Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 11:11 - မြန်မာ

11 ငါ​အ​မှန်​ဆို​သည်​ကား၊ မိန်း​မ​မွေး​သော​သူ​တို့​တွင် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထက် ကြီး​မြတ်​သော​သူ တစ်​ယောက်​မျှ မ​ပေါ်​မ​ထွန်း​သေး။ သို့​သော်​လည်း ကောင်း​ကင်​နိုင်​ငံ​တော်​တွင် အ​ငယ်​ဆုံး​သော​သူ​သည် ထို​သူ​ထက် သာ၍ ကြီး​မြတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 လူ့​သ​မိုင်း​တွင်​ယော​ဟန်​ထက်​ကြီး​မြတ်​သူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ​ဟု သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ တွင်​ကောင်း​ကင်​နိုင်​ငံ​တော်​၌ အ​သိမ်​ငယ်​ဆုံး​သော သူ​သည်​ယော​ဟန်​ထက်​ကြီး​မြတ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 မိန်း မ တို့ ဖွား မြင် သူ များ အ နက် ဗ တ္တိ ဇံ ဆ ရာ ယော ဟန် ထက် ကြီး မြတ် သူ မ ပေါ် မ ရှိ။ သို့ ရာ တွင် ကောင်း ကင် နိုင် ငံ တော်၌ သိမ် ငယ် သော သူ ပင် ထို သူ ထက် ကြီး မြတ် သည် ငါ အ မှန် ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ငါ​အ​မှန်​ဆို​သည်​ကား၊ မိန်း​မ​မွေး​သော​သူ​တို့​တွင် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထက် ကြီး​မြတ်​သော​သူ တစ်​ယောက်​မျှ မ​ပေါ်​မ​ထွန်း​သေး။ သို့​သော်​လည်း ကောင်း​ကင်​နိုင်​ငံ​တော်​တွင် အ​ငယ်​ဆုံး​သော​သူ​သည် ထို​သူ​ထက် သာ၍ ကြီး​မြတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 သင်​တို့​အား ငါ​အမှန်​ဆို​မည်။ မိန်းမ​တို့​မှ မွေးဖွား​လာ​သော​သူ​တို့​တွင် ဗတ္တိဇံ​ဆရာ​ယောဟန်​ထက် ကြီးမြတ်​သော​သူ​တစ်ယောက်မျှ မ​ပေါ်ထွန်း​ခဲ့​ဖူး​ပေ။ သို့သော် ကောင်းကင်​နိုင်ငံ​တော်​၌ အငယ်ဆုံး​သော​သူ​သည် သူ့​ထက်​ကြီးမြတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 သင်တို့​အား ငါ​အမှန်​ဆို၏။ အမျိုးသမီးများ​မှ မွေးဖွားသောသူများ​ထဲတွင် နှစ်ခြင်းဆရာ​ယောဟန်​ထက် ကြီးမြတ်သော​သူ မရှိပါ။ သို့သော်လည်း ကောင်းကင်​နိုင်ငံတော်​တွင် အသေးနုပ်ဆုံးသောသူ​သည် ယောဟန်​ထက် ကြီးမြတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 11:11
31 ပူးပေါင်းရင်းမြစ်များ  

ကျမ်း​စာ၌​လာ​သည်​ကား၊ ကြည့်​ရှု​လော့။ သင်​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို​သင့်​ရှေ့၌ ငါ​စေ​လွှတ်၏​ဟု ဆို​ရာ၌ ထို​သူ​ကို ဆို​လို​သ​တည်း။-


ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​လက်​ထက်​မှ​စ၍ ယ​ခု​တိုင်​အောင် ကောင်း​ကင်​နိုင်​ငံ​တော်​ကို အ​နိုင်​အ​ထက်​ပြု​ကြ၏။ အ​နိုင်​အ​ထက်​ပြု​သော​သူ​တို့​သည်​လည်း လု​ယူ​ဝင်​စား​ရ​ကြ၏။-


ထို​ကာ​လ​အ​ခါ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် ပေါ်​ထွန်း​လျှင်၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ။-


ငါ​သည် နောင်​တ​အ​ဖို့​အ​လို​ငှာ သင်​တို့​ကို ရေ​နှင့်​ဗ​တ္တိ​ဇံ​ပေး၏။ ငါ့​နောက် ကြွ​လာ​သော​သူ​သည် ငါ့​ထက် တတ်​စွမ်း​နိုင်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကို​မျှ ဆောင်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ မီး​နှင့်​လည်း​ကောင်း၊ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။


ထို​ကြောင့် အ​ကြင်​သူ​သည်၊ အ​ငယ်​ဆုံး​သော ပ​ညတ်​တစ်​ခု​ကို ကိုယ်​တိုင်​လွန်​ကျူး၍ သူ​တစ်​ပါး​တို့​အား​လည်း ထို​အ​တူ​သွန်​သင်၏။ ထို​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်၌ အ​ငယ်​ဆုံး​သော​သူ ဖြစ်​လိမ့်​မည်။ အ​ကြင်​သူ​သည် ကိုယ်​တိုင်​ကျင့်၍ သူ​တစ်​ပါး​တို့​အား​လည်း သွန်​သင်၏။-


အ​ကြောင်း​မူ​ကား၊ ထို​သား​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြီး​မြတ်​သော​သူ ဖြစ်​လိမ့်​မည်။ စ​ပျစ်​ရည်​နှင့် ယစ်​မျိုး​ကို မ​သောက်​ဘဲ​နေ၍၊ အ​မိ​ဝမ်း​ထဲ​က​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​ဝ​လိမ့်​မည်။-


ငါ​ဆို​သည်​ကား၊ မိန်း​မ​မွေး​သော​သူ​တို့​တွင် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထက် ကြီး​မြတ်​သော ပ​ရော​ဖက် တစ်​ယောက်​မျှ​မ​ရှိ။ သို့​သော်​လည်း ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​တွင် အ​ငယ်​ဆုံး​သော​သူ​သည် ထို​သူ​ထက် သာ၍​ကြီး​မြတ်၏။-


အ​ကြင်​သူ​သည် ငါ့​မျက်​နှာ​ကို​ထောက်၍ ဤ​သူ​ငယ်​ကို​လက်​ခံ၏၊ ထို​သူ​သည် ငါ့​ကို​ပင်​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ​ကို​ပင်​လက်​ခံ၏။ သင်​တို့​တွင် အ​ငယ်​ဆုံး​သော​သူ​သည် သာ၍​ကြီး​မြတ်​သော​သူ ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ယော​ဟန်​သည် ထို​သ​ခင်၏​အ​ကြောင်း​ကို သက်​သေ​ခံ၍ ကြွေး​ကြော်​သည်​ကား၊ ငါ့​နောက်​ကြွ​လာ​သော​သူ​သည် ငါ​မ​ရှိ​မီ ရှိ​နှင့်​သည်​ဖြစ်၍၊ ငါ့​ထက်​သာ၍ ကြီး​မြတ်​သည်​ဟု ငါ​ဆို​ရာ၌၊ ထို​သူ​ကို​ဆို​လို​သည်​ဟု သက်​သေ​ခံ​လေ၏။-


ထို​သူ​သည် ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ့​ထက်​သာ၍​ကြီး​မြတ်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်​ဟု ပြန်​ပြော၏။-


လူ​အ​များ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လာ​လျှင်၊ ယော​ဟန်​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို​မ​ပြ။ သို့​သော်​လည်း ဤ​သူ၏​အ​ကြောင်း​ကို ယော​ဟန်​ပြော​သ​မျှ မှန်​ပေ၏​ဟု ဆို​ကြ​သ​ဖြင့်၊-


ထို​သ​ခင်​သည် တိုး​ပွား​ခြင်း​ရှိ​ရ​မည်။ ငါ​မူ​ကား ဆုတ်​ယုတ်​ခြင်း​ရှိ​ရ​မည်။


ယော​ဟန်​သည် ညှိ​ထွန်း၍​လင်း​သော ဆီ​မီး​ဖြစ်၏။ သင်​တို့​သည် သူ၏​အ​လင်း၌ ခ​ဏ​သာ​မွေ့​လျော်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။-


ထို​သို့​မိန့်​တော်​မူ​သော်၊ ယုံ​ကြည်​သော​သူ​တို့​သည် ခံ​ရ​လ​တ္တံ့​သော​ဝိ​ညာဉ်​တော်​ကို ရည်​မှတ်၍ မိန့်​တော်​မူ၏။ ယေ​ရှု​သည် ဘုန်း​ပွင့်​တော်​မ​မူ​သေး​သော​ကြောင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မ​မူ​သေး။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ