သုတ္တံကျမ်း။ 10:7 - Garrad Bible7 သူ တော် ကောင်း၏ အ မည် ကား၊ မင်္ဂ လာ တည်း။ လူ ဆိုး တို့၏ အ မည် မူ ကား၊ ပုပ် ပျက် လိမ့် မည်။ အခန်းကိုကြည့်ပါ။Common Language Bible7 တရားသောသူကို အောက်မေ့သောအခါ ကောင်းကြီးပေးတတ်၏။ မတရားသောသူ၏နာမမူကား ပုပ်ပျက်တတ်၏။ အခန်းကိုကြည့်ပါ။Judson Bible7 တရားသောသူကို အောက်မေ့သောအခါ ကောင်းချီးပေးတတ်၏။ မတရားသောသူ၏ နာမမူကားပုပ်ပျက်တတ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ဖြောင့်မတ်သောသူနှင့်ဆိုင်သောအောက်မေ့စရာသည် ကောင်းချီးမင်္ဂလာဖြစ်၏။ ဆိုးယုတ်သောသူ၏အမည်မူကား ပျောက်ပျက်သွားလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဟေ ဇ ကိ မင်း သည်၊ ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက်၊ ဒါ ဝိဒ် မင်း သား တော် အ စဉ် မြေး တော် အ ဆက် တို့ သင်္ချိုင်း တော် အ ထက် ပိုင်း တွင်၊ စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင်၊ ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား အ ပေါင်း တို့ အ လေး အ မြတ် ပြု ကြ၏။ သား တော် မ နာ ရှေ သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ ၏။
ဣ သ ရေ လ လူ မျိုး ၏ စောင့် မြော် ရာ စောင့် မြော် ကြောင်း ဖြစ် သော အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ကို စွန့် ပစ် သူ အ ပေါင်း တို့ သည်၊ အ ရှက် ကွဲ ကြ လိမ့် မည်။ ကိုယ် တော် မှ ဖောက် ပြန် သူ တို့ လည်း၊ စမ်း ရေ တွင်း တည်း ဟူ သော ထာ ဝ ရ ဘု ရား ကို စွန့် ပစ် ကြ သော ကြောင့် မြေ မုန့်၌ သာ အ က္ခ ရာ တင် ခံ ရ ကြ လိမ့် မည်။