Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 16:4 - Garrad Bible

4 အ ရာ ခပ် သိမ်း ကို၊ ဆိုင် ရာ အ ဖို့ အ လို့ ငှာလည်း‌ ကောင်း၊ လူ ဆိုး ကို ပင်၊ ဒဏ် ခံ ရ သော အ ဖို့ အ လို့ ငှာလည်း‌ ကောင်း၊ ထာ ဝ ရ ဘု ရား ဖန် ဆင်း တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဘို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသော နေ့အဘို့ဖန်ဆင်းတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ကိုယ်​တော်​အ​ဖို့၊ မ​တ​ရား​သော​သူ​တို့​ကို​လည်း ဘေး​ဒဏ်​ခံ​ရ​သော​နေ့​အ​ဖို့ ဖန်​ဆင်း​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထာဝရဘုရား​သည် ခပ်သိမ်း​သော​အရာ​တို့​ကို မိမိ​ရည်ရွယ်​ချက်​အတွက် ပြင်ဆင်​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​ကို​ပင်လျှင် ဒုက္ခခံရာ​နေ့ရက်​အတွက် ပြင်ဆင်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 16:4
14 ပူးပေါင်းရင်းမြစ်များ  

ဘု ရား သ ခင် သည် ဖန် ဆင်း တော် မူ သ မျှ ကို ကြည့် ရှု လျှင် အ လွန် ကောင်း စွ ဟု သိ မြင် တော် မူ ၏။ ဆ ဌ မ ရက် တည်း ဟူ သော ညဉ့် နှင့် နေ့ ဖြစ် လေ ၏။


ထ မင်း အ ဘယ် မှာ နည်း ဟူ၍ လှည့် လည် လိုက် ရှာ တတ်၏။ မှောင် မိုက် သော နေ့ ရက် သည် အ ရံ သင့် ရှိ ကြောင်း ကို သိ လျက်၊


စိတ် နေ မြင့် သူ ရှိ သ မျှ တို့ သည်၊ ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော်၌ စက် ဆုပ် ရွံ ရှာ ဖွယ် ဖြစ်၏။ အ ပြစ် ဒဏ် နှင့် လည်း၊ မု ချ မ ကင်း မ လွတ် ရ ကြ။


အ မှု အ ရာ ခပ် သိမ်း ကို အ ခါ သ မ ယ အ လိုက်၊ တင့် တယ် စွာ ဖန် ဆင်း တော် မူ သည့် ပြင်၊ လူ တို့ သည် ဘု ရား သ ခင် ပြု ပြင် တော် မူ ရာ ကို၊ အ စ က အ ဆုံး တိုင် အောင် ရှာ၍ မ တွေ့ လျက် ပင်၊ နိ စ္စ အ ရာ ကို စိတ်၌ စွဲ လမ်း စေ တော် မူ ၏။


အ ရာ ခပ် သိမ်း သည် ကိုယ် တော် မှ၊ ကိုယ် တော် ဖြင့်၊ ကိုယ် တော့် အ ဖို့ ဖြစ်၏။ က မ္ဘာ အ ဆက် ဆက် ဘုန်း တော် ကြီး ပါ စေ သ တည်း။ အာ မင်။


အ ကယ်၍ ဘု ရား သ ခင် သည် ယု ဒ လူ မျိုး အ နက် သာ မ ဟုတ်၊ လူ မျိုး ခြား တို့ အ နက် လည်း ငါ တို့ ကို ခေါ် ထား တော် မူ သည့် အ လျောက် ဘုန်း ပွင့် ခြင်း အ ဖို့ ပြင် ဆင် ပြီး သော ကျေး ဇူး တော့် ဆိုင် ရာ အိုး များ ၌ ကြွယ် ဝ သော ဘုန်း တော် ကို ဖော် ပြ ခွင့် ရ အံ့ သော ငှါ အ မျက် တော် ကို ထင် ရှား စေ ၍ တန် ခိုး တော် ကို လည်း ဖော် ပြ မည့် သ ဘော တော် ရှိ လျက် ပင် ပျက် စီး ခြင်း အ ဖို့ အ ရံ သင့် သော အ မျက် တော့် ဆိုင် ရာ အိုး များ ကို အ လွန် စိတ် ရှည် စွာ သည်း ခံ တော် မူ လျှင် မည် သို့ နည်း။


တိုက် လဲ ရာ ကျောက် ထိ လဲ ရာ ကျောက် ဖြစ် သည် ဟူ သော ကျမ်း ချက် အ ရ မ ယုံ ကြည် သူ တို့၌ ဖြစ် ၏။ နား မ ထောင် ကြ သော ကြောင့် တ ရား တော် ကို တိုက် လဲ ရန် ခန့် ထား တော် မူ သည့် အ တိုင်း ထို သူ တို့ လဲ ကြ ၏။


လော ဘ အ လျောက် သင် တို့ ကို လှည့် ဖြား သော စ ကား များ နှင့် ကုန် သွယ် ကြ သော ထို သူ တို့ အ ပေါ် တွင် ရှေး ဟောင်း စီ ရင် ဒဏ် မ နှောင့် နှေး။ ပျက် စီး ခြင်း ဘေး သည် ဆိုင်း လင့် သည် မ ဟုတ်။


လော ဘ ဆိုင် ရာ တ ဏှာ အား ဖြင့် ဇာ တိ သ ဘော နောက် သို့ လျှောက် လိုက် သူ အာ ဏာ ပိုင် များ ကို မ ထီ လေး စား ပြု သူ တို့ မှ စ၍ မ တ ရား သူ တို့ အား စီ ရင် ဆုံး ဖြတ် ချိန် မ တိုင် မ ချင်း ဒဏ် ခတ် လျက် အ ကျဉ်း ထား ခြင်း၊ ဘု ရား တ ရား ကြည် ညို သူ တို့ ကို စုံ စမ်း ရာ မှ ကယ် နှုတ် ခြင်း ကို ထာ ဝ ရ ဘု ရား ပြု တော် မူ တတ်၏။ ဘုန်း ရှင် များ ကို ခွန် အား တန် ခိုး ကြီး သော စေ တ မန် တော် တို့ ပင် ထာ ဝ ရ ဘု ရား ရှေ့ တော်၌ ကဲ့ ရဲ၍ စွဲ ဆို ချက် ကို မ ထား ဝံ့ ကြ ဘဲ လျက် ဆို ခဲ့ သည့် ရဲ ဝံ့ စော် ကား သော လူ ယုတ် တို့ သည် ကဲ့ ရဲ့ ဝံ ကြ သည် တ ကား။


အို အ ကျွန်ုပ် တို့ အ ရှင်၊ အ ကျွန်ုပ် တို့ ဘု ရား သ ခင်၊ ကိုယ် တော် ဖန် ဆင်း တော် မူ သည့် အ လျောက် အ ရာ ခပ် သိမ်း သည် အ လို တော် ကြောင့် ဖြစ် ပွား၍ တည် ရှိ သ ဖြင့် ဘုန်း တော်၊ ဂုဏ် တော်၊ တန် ခိုး တော် များ ကို ပိုင် ထိုက် တော် မူ ပါ သည် ဟု ဩ ဘာ ဆက် ကြ သ တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ