ထွက်မြောက် 17:2 - Garrad Bible2 ထို လူ မျိုး က၊ သောက် ရန် ရေ ပေး ပါ ဟု ဆို ၍ မော ရှေ ကို ရန် ပြု ကြ လျှင် ငါ့ ကို အ ဘယ် ကြောင့် ရန် ပြု ကြ သ နည်း။ ထာ၀ ရ ဘု ရား ကို လည်း အ ဘယ် ကြောင့် စုံ စမ်း ကြ သ နည်း ဟု မော ရှေ ပြန် ဆို ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 ထိုအခါသူတို့သည်မောရှေအား``အကျွန်ုပ် တို့သောက်စရာရေပေးပါ'' ဟုညည်းညူ တောင်းဆိုကြ၏။ မောရှေက``အဘယ်ကြောင့်ညည်းညူကြ သနည်း။ ထာဝရဘုရားကိုအဘယ်ကြောင့် စုံစမ်းကြသနည်း'' ဟုပြန်၍ပြောလေ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ထိုကြောင့်လူများတို့က၊ သောက်ဖို့ရေပေးပါဟုဆို၍ မောရှေကိုရန်တွေ့ကြ၏။ မောရှေကလည်း၊ ငါ့ကို အဘယ်ကြောင့်ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့် စုံစမ်းကြသနည်းဟုဆိုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ထိုအခါ လူတို့က မောရှေအား “ငါတို့သောက်ဖို့ရေပေးပါလော့”ဟု ဆို၍ရန်တွေ့ကြ၏။ မောရှေကလည်း “ငါ့ကို အဘယ်ကြောင့်ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့်အကဲစမ်းကြသနည်း”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
တစ် ဖန် မော ရှေ က၊ ထာ ဝ ရ ဘု ရား သည် ညဉ့် ဦး၌ သင် တို့ စား ရန် အ သား ကို လည်း ကောင်း၊ နံ နက်၌ ဝ လောက် အောင် မု့န် ကို လည်း ကောင်း၊ ပေး သ နား တော် မူ သော အ ခါ သိ မြင် ကြ လိမ့် သ တည်း။ ထာ ဝ ရ ဘု ရား အား သင် တို့ ညည်း ညူ သော အ သံ ကို ကြား တော် မူ ပြီ။ ငါ တို့ ကား မည် သို့ သော သူ နည်း။ သင် တို့ ညည်း ညူ ခြင်း သည် ငါ တို့ နှင့် မ ဟုတ်၊ ထာ ဝ ရ ဘု ရား နှင့် သာ ဆန့် ကျင် ဘက် ဖြစ် သည် ဟု ဆို ၏။