ အိမ်​ကို လှည်း​ကျင်း​ကာ​မ​တွေ့​မ​ချင်း​သေ​ချာ​စွာ​ရှာ မည်​မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 တစ် နည်း မိန်း မ တစ် ယောက် သည် ငွေ တစ် ဆယ် ရှိ၍ တစ် ကျပ် ပျောက် လျှင် မီး ထွန်း လျက်၊ အိမ် ကို လှည်း ကျင်း လျက် မ တွေ့ မ ချင်း ကြိုး စား၍ မ ရှာ ဘဲ မည် သူ နေ အံ့ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 တစ်​နည်း​ကား၊ တစ်​စုံ​တစ်​ယောက်​သော​မိန်း​မ၌ ငွေ​ဆယ်​ပြား​ရှိ၍ တစ်​ပြား​ပျောက်​လျှင်၊ ဆီ​မီး​ကို​ထွန်း၍ မ​တွေ့​မီ​တိုင်​အောင် တစ်​အိမ်​လုံး​ကို​လှည်း၍ စေ့​စေ့​မ​ရှာ​ဘဲ နေ​မည်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ထိုမှတစ်ပါး အမျိုးသမီး​တစ်ဦး​၌ ငွေ​ဒင်္ဂါး​ဆယ်​ပြား​ရှိ​ပြီး ၎င်း​တို့​ထဲမှ တစ်​ပြား​သည်​ပျောက်ဆုံး​လျှင် သူ​သည် ဆီမီး​ထွန်း​၍ အိမ်​ကို​လှဲကျင်း​ကာ ၎င်း​ကို​မတွေ့မချင်း​သေချာ​စွာ​ရှာ​မည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 တစ်နည်းဆိုသော် အမျိုးသမီး​တစ်ဦး​၌ ငွေ​ဒင်္ဂါး​ဆယ်ပြား​ရှိ​၍ ထို​အထဲ​မှ တစ်ပြား​ပျောက်သွား​ပါက သူ​သည် ဆီမီးခွက်​ကို​ထွန်း​၍ အိမ်​အခန်းထောင့်​ရှိသမျှတို့​ကို လှည်းကျင်းပြီး ပြန်တွေ့သည်​အထိ ဂရုတစိုက်​ရှာဖွေမည် မဟုတ်လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 15:8
9 ပူးပေါင်းရင်းမြစ်များ  

ဆီ​မီး​ထွန်း၍ တောင်း​ဇ​လား​အောက်၌ ဖုံး​ထား​လေ့​မ​ရှိ။ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် အ​လင်း​ကို ရ​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။-


ထို​နည်း​တူ ဖြောင့်​မတ်၍ နောင်​တ​ရ​စ​ရာ​အ​ကြောင်း မ​ရှိ​သော​သူ ကိုး​ဆယ်​ကိုး​ယောက်​တို့၌ ကောင်း​ကင်​သား​တို့​သည် ဝမ်း​မြောက်​ခြင်း​ရှိ​သည်​ထက်၊ နောင်​တ​ရ​သော​လူ​ဆိုး​တစ်​ယောက်၌ သာ၍​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​သည်​ဟု ငါ​ဆို၏။


တွေ့​ပြီး​လျှင် အ​ဆွေ​ခင်​ပွန်း​အိမ်​နီး​ချင်း​များ​ကို​ခေါ်၍၊ ပျောက်​သော​ငွေ​ကို ငါ​တွေ့​ပြီ။ ငါ​နှင့်​အ​တူ ဝမ်း​မြောက်​ကြ​လော့​ဟု ဆို​တတ်​သည်​မ​ဟုတ်​လော။-


လူ​သား​သည် ပျောက်​သော​သူ​တို့​ကို​ရှာ၍ ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း​ဟု ဇ​က္ခဲ​ကို မိန့်​တော်​မူ၏။


ဤ​သိုး​ခြံ​သို့​မ​ဝင်​သော အ​ခြား​သိုး​တို့​ကို​လည်း ငါ​ပိုင်​သေး၏။ ထို​သိုး​တို့​ကို ငါ​ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​စ​ကား​သံ​ကို နား​ထောင်​သ​ဖြင့်၊ သိုး​ခြံ​တစ်​ခု သိုး​ထိန်း​တစ်​ပါး​တည်း ရှိ​ရ​လိမ့်​မည်။-


ထို​အ​မျိုး​အ​တွက်​သာ​မ​က အ​ရပ်​ရပ်​တို့၌ ကွဲ​ပြား​လျက်​ရှိ​သော ဘု​ရား​သ​ခင်၏​သား​များ​ကို အ​တူ​စု​ဝေး​စေ​ခြင်း​ငှာ သေ​ရ​မည်​ဟူ၍​လည်း​ကောင်း၊ ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ