Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 4:25 - Garrad Bible

25 သန့် ရှင်း သော ဝိ ညာဉ် တော် သွန် သင် သည့် အ လျောက် ကျွန် တော် ရင်း ဖြစ် သူ အ ကျွန်ုပ် တို့ အ ဘ ဒါ ဝိဒ် မင်း နှုတ် ဖြင့် မည် သည့် အ ကြောင်း ကြောင့် လူ မျိုး ခြား တို့ ရုန်း ရင်း ခတ် ပြု၍ လူ အ မျိုး မျိုး တို့ အ ချည်း နှီး ကြံ စည် ကြ သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​စေ​ခံ၊ အ​ကျွန်ုပ် တို့​၏​ဘိုး​ဘေး​ဒါ​ဝိဒ်​မင်း​မှ​တစ်​ဆင့်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​အား​ဖြင့်၊ `လူ​မျိုး​ခြား​တို့​သည်​အ​ဘယ်​ကြောင့် ရုန်း​ရင်း​ဆန်​ခတ်​ပြု​ကြ​သ​နည်း။ လူ​မျိုး​တ​ကာ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ကျိုး​မဲ့ လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ကိုယ်​တော်​က​လည်း၊ လူ​မျိုး​တို့​သည် အ​ဘယ်​ကြောင့် ရုန်း​ရင်း​ခတ်​ပြု​ကြ​သ​နည်း။ လူ​စု​တို့​သည် အ​ဘယ်​ကြောင့် အ​ချည်း​နှီး ကြံ​စည်​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ကိုယ်တော်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် အကျွန်ုပ်​တို့​၏​ဘိုးဘေး​ဖြစ်​သော ကိုယ်တော်​၏​အစေခံ​ဒါဝိဒ်​၏​နှုတ်​မှတစ်ဆင့် ‘တိုင်းနိုင်ငံ​တို့​သည် အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်​ဖြစ်​ကြ​သနည်း။ လူ​တို့​သည်​လည်း အဘယ်ကြောင့် အချည်းနှီး​သော​အရာ​များ​ကို​ကြံစည်​ကြ​သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 ကိုယ်တော်​သည် သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် အကျွန်ုပ်တို့​၏​ဖခင်ကြီး အစေခံ​ဒါဝိဒ်မင်းကြီး​မှတစ်ဆင့် မိန့်တော်မူသည်​မှာ ‘လူမျိုးခြားတို့​သည် အဘယ်ကြောင့် အမျက်​ဒေါသ​ထွက်ကြသနည်း။ လူတို့​သည် အချည်းနှီး​အမှုတို့​ကို အဘယ်ကြောင့် ကြံစည်ကြသနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 4:25
5 ပူးပေါင်းရင်းမြစ်များ  

အ ရှင် ထာ ဝ ရ ဘု ရား က၊ ထို အ ကြံ မ မြောက် ရ၊ တည် လည်း မ တည် ရ ဟု မိန့် တော် မူ ၏။


ငါ တို့၌ အ ဘ အာ ဗြ ဟံ ရှိ ပြီ ဟု အောက် မေ့၍ မ ဆို ကြ နှင့်။ ဤ ကျောက် ခဲ များ ဖြင့် အာ ဗြ ဟံ အ ဖို့ သား သ မီး တို့ ကို ဘု ရား သ ခင် ဖန် ဆင်း တော် မူ နိုင် သည်။ ငါ ဆို ၏။


ညီ အစ် ကို တို့၊ ယေ ရှု ကို ဖမ်း ဆီး သူ တို့ အား လမ်း ပြ သူ ယု ဒ နှင့် စပ်၍ ဒါ ဝိဒ် မင်း နှုတ် ဖြင့် သန့် ရှင်း သော ဝိ ညာဉ် တော် တင် ရင် ဆင့် ဆို သည့် ကျမ်း ချက် ပြည့် စုံ ရန် အ ကြောင်း ရှိ ခဲ့ သည်။


သို့ ရာ တွင် ပ ရော ဖက် ဖြစ် သော ကြောင့် ကိုယ့် အ မျိုး အ နွယ် အ နက် တစ် ပါး ကို နန်း ဆက် စေ တော် မူ မည် ဟု ဘု ရား သ ခင် သည် သ စ္စာ ဓိ ဋ္ဌာန် ပြု တော် မူ ကြောင်း သိ လျက်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ