တမန်တော်ဝတ္ထု 2:39 - Garrad Bible39 က တိ တော် မူ ကား သင် တို့ မှ စ၍ သား စဉ် မြေး ဆက် တို့ ပြင် ဝေး ကွာ သူ အ ပေါင်း တို့ အ နက် ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ခေါ် တော် မူ မည့် သူ ရှိ သ မျှ နှင့် စပ် ဆိုင် သ တည်း ဟု ဖြေ ဆို ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Common Language Bible39 ထိုဆုကျေးဇူးကိုပေးမည်ဟူသောဘုရား သခင်၏ကတိတော်သည် သင်တို့အတွက်လည်း ကောင်း၊ သင်တို့၏သားသမီးများအတွက်လည်း ကောင်း၊ ရပ်ဝေးရှိသူတို့အတွက်လည်းကောင်း ဖြစ်၏။ တစ်နည်းအားဖြင့်ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်ယူတော်မူသောသူအပေါင်း တို့အတွက် ဖြစ်၏'' ဟုဖြေဆိုလေ၏။ အခန်းကိုကြည့်ပါ။Judson Bible39 အကြောင်းမူကား၊ ကတိတော်သည် သင်တို့နှင့်လည်းကောင်း၊ သင်တို့၏ သားသမီးတို့နှင့်လည်းကောင်း၊ ဝေးသောသူတို့တွင် ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသော သူတို့နှင့်လည်းကောင်း ဆိုင်သည်ဟု ဟော၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း39 အကြောင်းမူကား ဤကတိတော်သည် သင်တို့နှင့်သင်တို့၏သားသမီးများမှစ၍ အဝေး၌ရှိသောသူအားလုံးဖြစ်ကြသော ငါတို့၏ဘုရားသခင်ထာဝရဘုရားခေါ်တော်မူသမျှသောသူတို့အတွက်ဖြစ်၏”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း39 ထိုကတိတော်သည် သင်တို့မှစ၍ သင်တို့၏သားသမီးများနှင့် ကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားခေါ်တော်မူသည့် အဝေး၌ ရှိသောသူအပေါင်းတို့အတွက် ဖြစ်သည်” ဟု ဟောပြောလေ၏။ အခန်းကိုကြည့်ပါ။ |
လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ရ သူ တို့ အ နက် ယုံ ကြည်၍ ပေ တ ရု နှင့် လိုက် လာ သူ တို့ သည် ဘာ သာ စ ကား ထူး ပြော ဆို လျက် ဘု ရား သ ခင့် ဂုဏ် တော် ချီး မြှောက် ကြ သည် ကို ကြား ရ သည် နှင့် လူ မျိုး ခြား တို့ အ ပေါ် သို့ လည်း သန့် ရှင်း သော ဝိ ညာဉ် တော် ဆု ကျေး ဇူး ကို သွန်း လောင်း တော် မူ သည့် အ တွက် အံ့ သြ ကြ ရာ၊
သို့ ဖြစ်၍ ငါ တို့ ဘု ရား သ ခင် နှင့် အ ရှင် ယေ ရှု ခ ရစ်၏ ကျေး ဇူး တော် အ လျောက် သင် တို့ အား ဖြင့် အ ရှင် ယေ ရှု၏ နာ မ တော် ဘုန်း ပွင့် စေ ရန်လည်း ကောင်း၊ ကိုယ် တော် အား ဖြင့် သင် တို့ ဘုန်း ပွင့် စေ ရန်လည်း ကောင်း၊ ငါ တို့ ဘု ရား သ ခင် သည် သင် တို့ ကို ခေါ် ထား တော် မူ ရာ အ ဖြစ် အ နေ နှင့် ထိုက် တန် သော သူ များ ဟု မှတ် ယူ တော် မူ လျက် တန် ခိုး တော် ဖြင့် ကောင်း မွန် သော အ ကြံ၊ ယုံ ကြည် ခြင်း ဆိုင် ရာ အ ကျင့် ရှိ သ မျှ ပြည့် စုံ စေ တော် မူ ပါ မည့် အ ကြောင်း သင် တို့ အ ဖို့ ငါ တို့ အ စဉ် ပ ဌ နာ ပြု ကြ၏။
ဘု ရား သ ခင် သည် ငါ တို့ အ ပြု အ ကျင့် များ အ လျောက် မ ဟုတ်။ ရှေး မ ဆွ ကာ လ များ က ခ ရစ် တော် ယေ ရှု အား ဖြင့် ငါ တို့ အား သ နား တော် မူ၍ ငါ တို့ ကယ် တင် ရှင် ခ ရစ် တော် ယေ ရှု ထင် ရှား တော် မူ ခြင်း အား ဖြင့် ယ ခု ဖော် ပြ သော အ ကြံ တော် နှင့် ကျေး ဇူး တော် အ လျောက် ငါ တို့ ကို ကယ် တင်၍ သန့် ရှင်း သော အ ဖြစ် အ နေ သို့ ခေါ် ထား တော် မူ၏။ ခ ရစ် တော် ယေ ရှု လည်း သေ ခြင်း တ ရား ကို ပယ် ဖျက် ပြီး လျှင် အ သက် ရှင် ခြင်း နှင့် သင်္ခါ ရ ကင်း ခြင်း တ ရား ကို သ တင်း တော် မြတ် အား ဖြင့် ဖွင့် ထား တော် မူ ပြီ ဖြစ်၍၊