မြည်တမ်းစကား 5:1 - Garrad Bible1 အို ထာ ဝ ရ ဘု ရား။ အ ကျွန်ုပ် တို့၌ အ ဖြစ် အ ပျက် များ ကို သ တိ ရ လျက်။ ကဲ့ ရဲ့ ရာ အ ကြောင်း ကို လည်း။ ရှု ကြည့် မှတ် ယူ တော် မူ ပါ။ အခန်းကိုကြည့်ပါ။Common Language Bible1 အို ထာဝရဘုရားအဘယ်သို့သော အဖြစ်အပျက်များနှင့် ကျွန်တော်မျိုးတို့ကြုံတွေ့ရကြသည်ကို အောက်မေ့သတိရတော်မူပါ။ ကျွန်တော်မျိုးတို့အားကြည့်တော်မူပါ၏။ ကျွန်တော်မျိုးတို့အသရေပျက်မှုကို ရှုမြင်တော်မူပါ။ အခန်းကိုကြည့်ပါ။Judson Bible1 အို ထာဝရဘုရား၊ အကျွန်ုပ်တို့၌ရောက်သောအမှုကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ခံရသော ကဲ့ရဲ့ခြင်းကို ကြည့်ရှု၍ ဆင်ခြင်တော်မူပါ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 အို ထာဝရဘုရား၊ အကျွန်ုပ်တို့ မည်သို့ဖြစ်ခဲ့သည်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ ခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို ကြည့်တော်မူပါ။ မြင်တော်မူပါ။ အခန်းကိုကြည့်ပါ။ |
သ စ္စာ တော် ကို သင် တို့ ဖောက် ကျော် လျှင်၊ ငါ သည် လူ အ မျိုး မျိုး တွင် ကွဲ လွင့် စေ မည် ဟူ၍ လည်း ကောင်း၊ ကောင်း ကင် အ ဆုံး ထိ သင် တို့ နှင် ထုတ် ခံ ရ သော် လည်း၊ ငါ့ ထံ ပြန် လာ၍ ပ ညတ် တော် များ ကို စောင့် ရှောက် လိုက် နာ ကြ လျှင်၊ ထို နေ ရာ မှ ပင် ငါ ပြန် သိမ်း လျက်၊ နာ မ တော် တည် ရန် ငါ ရွေး ချယ် သော ဌာ န သို့ ဆောင် ခဲ့ မည် ဟူ၍ လည်း ကောင်း၊ ကျွန် တော် ရင်း မော ရှေ အား ထား ခဲ့ သော က တိ တော် ကို သ တိ ရ တော် မူ ပါ။
အို ယေ ရု ရှ လင် မြို့၊ သင့် မြို့ ရိုး ပေါ် တွင် နေ့ ညဉ့် မ ဟူ တိတ် ဆိတ် စွာ မ နေ ရ သော မြို့ စောင့် တို့ ကို၊ ငါ စီ မံ ခဲ့ ပြီ။ ထာ ဝ ရ ဘု ရား ကို သ တိ ရ စေ သော သင် တို့၊ ယေ ရု ရှ လင် မြို့ ကို ပြု စု လျက်၊ မြေ ကြီး ပေါ် တွင် ချီး မွမ်း ရာ အ ကြောင်း ဖြစ် စေ တော် မ မူ မ ချင်း၊ နား နေ တော် မူ ခွင့် ကို မ ပေး ကြ နှင့်။ ကိုယ် တိုင် လည်း မ နား နေ ကြ နှင့်။