Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 9:43 - မြန်မာ

43 သင်၏​လက်​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် လက်​ကို​ဖြတ်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

43 သင်​၏​လက်​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြား​စေ​လျှင် ထို​လက်​ကို​ဖြတ်​ပစ်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

43 သို့ ဖြစ်၍ လက် က သင့် ကို တိုက် လဲ စေ လျှင် ဖြတ် လော့။ မ ငြိမ်း နိုင် သော င ရဲ မီး ထဲ သို့ လက် စုံ လျက် ကျ ရ သည် ထက် လက် ချို့ လျက် အ သက် ရှင် ရာ သို့ ဝင် ရ သော် ကောင်း သေး ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

43 သင်၏​လက်​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် လက်​ကို​ဖြတ်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

43 သင်​၏​လက်​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​ပစ်​လော့။ လက်​နှစ်​ဖက်​ပါ​လျက် မီး​မ​ငြိမ်း​နိုင်​သည့်​ငရဲ​သို့​လား​ရ​သည်​ထက် လက်​တစ်ဖက်​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

43 သင်​၏ လက်​သည် သင့်​ကို အပြစ်​ကျူးလွန်စေ​ပါက ဖြတ်ပစ်လော့။ လက်​အစုံ​နှင့် ထာဝရ​ငရဲမီး​ထဲသို့ ချခံရခြင်း​ထက် လက်တစ်ဖက်​နှင့် ထာဝရ​အသက်ရှင်ခွင့်​ရခြင်း​သည် ပို၍​ကောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 9:43
23 ပူးပေါင်းရင်းမြစ်များ  

ရှေ့​ဦး​စွာ​ရ​သော​ငါး​ကို ယူ၍ ပါး​စပ်​ကို​ဖွင့်​လျှင်၊ သ​တာ​တဲ​တစ်​ပြား​ကို​တွေ့​လိမ့်​မည်။ ထို​ငွေ​ကို​ယူ၍ ငါ့​အ​ဖို့​နှင့် သင့်​အ​ဖို့ ထို​သူ​တို့​အား​ပေး​လော့​ဟု မိန့်​တော်​မူ၏။


ထို​အ​ခါ လက်​ဝဲ​တော်​ဘက်၌​ရှိ​သော​သူ​တို့​အား မင်း​ကြီး​က၊ ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​တို့၊ မာရ်​နတ်​နှင့် သူ၏​တ​မန်​တို့​အ​ဖို့ ပြင်​ဆင်​သော ထာ​ဝ​ရ​မီး​ထဲ​သို့ ငါ့​ထံ​မှ ခွာ​သွား​ကြ​လော့။-


လက်​တော်​တွင် ဆန်​ကော​ပါ​လျက်၊ မိ​မိ​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​စေ​သ​ဖြင့်၊ မိ​မိ​ဂျုံ​စ​ပါး​ကို ကျီ၌ စု​သိမ်း​သွင်း​ထား၍၊ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​နှင့် ရှို့​တော်​မူ​လ​တ္တံ့​ဟု ယော​ဟန်​ဟော​ပြော၏။


ငါ​ပ​ညတ်​သည်​ကား၊ ညီ​အစ်​ကို​ကို အ​ထောက်​မ​တန် အ​မျက်​ထွက်​သော​သူ​သည် ရုံး၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကဲ့​ရဲ့​သော​သူ​သည် လွှတ်​တော်၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကျိန်​ဆဲ​သော​သူ​သည် ဂေ​ဟင်္နာ​အ​ရပ် ၌ မီး​ရှို့ ခြင်း​ကို ခံ​ထိုက်​ပေ၏။-


ပိုး​မ​သေ၊ မီး​မ​ငြိမ်း​ရာ၊ င​ရဲ​အ​တွင်း​မ​ငြိမ်း​နိုင်​သော မီး​ထဲ​သို့ လက်​နှစ်​ဖက်​စုံ​နှင့် ဝင်​ရ​သည်​ထက်၊ လက်​ချို့​တဲ့၍ အ​သက်​ရှင်​ခြင်း​သို့​ဝင်​စား​သော် သာ၍​ကောင်း၏။-


သင်​သည် ပွဲ​ခံ​သော​အ​ခါ ဆင်း​ရဲ​သော​သူ၊ အင်္ဂါ​ချို့​တဲ့​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ၊ မျက်​စိ​ကန်း​သော​သူ​များ​ကို ခေါ်​ဖိတ်​လော့။-


အ​စေ​အ​ပါ​သည် သ​ခင့်​ထံ​သို့​ပြန်​လာ၍ ထို​အ​ကြောင်း​များ​ကို လျှောက်​လေ၏။ ထို​အ​ခါ အိမ်​ရှင်​သည် အ​မျက်​ထွက်၍၊ မြို့​လမ်း​မ​လမ်း​ကြား​သို့ အ​သော့​သွား​ချေ။ ဆင်း​ရဲ​သော​သူ၊ အင်္ဂါ​ချို့​တဲ့​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ၊ မျက်​စိ​ကန်း​သော​သူ​များ​ကို ခေါ်​သွင်း​ချေ​ဟု အ​စေ​အ​ပါ​ကို ဆို၏။-


လက်​တော်​တွင် ဆန်​ကော​ပါ​လျက် မိ​မိ​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​စေ​သ​ဖြင့်၊ ဂျုံ​စ​ပါး​ကို​ကား ကျီ၌ စု​သိမ်း​သွင်း​ထား၍၊ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​နှင့် ရှို့​တော်​မူ​လ​တ္တံ့​ဟု ပြော​ဆို၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ