ထွက်မြောက် 16:3 - Garrad Bible3 အိ ဂျစ် ပြည်၌ ဟင်း အိုး အ နီး ထိုင် လျက် ဝ စွာ စား ရ စဉ် အ ခါ ထာ ဝ ရ ဘု ရား ၏ လက် တော် ဖြင့် ငါ တို့ သေ ခဲ့ လျှင် ကောင်း လေ စွ။ ဤ ခပ် သိမ်း သော အ စု အ ရုံး ကို မွတ် သိပ်၍ သေ စေ ရန် သဲ တော အ ရပ် သို့ သင် တို့ ဆောင် ခဲ့ ပြီ တ ကား ဟု ဆို ကြ သော်၊ အခန်းကိုကြည့်ပါ။Common Language Bible3 ``ထာဝရဘုရားသည်အကျွန်ုပ်တို့ကို အီဂျစ်ပြည်၌ သေစေခဲ့လျှင်သာ၍ကောင်း မည်။ ထိုပြည်တွင်အကျွန်ုပ်တို့သည်အမဲ ဟင်းနှင့်မုန့်ကိုဝအောင်စားရကြ၏။ ယခု မှာမူအကျွန်ုပ်တို့အားလုံးအစာငတ်၍ သေစေခြင်းငှာ၊ ဤတောကန္တာရသို့ပို့ဆောင် ခဲ့ပါသည်တကား'' ဟုညည်းညူအပြစ် တင်ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible3 ငါတို့သည် အဲဂုတ္တုပြည်၌ အမဲသားချက်သောအိုးကင်းနားမှာထိုင်၍ ဝစွာစားရသောအခါ၊ ထာဝရဘုရား၏လက်တော်ဖြင့်သေလျှင် သာ၍ကောင်း၏။ ယခုမူကား၊ ဤစည်းဝေးလျက်ရှိသော လူအပေါင်းတို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှာ၊ ဤတောအရပ်သို့ဆောင်ခဲ့ပြီတကားဟု မောရှေနှင့် အာရုန်ကို အပြစ်တင်၍ မြည်တမ်းလျက်ဆိုကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 အစ္စရေးအမျိုးသားတို့က မောရှေနှင့်အာရုန်အား “ငါတို့သည် အီဂျစ်ပြည်တွင် အသားဟင်းအိုးဘေး၌ထိုင်၍ မုန့်ကိုဝစွာစားလျက်နေစဉ် ထာဝရဘုရား၏လက်တော်ဖြင့် ငါတို့သေရလျှင်ကောင်း၏။ ယခုမူကား သင်တို့သည် ဤလူအစုအဝေးအပေါင်းတို့ကို ငတ်မွတ်၍ သေစေရန် ဤတောကန္တာရထဲသို့ ခေါ်ဆောင်ခဲ့ကြသည်တကား”ဟု ညည်းညူပြကြ၏။ အခန်းကိုကြည့်ပါ။ |
ထို သူ တို့ က၊ အိ ဂျစ် ပြည် မှ ငါ တို့ ကို ထုတ် ဆောင် ပြီး လျှင် က န္တာ ရ တစ် လျှောက်၊ သဲ တော များ၊ ပပ် ကြား များ နှင့် ပြည့် သော ပြည်၊ သွေ့ ခြောက်၍ သေ ခြင်း အ ရိပ် ကျ သော ပြည်၊ ဖြတ် သန်း သူ၊ နေ ထိုင် သူ ကင်း သော ပြည် တစ် လျှောက်၊ ပို့ ဆောင် တော် မူ သော ထာ ဝ ရ ဘုရား အ ဘယ် မှာ နည်း ဟု မ မေး ခဲ့ ကြ လေ။
ယု ဒ ပြည် ရှိ မြို့ ရွာ များ တွင် လည်း ကောင်း၊ ယေ ရု ရှ လင် မြို့ ရှိ လမ်း များ တွင် လည်း ကောင်း၊ ဘိုး ဘေး တို့ မှ စ ၍ ဘု ရင် မင်း၊ မှူး မတ် များ ပါ၊ အ ကျွန်ုပ် တို့ ဓ လေ့ အ လိုက်၊ နတ် မိ ဖု ရား အား မီး ဖြင့် ပူ ဇော် ခြင်း၊ သွန်း လောင်း ရာ သ က္ကာ တင် သ ခြင်း များ ကို ပြု ရန်၊ ကိုယ့် နှုတ် ထွက် အ တိုင်း ပြု မြဲ ပြု တော့ မည်။ ထို ကာ လ၊ ဒု က္ခ မ တွေ့ ဘဲ၊ အ စား အ သောက် လုံ လောက် ၍၊ ကောင်း စား ရ ကြ ၏။
နောက် နေ့၌ ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် က၊ သင် တို့ သည် ထာ ဝ ရ ဘု ရား၏ လူ မျိုး တော် ကို သေ စေ ကြ ပြီး ဟု ဆို လျက် မော ရှေ၊ အာ ရုန် တို့ ကို ဆန့် ကျင် ဘက် စု ရုံး၍ ညည်း ညူ ကြ ရာ တွေ့ ဆုံ ရာ တဲ တော် ကို မော် ကြည့် လျှင် တိမ် တိုက် တော် လွှမ်း မိုး၍ ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ထင် ရှား သည် ကို မြင် ကြ ၏။
အ နည်း ငယ် ဉာဏ် မဲ့ ရာ၌ ငါ့ ကို သည်း ခံ စေ လို၏။ ငါ သည် သင် တို့ ကို အ ခြား မ ဟုတ်၊ ခ ရစ် တော် တည်း ဟူ သော ခင် ပွန်း အား စင် ကြယ် သော သ မီး က ညာ အ ဖြစ် ဆက် သ ရန် မှန်း ထား ခဲ့ သည် နှင့် ဘု ရား သ ခင့် သ ဘော တော် အ လိုက် မ ရှု စိတ် သော သ ဘော ရှိ၍ ဧ ဝ ကို စဉ်း လဲ ခြင်း အား ဖြင့် မြွေ လှည့် စား သ ကဲ့ သို့ ခ ရစ် တော့် ဘက်၌ သင် တို့ ရိုး ဖြောင့် စင် ကြယ် သော သ ဘော ဖောက် ပြန် မည် ဟု ငါ စိုး သော ကြောင့် သည်း ခံ ကြ ဦး။
လူ သည် မုန့် ဖြင့် သာ အ သက် မွေး ရ မည် မ ဟုတ်။ ဘု ရား သ ခင့် နှုတ် တော် ထွက် ဗျာ ဒိတ် တော် ရှိ သ မျှ ဖြင့် အ သက် မွေး ရ မည် ကို သိ ကြ စေ ခြင်း ငှါ၊ သင် တို့ ကို နှိမ့် ချ၍ မွတ် သိပ် စေ တော် မူ သော အ ခါ၊ သင် တို့ သော် လည်း ကောင်း၊ ဘိုး ဘေး များ သော် လည်း ကောင်း၊ မ သိ ဘူး သော မ န္န မုန့် နှင့် ကျွေး မွေး တော် မူ သည့် ပြင်၊