Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 10:14 - မြန်မာ

14 အ​ကြင်​သူ​သည် သင်​တို့​ကို လက်​မ​ခံ၊ သင်​တို့၏ စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​နေ​သော အိမ်​မှ​လည်း​ကောင်း၊ မြို့​မှ​လည်း​ကောင်း ထွက်​သွား​စဉ်၊ သင်​တို့၏ ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သင်​တို့​ကို​လက်​မ​ခံ​လို၊ သင်​တို့​ဟော​ပြော​သည့် တ​ရား​ကို​လည်း​မ​နာ​ယူ​လို​သည့်​အိမ်၊ သို့​မ​ဟုတ် မြို့​မှ​ထွက်​ခွာ​ခဲ့​ကြ​လော့။ ထို​နောက်​သင်​တို့​ခြေ ဖ​ဝါး​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 မည် သူ မ ဆို သင် တို့ ကို လက် မ ခံ၊ စ ကား ကို လည်း မ နာ လျှင် ထို အိမ် ထို မြို့ ရွာ မှ ထွက် သွား သည့် ကာ လ ခြေ မုန့် ကို ပင် ခါ ခဲ့ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 အ​ကြင်​သူ​သည် သင်​တို့​ကို လက်​မ​ခံ၊ သင်​တို့၏ စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​နေ​သော အိမ်​မှ​လည်း​ကောင်း၊ မြို့​မှ​လည်း​ကောင်း ထွက်​သွား​စဉ်၊ သင်​တို့၏ ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 မည်သူမျှ သင်​တို့​ကို​လက်​မ​ခံ၊ သင်​တို့​၏​စကား​ကို​လည်း နား​မ​ထောင်​လျှင် ထို​အိမ်၊ သို့မဟုတ် ထို​မြို့​ပြင်​သို့​ထွက်သွား​ကြ​စဉ် သင်​တို့​၏​ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ခဲ့​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 သို့သော်လည်း မည်သူ​မျှ သင်တို့​ကို မကြိုဆို၊ သင်တို့​ဟောသည့်​တရား​ကိုလည်း မနာယူ​လျှင် ထို​အိမ်၊ သို့မဟုတ် ထို​မြို့​မှ ထွက်ခွာ​သောအခါ သင်တို့​၏​ခြေဖဝါး​မှ ဖုန်မှုန့်​ကို ခါချလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 10:14
14 ပူးပေါင်းရင်းမြစ်များ  

ထို​အိမ်​သည် ထိုက်​တန်​လျှင် သင်​တို့​မြွက်​သော မင်္ဂ​လာ ရောက်​စေ​သ​တည်း။ မ​ထိုက်​တန်​လျှင် သင်​တို့​ထံ​သို့ ပြန်​လာ​စေ​သ​တည်း။-


အ​ကြင်​သူ​သည် ငါ့​မျက်​နှာ​ကို​ထောက်၍ ဤ​ကဲ့​သို့​သော သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို လက်​ခံ၏၊ ထို​သူ​သည် ငါ့​ကို​ပင် လက်​ခံ၏။-


အ​ကြင်​သူ​တို့​သည် သင်​တို့​ကို လက်​မ​ခံ၊ သင်​တို့၏ စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​တို့​နေ​ရာ အ​ရပ်​မှ ထွက်​သွား​စဉ်၊ သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့၏​ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ထက် သာ၍ ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-


အ​ကြင်​သူ​သည် ငါ့​မျက်​နှာ​ကို​ထောက်၍ ဤ​ကဲ့​သို့​သော သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို လက်​ခံ၏။ ထို​သူ​သည် ငါ့​ကို​ပင် လက်​ခံ၏။ ငါ့​ကို​လက်​ခံ​သော သူ​သည်​လည်း ငါ့​ကို​သာ လက်​ခံ​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို​ပင် လက်​ခံ​သည်​ဟု မိန့်​တော်​မူ၏။


အ​ကြင်​သူ​သည် ငါ့​မျက်​နှာ​ကို​ထောက်၍ ဤ​သူ​ငယ်​ကို​လက်​ခံ၏၊ ထို​သူ​သည် ငါ့​ကို​ပင်​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ​ကို​ပင်​လက်​ခံ၏။ သင်​တို့​တွင် အ​ငယ်​ဆုံး​သော​သူ​သည် သာ၍​ကြီး​မြတ်​သော​သူ ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ထို​သူ​တို့​နေ​ရာ​မြို့​မှ ထွက်​သွား​စဉ်၊ သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့၏​ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့​ဟု မိန့်​တော်​မူ၏။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​စေ​လွှတ်​သော​သူ​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို လက်​ခံ​သည်​ဟု မိန့်​တော်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ