Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 14:36 - မြန်မာ

36 ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို တတ်​နိုင်​တော်​မူ၏။ ဤ​ခွက်​ကို အ​ကျွန်ုပ်​မှ လွှဲ​တော်​မူ​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟူ၍ ထို​အ​ချိန် နာ​ရီ​သည် မိ​မိ​နှင့် လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​မည်​အ​ကြောင်း ဆု​တောင်း​တော်​မူ​ပြီး​မှ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 အ ဗ္ဗ အ ဘ၊ ကိုယ် တော် သည် အ ရာ ခပ် သိမ်း ကို တတ် နိုင် တော် မူ ပါ သည်။ ဤ ခွက် ကို အ ကျွန်ုပ် မှ ရုပ် သိမ်း တော် မူ ပါ။ သို့ သော် လည်း အ ကျွန်ုပ် အ လို အ တိုင်း မ ဟုတ်။ အ လို တော် အ တိုင်း ဖြစ် စေ တော် မူ ပါ ဟု လျှောက် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို တတ်​နိုင်​တော်​မူ၏။ ဤ​ခွက်​ကို အ​ကျွန်ုပ်​မှ လွှဲ​တော်​မူ​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟူ၍ ထို​အ​ချိန် နာ​ရီ​သည် မိ​မိ​နှင့် လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​မည်​အ​ကြောင်း ဆု​တောင်း​တော်​မူ​ပြီး​မှ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 “အို အဖ​ခမည်းတော်၊ ကိုယ်တော်​အတွက် အရာ​ခပ်သိမ်း​သည် ဖြစ်နိုင်​ပါ​၏။ ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှား​ပေး​တော်မူ​ပါ။ သို့သော် အကျွန်ုပ်​၏​အလို​အတိုင်း​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​အလို​တော်​အတိုင်း​ဖြစ်​စေ​တော်မူ​ပါ”​ဟု တောင်းလျှောက်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 14:36
22 ပူးပေါင်းရင်းမြစ်များ  

ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင် ပျပ်​ဝပ်၍​အ​ကျွန်ုပ်​အ​ဘ၊ ဤ​ခွက်​သည် အ​ကျွန်ုပ်​ကို​လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​စေ​သော။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​တော်​မူ၏။-


တစ်​ဖန်​သွား၍ အ​ကျွန်ုပ်​အ​ဘ၊ ဤ​ခွက်​ကို အ​ကျွန်ုပ်​မ​သောက်​ဘဲ လွန်၍​မ​သွား​ရ​လျှင် ကိုယ်​တော် အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​ပြန်၏။-


ထို​ကြောင့် သင်​တို့​ဆု​တောင်း​ရ​မည်​မှာ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော​အ​ကျွန်ုပ်​တို့​အ​ဘ ကိုယ်​တော်၏ နာ​မ​တော်​အား ရို​သေ​လေး​မြတ်​ခြင်း ရှိ​ပါ​စေ​သော။-


ယေ​ရှု​က​လည်း၊ သူ​တို့​ကို​ကြည့်​ရှု၍၊ ဤ​အ​မှု​ကို လူ​မ​တတ်​နိုင်​သော်​လည်း၊ ဘု​ရား​သ​ခင် မ​တတ်​နိုင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​အ​မှု​တို့​ကို တတ်​နိုင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။


အ​ကျွန်ုပ်​တို့​သည် တတ်​စွမ်း​နိုင်​ပါ၏​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​က၊ ငါ​သောက်​သော​ခွက်​ကို သင်​တို့​သည် သောက်​ရ​ကြ​လိမ့်​မည်။ ငါ​ခံ​သော​ဗ​တ္တိ​ဇံ​ကို​လည်း သင်​တို့​သည် ခံ​ရ​ကြ​လိမ့်​မည်။-


ပြန်​လာ၍ တ​ပည့်​တော်​တို့​သည် အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို​တွေ့​တော်​မူ​လျှင်၊ ရှိ​မုန်၊ သင်​သည် အိပ်​ပျော်​သ​လော။ တစ်​နာ​ရီ​ခန့်​မျှ စောင့်​နေ​ခြင်း​ငှာ မ​စွမ်း​နိုင်​သ​လော။-


ငါ​သည် ယ​ခု​စိတ်​နှ​လုံး​ပူ​ပန်​ခြင်း​ရှိ၏။ အ​ဘယ်​သို့ ငါ​လျှောက်​ရ​မည်​နည်း။ ထို​အ​ချိန်​မှ​စ၍ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ၊ အ​ဘ​ဟု လျှောက်​ရ​မည်​လော။ အ​ကြောင်း​ရှိ၍​သာ ထို​အ​ချိန်​သို့​ရောက်​လာ​ပြီ။-


ယေ​ရှု​က​လည်း ဓား​ကို အိမ်၌​သွင်း​ထား​လော့။ ခ​မည်း​တော်​သည် ငါ့​အား​ပေး​တော်​မူ​သော​ခွက်​ကို ငါ​မ​သောက်​ရာ​သ​လော​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ၏။-


ယေ​ရှု​က၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​ကို​ဆောင်​ခြင်း၊ သူ၏​အ​မှု​တော်​ကို ပြီး​စီး​ခြင်း​အ​မှု​သည် ငါ့​စား​စ​ရာ​ဖြစ်၏။-


ငါ​သည် ကိုယ်​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​နိုင်။ ငါ​သည် ကြား​သည်​အ​တိုင်း တ​ရား​စီ​ရင်၏၊ ငါ​စီ​ရင်​ခြင်း​သည်​လည်း တ​ရား​တော်​နှင့် ညီ​ညွတ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​သို့​မ​လိုက်၊ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်၏​အ​လို​သို့ လိုက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ