တမန်တော်ဝတ္ထု 18:8 - Garrad Bible8 ဓ မ္မာ ရုံ အုပ် က ရိ ပ္ပု မူ ကား အိမ် သူ အိမ် သား ရှိ သ မျှ ပါ အ ရှင် ဘု ရား ကို ယုံ ကြည် ကြ၏။ ကော ရိ န္သု မြို့ သူ မြို့ သား အ များ လည်း နာ ခံ ယုံ ကြည် လျက် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 တရားဇရပ်အုပ်ချုပ်မှူးကရိပ္ပုနှင့်အိမ်သူ အိမ်သားအပေါင်းတို့သည် သခင်ဘုရားကို ယုံကြည်သူများဖြစ်လာကြ၏။ အခြား ကောရိန္သုမြို့သားအမြောက်အမြားသည် လည်း နှုတ်ကပတ်တရားတော်ကိုကြားရ၍ ယုံကြည်ကာဗတ္တိဇံမင်္ဂလာကိုခံယူကြ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ကရိပ္ပုအမည်ရှိသော တရားဇရပ်မှူးသည် မိမိအိမ်သူအိမ်သား အပေါင်းတို့နှင့်တကွ သခင်ဘုရားကို ယုံကြည်လေ၏။ ကောရိန္သုပြည်သား အများတို့သည်လည်း ယုံကြည်၍ ဗတ္တိဇံကိုခံကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံကရိပ္ပုသည် မိမိအိမ်သူအိမ်သားအားလုံးတို့နှင့်အတူ သခင်ဘုရားကိုယုံကြည်လေ၏။ အခြားကောရိန္သုမြို့သားအမြောက်အမြားတို့သည်လည်း ကြားနာ၍ ယုံကြည်ကာ ဗတ္တိဇံခံကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 ဂျူးဝတ်ပြုဆောင်မှူးဖြစ်သော ကရိပ္ပုသည် သူ၏အိမ်သူအိမ်သားများနှင့်တကွ သခင်ဘုရားကို ယုံကြည်၏။ အခြားသောကောရိန္သုမြို့သားအမြောက်အမြားတို့သည်လည်း ပေါလုဟောပြောသော တရားစကားများကို ကြား၍ ယုံကြည်သဖြင့် နှစ်ခြင်းမင်္ဂလာကို ခံယူကြ၏။ အခန်းကိုကြည့်ပါ။ |
ထာ ဝ ရ ဘု ရား အား ဝတ် မ ပြု သင့် ဟု သင် တို့ ထင် မှား ခဲ့ မူ မြစ် ကြီး အ ရှေ့ ဘက် ဘိုး ဘေး တို့ ဝတ် ပြု ခဲ့ ရာ ဘု ရား များ မှ သော် လည်း ကောင်း၊ သင် တို့ နေ ထိုင် ရာ ပြည် ရင်း သား အာ မော ရိ လူ မျိုး၏ ဘု ရား များ မှ သော် လည်း ကောင်း၊ ဝတ် ပြု ရန် ဘု ရား များ ကို ယနေ့ ရွေး ချယ် ကြ လော့။ ငါ နှင့် ငါ့ အိမ် ထောင် မှာ ထာ ဝ ရ ဘု ရား ကို သာ ဝတ် ပြု တော့ မည် ဟု ဆို သော်