ထွက်မြောက် 4:1 - Garrad Bible1 တစ် ဖန် မော ရှေ က၊ ထို သူ တို့ သည် အ ကျွန်ုပ် ကို မ ယုံ၊ စ ကား ကို လည်း မ နာ ခံ ဘဲ သင့် အား ထာ ဝ ရ ဘု ရား ထင် ရှား တော် မ မူ ကြောင်း ဆို ကြ လိမ့် မည် ဟု ပြန် လျှောက် သော်၊ အခန်းကိုကြည့်ပါ။Common Language Bible1 မောရှေက``အကယ်၍ဣသရေလအမျိုးသား တို့က အကျွန်ုပ်ကိုမယုံ၊ အကျွန်ုပ်၏စကားကို နားမထောင်ဘဲ`သင်သည်ထာဝရဘုရားကိုဖူး မြင်ခဲ့ရသည်ဟုဆိုသည်မှာမဖြစ်နိုင်' ဟုပြော ကြလျှင်အကျွန်ုပ်မည်သို့ပြုရပါမည်နည်း'' ဟု လျှောက်ထားလေ၏။ အခန်းကိုကြည့်ပါ။Judson Bible1 မောရှေကလည်း၊ ထိုသူတို့သည် အကျွန်ုပ်ကိုမယုံ၊ အကျွန်ုပ်စကားကို နားမထောင်ဘဲနေ၍၊ ထာဝရဘုရားသည် သင့်အားထင်ရှားတော်မမူဟု ဆိုကြပါလိမ့်မည်ဟု ပြန်လျှောက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 မောရှေကလည်း “သူတို့သည် အကျွန်ုပ်ကိုမယုံ၊ အကျွန်ုပ်၏စကားကိုလည်းနားမထောင်ဘဲ ‘ထာဝရဘုရားသည် သင့်အား ကိုယ်ထင်ရှားပြတော်မမူ’ဟူ၍ ပြောဆိုကြပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
တစ် ဖန် မော ရှေ အား ဘု ရား သ ခင် မိန့် တော် မူ သည် မှာ၊ သင် တို့ ဘိုး ဘေး များ၏ ဘု ရား သ ခင်၊ အာ ဗြ ဟံ၏ ဘု ရား၊ ဣ ဇာက် ၏ ဘု ရား၊ ယာ ကုပ်၏ ဘု ရား တည်း ဟူ သော ထာ ဝ ရ ဘု ရား သည် သင် တို့ ရှိ ရာ သို့ ငါ့ ကို စေ လွှတ် တော် မူ ပြီ ဟု ဣ သ ရေ လ အ မျိုး သား တို့ အား ကြား ပြော ရ မည်။ ထို အ မည် ကား၊ ကာ လ အ စဉ် ငါ့ အ မည်၊ လူ မျိုး အ ဆက် ဆက် ငါ့ဘွဲ့ နာ မ ဖြစ် ၏။
သွား၍ ဣ သ ရေ လ လူ ကြီး တို့ ကို စည်း ဝေး စေ ပြီး လျှင် သင် တို့ ဘိုး ဘေး များ၏ ဘု ရား သ ခင်၊ အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ ဘုရား တည်း ဟူ သော ထာ ဝ ရ ဘု ရား သည် ငါ့ အား ထင် ရှား တော် မူ လျက် သင် တို့ ကို လည်း ကောင်း၊ အိ ဂျစ် ပြည်၌ သင် တို့ အား ပြု ကြ သော အ မှု ကို လည်း ကောင်း ဒိ ဋ္ဌ ငါ ကြည့် ရှု မှတ် ထား ပြီ။
သင့် စ ကား ကို ထို သူ တို့ နား ထောင် ကြ သည် နှင့် အ ညီ သင် သည် ဣ သ ရေ လ လူ ကြီး တို့ နှင့် တ ကွ အိ ဂျစ် ဘု ရင့် ထံ ဝင် ပြီး လျှင် ဟေ ဗြဲ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ကျွန် တော် တို့ နှင့် တွေ့ ကြုံ တော် မူ ပြီ ဖြစ် ၍၊ ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ပူ ဇော် ရန် တော သို့ သုံး ရက် ခ ရီး သွား ခွင့် ပြု တော် မူ ပါ ဟု လျှောက် တောင်း ရ မည်။