ထွက်မြောက် 13:9 - Garrad Bible9 အား ကြီး သော လက် ရုံး တော် ဖြင့် အိ ဂျစ် ပြည် မှ ထာ ဝ ရ ဘု ရား ထုတ် ဆောင် တော် မူ ခဲ့ သော ကြောင့် သင် တို့ နှုတ် ၌ ထာ ဝ ရ ဘု ရား ၏ တ ရား တည် စေ ရန် ဤ ဝတ် သည်၊ လက် ၌ လ က္ခ ဏာ သက် သေ၊ မျက် မှောင် ကြား၌ အ ထိမ်း အ မှတ် သ ဖွယ် ဖြစ် ရ မည်။ အခန်းကိုကြည့်ပါ။Common Language Bible9 ထာဝရဘုရားသည်မဟာတန်ခိုးတော်ဖြင့် သင်တို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သောကြောင့် သင်တို့သည်ထာဝရဘုရား၏ ပညတ်တော်ကိုအမြဲရွတ်ဆိုလေ့လာနေစေ ရန် ပွဲတော်သည်သင်တို့၏လက်သို့မဟုတ်သင် တို့၏နဖူးပေါ်တွင်ချည်ထားသောအမှတ်လက္ခ ဏာသဖွယ် သင်တို့အားသတိရစေလိမ့်မည်။- အခန်းကိုကြည့်ပါ။Judson Bible9 ထာဝရဘုရား၏တရားသည်၊ သင်၏နှုတ်၌တည်မည်အကြောင်း၊ ဤအရာသည် သင်၏လက်၌လက္ခဏာသက်သေ၊ သင်၏မျက်စိကြားမှာ အောက်မေ့ဖို့ရာဖြစ်ရမည်။ အားကြီးသောလက်တော်ဖြင့် ထာဝရဘုရားသည်၊ သင့်ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသောကြောင့် ထာဝရဘုရား၏တရားတော်သည် သင်တို့၏နှုတ်၌တည်မည့်အကြောင်း သင်တို့အတွက် ဤအမှုသည် သင်တို့၏လက်၌ အမှတ်လက္ခဏာ၊ သင်တို့၏မျက်မှောင်၌ အမှတ်ရစရာအဖြစ် ရှိရမည်။ အခန်းကိုကြည့်ပါ။ |
ကျွန် မ ကို၊ အ ရှင့် နှ လုံး ပေါ်၌လည်း ကောင်း လက် ရုံး တော် ပေါ်၌လည်း ကောင်း၊ တံ ဆိပ် ကဲ့ သို့ ဆောင် တော် မူ ပါ။ အ သို့ ဆို သော်။ မေတ္တာ သည် သေ ခြင်း နှင့် အ မျှ တန် ခိုး ကြီး ပါ၏။ မ ရှု ဆိတ် နိုင် ခြင်း လည်း၊ မ ရ ဏာ့ နိုင် ငံ နှင့် အ မျှ ရက် စက် လျက်၊ အ ရှိန် လည်း၊ မီး အ ရှိန်၊ ထာ ဝ ရ ဘု ရား၏ အ ရှိန် တော် ဖြစ်၏။
ထာ ဝ ရ ဘု ရား က ထို သူ တို့ နှင့် ငါ ဖွဲ့ သော ပ ဋိ ညာဉ် ဟူ မူ ကား၊ သင့် အ ပေါ် တွင် ကိန်း ဝပ် သော ငါ ၏ ဝိညာဉ် တော်၊ သင့် နှုတ် တွင် ငါ ထည့် သွင်း သော ဗျာ ဒိတ် တော် သည်၊ သင် နှင့် တ ကွ သား မြေး မြစ် တို့၏ နှုတ် တွင်း မှ၊ ယ ခု က စ ၍ ကာ လ အ စဉ် အ ဆက် မ ပယ် မရှား ရ ဟု၊ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး ၍ မိန့် တော် မူ သ တည်း။
တပ် တော် အ လွန် ကြီး ကျယ် သော ကြောင့် လည်း ကောင်း၊ အ မိန့် တော် အ တိုင်း စီ ရင် သော ဗိုလ် ထု သည်၊ ခွန် အား ကြီး သော ကြောင့် လည်း ကောင်း၊ ထာ ဝ ရ ဘု ရား၏ နေ့ ရက် တော် သည်၊ ခံ ရပ် သူ မ ရှိ သည့် တိုင် အောင်၊ ကြီး လှ၍ ကြောက် ရွံ့ ဖွယ် ကောင်း သော ကြောင့် လည်း ကောင်း၊ ထို အ လုံး အ ရင်း တော် ရှေ့၊ ထာ ဝ ရ ဘု ရား သည် အ သံ ကို လွှင့် တော် မူ ၏။
ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် သည် နှင့် အ ညီ ထို ပန်း ပွား များ ကို ကြည့် မြင် တိုင်း သင် တို့ သည် ထာ ဝ ရ ဘု ရား ပ ညတ် ဟူ သ မျှ ကို သ တိ ရ လျက် စောင့် ရှောက် ကြ သည့် ပြင် လိုက် ရှာ မှား ယွင်း လေ့ ရှိ သည့် အ လျောက် ကိုယ့် မျက် စိ၊ ကိုယ့် သ ဘော အ ရ မ လှည့် ကြည့် ဘဲ ငါ့ ပ ညတ် ဟူ သ မျှ ကို သ တိ ရ လျက် စောင့် ရှောက် သ ဖြင့် သင် တို့ ဘု ရား သ ခင့် အ ဖို့ သန့် ရှင်း ရာ ရောက် ကြ လိမ့် မည်။ ငါ သည် သင် တို့ ဘု ရား သ ခင် ဖြစ် ခြင်း ငှါ အိ ဂျစ် ပြည် မှ ထုတ် ဆောင် ခဲ့ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း ဟု မိန့် တော် မူ၏။