တမန်တော်ဝတ္ထု 2:23 - Garrad Bible23 အ နာ ဂ တံ သ ဉာဏ် တော်၊ အ ကြံ တော် များ ဖြင့် ဘု ရား သ ခင် ပြ ဋ္ဌာန်း တော် မူ ပြီး သည့် အ လျောက်၊ ပို့ အပ် ခံ ရ သော ထို အ ရှင် ကို မ တ ရား သူ တို့ လက် ဖြင့်၊ အခန်းကိုကြည့်ပါ။Common Language Bible23 ဘုရားသခင်သည်မိမိ၏ရည်ရွယ်ပြဋ္ဌာန်းချက် နှင့်အညီ သခင်ယေရှုကိုရန်သူလက်သို့ပေး အပ်တော်မူ၏။ သင်တို့သည်အပြစ်ကူးသူတို့ လက်ဖြင့် ထိုအရှင်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ခဲ့ကြ၏။- အခန်းကိုကြည့်ပါ။Judson Bible23 ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်အားဖြင့်လည်းကောင်း၊ အနာဂတံသ ဉာဏ်တော်အားဖြင့်လည်းကောင်း၊ အပ်နှံခြင်းကိုခံသော ထိုယေရှုကို သင်တို့သည် ဖမ်းဆီး၍ မတရားသောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက်၍ ကွပ်မျက်ကြပြီ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 ဘုရားသခင်ချမှတ်ထားသောအကြံအစည်တော်နှင့် ကြိုတင်သိမြင်သောဉာဏ်တော်တို့အရ အပ်နှံခြင်းခံရသောထိုအရှင်ကို သင်တို့သည် တရားမဲ့သောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်၌တင်၍ ကွပ်မျက်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း23 ဘုရားသခင်၏တိကျသောအကြံအစည်တော်အားဖြင့်လည်းကောင်း၊ ကြိုတင်သိမြင်သောဉာဏ်တော်အားဖြင့်လည်းကောင်း သင်တို့လက်၌ အပ်နှံခံရသောဤယေရှုကို သင်တို့သည် တရားမဲ့သောသူတို့၏လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခဲ့ကြ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ် တော် ကို လည်း ကောင်း၊ ဥ ပုသ် နေ့ တိုင်း ဖတ် ရွက် ကြ သော ပ ရော ဖက် တို့ ဆင့် ဆို ချက် များ ကို လည်း ကောင်း၊ မ သိ သော ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ နှင့် အ ရာ ရှိ တို့ သည် ကိုယ် တော်၌ သေ ပြစ် မ တွေ့ ဘဲ လျက် ကွပ် မျက် စေ ရန် ပိ လတ် မင်း ထံ တောင်း ဆို ကြ ရာ ကိုယ် တော် ကို အ ပြစ် စီ ရင် သ ဖြင့် ထို ဆင့် ဆို ချက် များ အ တိုင်း ပြည့် စုံ စေ ကြ၏။
မည် သည့် ပ ရော ဖက် ကို မျှ ဘိုး ဘေး များ မ ညှဉ်း ပန်း ဘဲ နေ ဘူး ကြ သ နည်း။ ထို သူ တို့ သည် ဖြောင့် မတ် သော အ ရှင် ပေါ် ထွန်း တော် မူ မည့် အ ကြောင်း တင် ကူး ဖော် ပြ သူ တို့ ကို ကွပ် မျက် ကြ သည့် နည်း တူ၊ စေ တ မန် တော် တို့ ဆင့် ဆို ခဲ့ သော ပ ညတ် တ ရား တော် ကို ခံ ရ လျက် မ စောင့် မ ရှောက် ဘဲ နေ သော သင် တို့ လည်း ထို အ ရှင် ကို ယ ခု ပင် ပို့ အပ် ကွပ် မျက် ကြ လေ စွ တ ကား ဟု ပြော ဆို လေ၏။
အ သို့ ဆို သော် ရှေး ဟောင်း ကျမ်း ချက် အ ရ သင့် လ တ္တံ့ သော စီ ရင် ဒဏ် ခံ ရ မည့် ဘု ရား တ ရား မဲ့ သူ အ ချို့ တို့ သည် လျှို့ တ ဝှက် ဝင် လာ၍ ငါ တို့ ဘု ရား သ ခင့် ကျေး ဇူး တော် ကို ကာ မ ဂုဏ် လိုက် စား ခြင်း အ ကြောင်း ဖြစ် စေ လျက် တစ် ပါး တည်း သော ငါ တို့ အ ရှင် သ ခင် ယေ ရှု ခ ရစ် ကို ငြင်း ဆို ကြ လေ စွ။