Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 7:7 - Garrad Bible

7 ဖာ ရော မင်း ထံ လျှောက် ထား ကြ သော အ ခါ မော ရှေ အ သက် ရှစ် ဆယ်၊ အာ ရုန့် အ သက် ရှစ် ဆယ့် သုံး နှစ် ရှိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ဘု​ရင်​ထံ​သို့​ဝင်​၍​လျှောက်​ထား​ချိန်​၌​မော​ရှေ သည် အ​သက်​ရှစ်​ဆယ်၊ အာ​ရုန်​သည်​အ​သက်​ရှစ် ဆယ်​သုံး​နှစ်​ရှိ​ကြ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ဖာ​ရော​ဘု​ရင်​ထံ၌​လျှောက်​ကြ​သော​အ​ခါ၊ မော​ရှေ၏​အ​သက်​သည် အ​နှစ်​ရှစ်​ဆယ်​ရှိ၏။ အာ​ရုန်၏​အ​သက်​သည် အ​နှစ်​ရှစ်​ဆယ်​သုံး​နှစ်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ဖာရော​မင်းကြီး​ထံ​သွား​၍ လျှောက်တင်​ကြ​စဉ်က မောရှေ​သည် အသက်​ရှစ်ဆယ်​၊ အာရုန်​သည် အသက်​ရှစ်ဆယ့်​သုံး​နှစ် ရှိ​ပြီ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 7:7
11 ပူးပေါင်းရင်းမြစ်များ  

ယော သပ် သည် အိ ဂျစ် ဘု ရင် ဖာ ရော မင်း ရှေ့ တော်၌ ခ စား ရ သော အ ခါ အ သက် သုံး ဆယ် ရှိ သ တည်း။ အ ထံ တော် မှ ထွက်၍ အီဂျစ် ပြည် တစ် လျှောက် လုံး သို့ လှည့် လည် လေ ၏။


အ သက် တာ သည်၊ နှစ် ပေါင်း ခု နစ် ဆယ် ရှည် လျက်၊ အင် အား ရှိ ခြင်း ကြောင့် နှစ် ပေါင်း ရှစ် ဆယ် ပြည့် မီ သော် လည်း၊ အ မြန် ကုန် လွန်၍၊ ပျံ့ လွင့် ရ သူ အ ကျွန်ုပ် တို့ ကြက် သ ရေ ပင်၊ ပင် ပန်း ခြင်း၊ ဝမ်း နည်း ခြင်း မျှ သာ ဖြစ် ပါ ၏။


ကာ လ အ တန် ကြာ သော် အိ ဂျစ် ဘု ရင် ကွယ် လွန် သ တည်း။ ဣ သ ရေ လ အ မျိုး သား တို့ လည်း ကျွန် ခံ ရ သော အ ဖြစ် ကြောင့် ညည်း တွား အော် ဟစ် ကြ ကုန်၏။ ထို အ ဖြစ် ကြောင့် ဟစ် ကြ သော အ သံ သည် ဘု ရား သ ခင့် အ ထံ တော် သို့ တက် ရောက် ၍၊


တစ် ဖန် မော ရှေ နှင့် အာ ရုန် တို့ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊


အ သက် တစ် ရာ့ နှစ် ဆယ့် သုံး နှစ် တွင် ထို တောင် ပေါ် မှာ သေ လွန် လေ ၏။


အ သက် လေး ဆယ် ရှိ သော် ညီ အစ် ကို ချင်း ဖြစ် သော ဣ သ ရေ လ အ မျိုး သား တို့ ထံ ကြည့် ရှု လို သော အ ကြံ နှင့် သွား ပြီး လျှင်၊


နှစ် ပေါင်း လေး ဆယ် ပြည့် သော် သိ နာ တောင် အ နီး ရှိ သဲ တော၌ မီး တောက် သော ချုံ တွင် စေ တ မန် တော် တစ် ပါး ထင် ရှား သည် ကို၊


ငါ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း ကို သင် တို့ သိ ကြ စေ ခြင်း ငှါ၊ ကိုယ် ဝတ် သော အ ဝတ်၊ ခြေ စီး ရာ ဖိ နပ် နွမ်း ရိ ခြင်း၊ မုန့် မှ စ၍ စ ပျစ် ရည် နှင့် သေ ရည် သေ ရက် ကို သုံး ဆောင် ခြင်း ကင်း လျက်၊ နှစ် ပေါင်း လေး ဆယ် ကာ လ ပတ် လုံး၊ သဲ က န္တာ ရ တစ် လျှောက် ငါ ပို့ ဆောင် ခဲ့ ပြီ။


ငါ သည် ယ နေ့ အ သက် တစ် ရာ့ နှစ် ဆယ် ပြည့်၍၊ ချီ ဝင် ခြင်း၊ ချီ ထွက် ခြင်း ကို ဆက် လက် ပြု နိုင် တော့ မည် မ ဟုတ်။ ထာ ဝ ရ ဘု ရား က လည်း ဤ ယော် ဒန် မြစ် ကို မ ကူး ရ ဟု မြစ် တား တော် မူ ပြီး ဖြစ် ၏။


မော ရှေ သည် မျက် စိ မ မှုန်၊ အင် အား မ လျော့ ဘဲ အ သက် တစ် ရာ့ နှစ် ဆယ် တွင် ကွယ် လွန် လေ ၏။


ငါ သည် မော ရှေ နှင့် အာ ရုန် တို့ ကို စေ လွှတ် လျက် အိ ဂျစ် ပြည်၌ စီ ရင် သ မျှ ဘေး ဒဏ် ကို သင့် စေ ပြီး မှ၊ ထုတ် ဆောင် ခဲ့ လေ ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ