ထွက်မြောက် 10:3 - Garrad Bible3 မော ရှေ နှင့် အာ ရုန် တို့ သည် ဖာ ရော မင်း ထံ ဝင်၍ လျှောက် ကြ သည် ကား၊ ဟေ ဗြဲ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား က၊ ငါ့ ရှေ့ တွင် ကိုယ် ကို မ နှိမ့် ချ ဘဲ မည် မျှ ကြာ ငြင်း ဆန် နေ အံ့ နည်း။ ငါ့ လူ မျိုး ကို ငါ အား ဝတ် ပြု ရန် လွှတ် စေ။ အခန်းကိုကြည့်ပါ။Common Language Bible3 မောရှေနှင့်အာရုန်တို့သည် ဘုရင်ထံသို့သွား ၍ ``သင်သည်ငါ၏အမိန့်ကိုမည်မျှကြာအောင် မနာခံဘဲနေမည်နည်း။ ငါ၏လူမျိုးတော် သည်ငါ့အားဝတ်ပြုနိုင်ရန်သူတို့ကိုသွား ခွင့်ပြုလော့။- အခန်းကိုကြည့်ပါ။Judson Bible3 မောရှေနှင့် အာရုန်တို့သည်၊ ဖာရောဘုရင်ထံသို့ဝင်ပြီးလျှင်၊ ဟေဗြဲလူတို့၏ ဘုရားသခင်ထာဝရဘုရားက၊ သင်သည် ငါ့ရှေ့မှာ ကိုယ်ကိုကိုယ်မနှိမ့်ချဘဲ အဘယ်မျှကာလပတ်လုံးနေလိမ့်မည်နည်း။ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သွားရသောအခွင့်ကိုပေးလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 မောရှေနှင့်အာရုန်တို့သည်လည်း ဖာရောမင်းကြီးထံသို့ဝင်၍ “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် ငါ့ရှေ့၌ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချဘဲ မည်မျှကြာအောင်တင်းခံနေမည်နည်း။ ငါ၏လူမျိုးတော်သည် ငါ့ကိုဝတ်ပြုရန် သူတို့ကိုလွှတ်လော့။ အခန်းကိုကြည့်ပါ။ |
ဗာ ဗု လုန် မြို့ တစ် ဘက်၊ လေး ကိုင် တင် သော သူ ရဲ အ ပေါင်း တို့ ကို ခေါ် ပြီး လျှင်၊ ဝန်း ဝိုင်း၍ တပ် စွဲ ကြ လော့။ ထွက် လွတ် ခွင့် မ ပေး ဘဲ၊ အ ပြု အ မူ အ လိုက် ဆပ် ပေး ခြင်း၊ ပြု မူ သ မျှ အ တိုင်း တုံ့ ပြန် ခြင်း ပြု ကြ လော့။ ဣ သ ရေ လ လူ မျိုး ၏ သန့် ရှင်း သော အ ရှင် ထာ ဝ ရ ဘု ရား ရှေ့ တော်၌၊ မောက် မာ လေ ပြီ။