တမန်တော်ဝတ္ထု 26:18 - Garrad Bible18 မှောင် မိုက် မှ အ လင်း တော် သို့လည်း ကောင်း၊ စာ တန်၏ တန် ခိုး အောက် မှ ဘု ရား သ ခင့် အ ထံ တော် သို့လည်း ကောင်း၊ လှည့် ဝင် ခွင့် အ ပြစ် ပြေ လွတ် ခွင့် ငါ့ ကို ယုံ ကြည် ခြင်း အား ဖြင့် သီး သန့် ရာ ရောက် သူ တို့ ဘောင် တွင် ပိုင် ခွင့် ရ စေ ခြင်း ငှာ၊ ထို လူ မျိုး ခြား တို့၏ မျက် စိ ကို ဖွင့် စေ ရန် စေ လွှတ် မည် ဟု ပြန်၍ မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Common Language Bible18 သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။'' အခန်းကိုကြည့်ပါ။Judson Bible18 သင်သည် ယခုမြင်ရသောအကြောင်းအရာတို့နှင့်၊ နောက်မှ ငါသည်သင့်အား ထင်ရှားလတ္တံ့သော အကြောင်းအရာတို့မှာ၊ အမှုဆောင်ရွက်သောသူ၊ သက်သေခံသောသူအရာ၌ သင့်ကိုခန့်ထားစေခြင်းငှာ ငါသည်သင့်အား ထင်ရှား၏။ တစ်ပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်းသို့ ကူးမြောက်၍၊ စာတန်၏အာဏာထဲမှ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲသောအားဖြင့် အပြစ်လွှတ်ခြင်း ကျေးဇူးကို ခံရမည်အကြောင်းနှင့်၊ ငါ့ကိုယုံကြည်သောအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သောသူတို့နှင့် ဆက်ဆံ၍ အမွေခံရမည်အကြောင်း၊ သူတို့၏မျက်စိကို ဖွင့်စေခြင်းငှာ သူတို့ဆီသို့ သင့်ကို ငါစေလွှတ်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း18 သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါ၏ ကျွန် ရင်း ဖြစ် သ ဖြင့်၊ ယာ ကုပ် အ မျိုး အ နွယ် များ ကို ထူ မ ခွင့်၊ ဣ သ ရေ လ လူ အ ကျန် အ ကြွင်း တို့ ကို ပြန် ဆောင် ခွင့် များ သည်၊ သာ မ ည ဖြစ် သေး သည် နှင့် မြေ ကြီး အ စွန် အ ဖျား တိုင် အောင်၊ ငါ့ ကယ် တင် ရာ ကယ် တင် ကြောင်း အ လို့ ငှာ၊ လူ မျိုး ခြား တို့ ရှေ့ အ လင်း သ ဖွယ်၊ သင့် ကို ငါ ခန့် ထား ဦး မည် ဟု မိန့် တော် မူ ၏။
သူ ဆင်း ရဲ တို့ အား ဝမ်း မြောက် ဖွယ် သ တင်း ကို ကြော် ငြာ စေ ခြင်း ငှါ လည်း ကောင်း၊ အ ကျဥ်း သား တို့ ပွင့် လွတ် ခွင့်၊ မျက် မ မြင် တို့ အား မြင် ရ ခွင့် ကို ကြား ပြော စေ ခြင်း ငှါ လည်း ကောင်း၊ နှိပ် စက် ခံ ရ သူ တို့ ကို အ လွတ် ထား စေ ခြင်း ငှါ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား လက် ခံ တော် မူ ဖွယ် နှစ် ကာ လ ကို ကြား ပြော စေ ခြင်း ငှါ လည်း ကောင်း ငါ့ ကို ဘိ သိက် သွန်း၍ စေ လွှတ် တော် မူ သည် နှင့် အ ညီ ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် သည် ငါ့ အ ပေါ် တွင် တည် နေ လျက် ရှိ သည် ဟူ သော အ ချက် ကို တွေ့ တော် မူ ၏။
သို့ ရာ တွင် ကိုယ် ကို ဂုဏ် တင် လို သူ ကား ထာ ဝ ရ ဘု ရား ကြောင့် ဂုဏ် တင် စေ ဟု ကျမ်း ချက် အ ရ ဖြစ် စေ ခြင်း ငှာ ဖြောင့် မတ် ခြင်း၊ သန့် ရှင်း ခြင်း၊ ရွေး နုတ် ခြင်း များ တည်း ဟူ သော ပ ညာ တော် အ ဖြစ် ငါ တို့ အ ဖို့ ဘု ရား သ ခင် ထား တော် မူ သော ခ ရစ် တော် ယေ ရှု၌ တည် နေ ခွင့် ကို သင် တို့ သည် ဘု ရား သ ခင် ကြောင့် ရ ရှိ ကြ ၏။
ခ ရစ် တော်၌ ဦး စွာ မျှော် လင့် လျက် နေ ခဲ့ ကြ သော ငါ တို့ သည် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မွမ်း ရာ အ ကြောင်း ဖြစ် စေ ခြင်း ငှါ ကြံ ရွယ် သော သ ဘော တော် အ လိုက် အ ရာ ရာ ကို ပြု ပြင် တော် မူ သော အ ရှင်၏ အ ကြံ တော် နှင့် အ ညီ တင် ရင် မှတ် သား တော် မူ ခြင်း ခံ ပြီး လျှင် ထို အ ရှင် အား ဖြင့် ပိုင် ရာ တော် ဖြစ် ကြ လေ ပြီ။