တမန်တော်ဝတ္ထု 3:13 - Garrad Bible13 လွှတ် မည် ဟု ဆုံး ဖြတ် သော ပိ လတ် မင်း ရှေ့ သင် တို့ ပို့ အပ်၍ ငြင်း ဆို ကြ သူ ကျွန် တော် ရင်း ယေ ရှု၏ ဘုန်း ကို အာ ဗြ ဟံ၊ ဣ ဇက်၊ ယာ ကုပ် မှ စ၍ ဘိုး ဘေး တို့ ဘု ရား သ ခင် ထင် ရှား စေ တော် မူ သည် တ ကား၊ အခန်းကိုကြည့်ပါ။Common Language Bible13 အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရား၊ ငါတို့ ဘိုးဘေးများ၏ဘုရားသည်ဤအမှုအရာ အားဖြင့် မိမိ၏အစေခံယေရှုကိုဘုန်းအသ ရေထွန်းတောက်စေတော်မူပြီ။ သင်တို့သည်ထို အရှင်ကိုရန်သူ့လက်သို့အပ်နှံ၍ ပိလတ်မင်း ၏ရှေ့တော်တွင်ပစ်ပယ်ခဲ့ကြ၏။ ပိလတ်မင်း သည်ထိုအရှင်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်ဆုံးဖြတ်သော်လည်း၊- အခန်းကိုကြည့်ပါ။Judson Bible13 အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားသခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိသားတော်၏ ဘုန်းကိုထင်ရှားစေတော်မူပြီ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်းလက်သို့အပ်နှံ၍၊ ထိုမင်းသည် လွှတ်မည်အကြံရှိသော်လည်း သင်တို့သည် ထိုသခင်ကိုငြင်းပယ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရား၊ ငါတို့ဘိုးဘေးများ၏ဘုရားသည် မိမိအမှုဆောင်ယေရှု၏ဘုန်းတော်ကို ထင်ရှားစေတော်မူပြီ။ သင်တို့သည် ထိုအရှင်ကို ဖမ်းဆီးအပ်နှံ၍ သူ့ကိုလွှတ်ပေးမည်ဟုဆုံးဖြတ်ထားသောပိလတ်မင်းရှေ့၌ ငြင်းပယ်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း13 အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သော ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် မိမိ၏အစေခံယေရှုအား ဘုန်းကြီးစေတော်မူပြီ။ ထိုယေရှုမှာ ပိလတ်မင်းလက်သို့ သင်တို့အပ်နှံ၍ ပိလတ်မင်းက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဆုံးဖြတ်သော်လည်း သင်တို့ငြင်းပယ်ကြသောသူပင်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
တစ် ဖန် မော ရှေ အား ဘု ရား သ ခင် မိန့် တော် မူ သည် မှာ၊ သင် တို့ ဘိုး ဘေး များ၏ ဘု ရား သ ခင်၊ အာ ဗြ ဟံ၏ ဘု ရား၊ ဣ ဇာက် ၏ ဘု ရား၊ ယာ ကုပ်၏ ဘု ရား တည်း ဟူ သော ထာ ဝ ရ ဘု ရား သည် သင် တို့ ရှိ ရာ သို့ ငါ့ ကို စေ လွှတ် တော် မူ ပြီ ဟု ဣ သ ရေ လ အ မျိုး သား တို့ အား ကြား ပြော ရ မည်။ ထို အ မည် ကား၊ ကာ လ အ စဉ် ငါ့ အ မည်၊ လူ မျိုး အ ဆက် ဆက် ငါ့ဘွဲ့ နာ မ ဖြစ် ၏။
သို့ ရာ တွင် ကျွန် တော် သည် ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း များ၌ ရေး ထား သ မျှ ကို ယုံ ကြည် လျက် ဤ သူ တို့ စောင့် မြော် ကြ သည့် အ တိုင်း တ ရား သူ၊ မ တ ရား သူ တို့ ရှင် ပြန် ထ မြောက် ခြင်း ရှိ လိမ့် မည် ဟူ၍ ဘု ရား သ ခင် ကို အား ကိုး စောင့် မျှော် လျက် ပင် ဂိုဏ်း ခွဲ ဟု သူ တို့ ခေါ် ကြ သော မဂ် လမ်း တော် အ လိုက် မိ ရိုး ဖ လာ ဘု ရား သ ခင် အား ဝတ် ပြု ကြောင်း ဝန် ခံ ပါ သည်။