Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 5:23 - Garrad Bible

23 နှောင် အိမ် သည် လုံ ခြုံ စွာ ပိတ် ထား လျက် တံ ခါး စောင့် များ ရပ် နေ သည် ကို ကျွန် တော် တို့ တွေ့ သည် နှင့် ဖွင့် လျှင် အ တွင်း ၌ မည် သူ့ ကို မျှ မ တွေ့ ပါ ဟု ပြန် သွား လျှောက် ထား ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ``အ​ကျဉ်း​ထောင်​တံ​ခါး​သည်​သေ​ချာ​စွာ​ပိတ် လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ထောင်​စောင့်​တို့ သည်​လည်း​တံ​ခါး​ပြင်​တွင်​ရပ်​လျက်​ရှိ​သည် ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​တွေ့​ပါ​၏။ သို့​ရာ တွင်​တံ​ခါး​ကို​ဖွင့်​လိုက်​သော​အ​ခါ အ​တွင်း တွင်​မည်​သူ့​ကို​မျှ​မ​တွေ့​ရ​ပါ'' ဟု​လျှောက် ထား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ထောင်​တံ​ခါး​လည်း အ​ထူး​သ​ဖြင့် လုံ​ခြုံ​စွာ​ပိတ်​လျက်၊ ထောင်​ကို​စောင့်​သော​သူ​တို့​လည်း တံ​ခါး​ပြင်​မှာ ရပ်​လျက်​ရှိ​ကြ​သည်​ကို အ​ကျွန်ုပ်​တို့​သည်​တွေ့​ပါ၏။ ဖွင့်​ပြီး​မှ အ​ထဲ၌ အ​ဘယ်​သူ​ကို​မျှ​မ​တွေ့​ပါ​ဟု ကြား​လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 “ထောင်​ခန်း​ကို မြဲမြံ​လုံခြုံ​စွာ​ပိတ်​ထား​လျက် အစောင့်​များ​လည်း တံခါး​ရှေ့၌​ရပ်​နေ​ကြ​သည်​ကို အကျွန်ုပ်​တို့​တွေ့​ရ​ပါ​၏။ သို့သော် ဖွင့်​ကြည့်​လိုက်​သောအခါ အထဲ၌ မည်သူ့​ကို​မျှ​မ​တွေ့​ရ​ပါ”​ဟု သတင်းပို့​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 “ထောင်​ကို လုံခြုံ​စွာ သော့ခတ်​လျက် တံခါး​ရှေ့တွင်​လည်း အစောင့်များ​ရပ်​နေကြသည်​ကို ကျွန်ုပ်တို့​တွေ့ခဲ့ပါ၏။ သို့သော် ထောင်တံခါး​ကို ဖွင့်ကြည့်​သောအခါ အထဲ​တွင် မည်သူ့​ကို​မျှ မတွေ့ပါ” ဟု ပြန်ပြောကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 5:23
13 ပူးပေါင်းရင်းမြစ်များ  

ကောင်း ကင် ဘုံ၌ စံ နေ တော် မူ သော အ ရှင် ဘု ရား ပြုံး ရယ် လျက်၊ ထို သူ တို့ ကို ကဲ့ ရဲ့ တော် မူ လိမ့် မည်။


ထာ ဝ ရ ဘု ရား သည်၊ လူ မျိုး ခြား တို့၏ ပြ ဋ္ဌာန်း ချက် ကို အ ချည်း နှီး၊ လူ မျိုး တို့၏ အ ကြံ အ စည် များ ကို အ ကျိုး မဲ့ ဖြစ် စေ တော် မူ ၏။


ထာ ဝ ရ ဘု ရား ကို ဆန့် ကျင် ဘက် ပြု သော ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန်၊ အ ကြံ အ စည် များ သည်၊ မ တည် နိုင် ချေ။


အ ရှင် ဘု ရား ထုတ် ဆင့် တော် မ မူ သော အ ရာ ကို၊ အ မိန့် ရှိ၍ အ တည် ပြု နိုင် သူ ကား၊ မည် သူ နည်း။


ယေရှုမူကားတိမ်းရှောင်၍ ဗိမာန်တော်ထဲမှထွက်ကြွတော်မူ၏။


နှောင် အိမ် တွင် ချ ထား ကြ ရာ ထာ ဝ ရ ဘု ရား၏ စေ တ မန် တစ် ပါး သည် ညဉ့် အ ခါ ထောင် တံ ခါး ကို ဖွင့်၍ ထုတ် ဆောင် လျက် သွား ကြ လော့။


သွား ရောက် သော လွှတ် လု လင် တို့ သည် ထောင် တွင် မ တွေ့ သ ဖြင့်၊


ထို စ ကား ကို ဗိ မာန် တော် မ ဟာ ဒါန် ဝန် နှင့် ပ ရော ဟိတ် ကြီး တို့ ကြား သော်၊ အ ဖြစ် အ ပျက် အ ကြောင်း တွေး တော လျက် နေ ကြ စဉ်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ