Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 15:1 - Garrad Bible

1 ထို အ ခါ အ ချို့ သော သူ တို့ သည် ယု ဒ ပြည် မှ ရောက် လာ၍ ညီ အစ် ကို တို့ အား သင် တို့ သည် မော ရှေ၏ ထုံး နည်း အ တိုင်း လှီး ဖြတ် ခြင်း မင်္ဂ လာ မ ခံ လျှင် ကယ် တင် တော် မူ ရာ သို့ မ ရောက် နိုင် ဟု သွန် သင် ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 လူ​အ​ချို့​တို့​သည်​ယု​ဒ​ပြည်​မှ​အန္တိ​အုတ်​မြို့ သို့​သွား​ရောက်​၍ ညီ​အစ်​ကို​တို့​အား ``သင်​တို့ သည်​မော​ရှေ​၏​ပ​ညတ်​တ​ရား​အ​ရ အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​ယူ​လျှင်​ကယ်​တင် ခြင်း​မ​ရ​နိုင်'' ဟု​ဟော​ပြော​သွန်​သင်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ယု​ဒ​ပြည်​မှ အ​န္တိ​အုတ်​မြို့​သို့ ရောက်​လာ​သော သူ​အ​ချို့​တို့​က၊ သင်​တို့​သည် မော​ရှေ၏​တ​ရား​အ​တိုင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​လျှင်၊ ကယ်​တင်​တော်​မူ​ခြင်း​သို့ မ​ရောက်​နိုင်​ဟု ညီ​အစ်​ကို​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 လူ​အချို့​တို့​သည် ယုဒ​ပြည်​မှ ဆင်းလာ​၍ “သင်​တို့​သည် မောရှေ​၏​ဓလေ့​ထုံးစံ​အတိုင်း အရေဖျား​လှီး​ခြင်း​ကို​မ​ခံ​လျှင် ကယ်တင်​ခြင်း​မ​ခံရ​နိုင်”​ဟု ညီအစ်ကို​တို့​အား သွန်သင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ယုဒပြည်​မှ ဆီးရီးယားပြည်​ရှိ အန္တိအုတ်မြို့​သို့ ဆင်းလာကြသော​လူ​တချို့​သည် ယုံကြည်သူတို့​အား “သင်တို့​သည် မောရှေ​၏​ပညတ်တရား​နှင့်အညီ အရေပြားလှီးခြင်း​မင်္ဂလာ​မခံယူ​ပါက ကယ်တင်ခြင်း​ကို ခံစားခွင့်​မရပါ” ဟု သွန်သင်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 15:1
25 ပူးပေါင်းရင်းမြစ်များ  

ရှစ် ရက် မြောက် သော နေ့ တွင် အ ရေ ဖျား လှီး မင်္ဂ လာ ကို သား အား ပေး ရ မည်။


မောရှေသည်ကိုယ်တိုင်ဦးစွာမဟုတ်၊ ဘိုးဘေးတို့ထံမှဆက်ခံ၍ သင်တို့အားလှီးဖြတ်ခြင်းမင်္ဂလာကိုပေးသဖြင့် ဥပုသ်နေ့တွင်လှီးဖြတ်ခြင်းမင်္ဂလာတရားကို သင်တို့ပေးတတ်ကြ၏။


ထို နေ့ ရက် ကာ လ ပေ တ ရု သည် တစ် ရာ့ နှစ် ဆယ် ခန့် ရှိ သော ညီ အစ် ကို တို့ စု ဝေး ရာ အ လယ် တွင် ရပ် လျက်၊


ထို အ ခါ တ မန် တော် များ၊ ဥ က္က ဋ္ဌ များ မှ စ၍ တစ် သင်း လုံး သည် ပေါ လု နှင့် ဗာ န ဗ တို့ ပြင် ညီ အစ် ကို တို့ တွင် အ ကြီး အ မှူး ဖြစ် သူ ဗာ ရှ ဗ္ဗ ခေါ် ယု ဒ နှင့် သိ လ တို့ ကို အ သင်း တော် မှ ရွေး ကောက်၍ အ န္တိ အုတ် မြို့ သို့ စေ လွှတ် သင့် ကြောင်း သ ဘော တူ ကြ သည့် အ တိုင်း သူ တို့ လက် ဖြင့် ပေး လိုက် သော စာ မှာ၊


တ မန် တော် နှင့် ဥ က္က ဋ္ဌ ဖြစ် သူ ညီ အစ် ကို တို့ က အ န္တိ အုတ် မြို့ မှ စ၍ ရှု ရိ နှင့် ကိ လိ ကိ ပြည် ရှိ လူ မျိုး ခြား တို့ အ နက် ညီ အစ် ကို ဖြစ် သူ တို့ ထံ မေ တ္တာ ပို့၍ ကြား လိုက် သည်။


ငါ တို့ ဘောင် မှ လူ အ ချို့ သည် အ ခွင့် မ ရ ဘဲ သူ တို့ သွန် သင် ခြင်း အား ဖြင့် သင် တို့ စိတ် ပျက် အောင် ဒု က္ခ ရှာ ကြောင်း၊


သို့ ဖြစ်၍ အ သင်း တော် ပို့ လိုက် သော ထို သူ တို့ သည် ဖိ နိတ် နယ်၊ ရှ မာ ရိ နယ် များ ကို ဖြတ် လျက် လူ မျိုး ခြား တို့ ပြောင်း လဲ ခြင်း အ ကြောင်း ကြား ပြော ကြ သ ဖြင့် ညီ အစ် ကို ရှိ သ မျှ တို့ အား ရ ဝမ်း မြောက် ကြ၏။


ပ ရော ဖက် ဖြစ် သော ယု ဒ နှင့် သိ လ တို့ လည်း ညီ အစ် ကို တို့ ကို များ စွာ နှိုး ဆော် လျက်၊ တည် ကြည် စေ လျက်၊


ဖာ ရိ ရှဲ ဂိုဏ်း သား အ နက် ယုံ ကြည် သူ အ ချို့ သည် ထ၍ ထို သူ တို့ အား လှီး ဖြတ် ခြင်း မင်္ဂ လာ ပေး ရ မည့် ပြင် မော ရှေ၏ ပ ညတ် တ ရား ကို စောင့် ရှောက် ရန် မှာ ထား ရ မည် ဟု ဆို ကြ၏။


ထို သူ တို့ ကြား သော် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် လျက် ပေါ လု အား ပြော ဆို ကြ သည် မှာ ယု ဒ လူ မျိုး အ နက် မည် မျှ အ ထောင် အ သောင်း ယုံ ကြည် ကြ ကြောင်း၊ ရှိ သ မျှ တို့ သည် ပ ညတ် တ ရား တော် ဘက် ၌ စိတ် အား ကြီး သူ ဖြစ် ကြောင်း ညီ မောင် သိ လေ ပြီ။


နာ ဇ ရက် မြို့ သား ယေ ရှု ဆို သူ သည် ဤ ဌာ န တော် ကို ဖြို ဖျက်၍ မော ရှေ အပ် ပေး သော ထုံး နည်း များ ကို လွှဲ ပြောင်း လိမ့် မည် ဟူ သော စ ကား ကို ကျွန်ုပ် တို့ ကြား ပါ သည် ဟု ပြော စေ ၏။


ဆယ့် လေး နှစ် ကြာ ပြီး နောက် ငါ သည် တိ တု ကို ခေါ် လျက် ဗာ န ဗ နှင့် အ တူ ဗျာ ဒိတ် တော် ခံ ရ သည့် အ လျောက် ယေ ရု ရှ လင် မြို့ သို့ ပြန် သွား၍ ငါ ဆောင် ရွက် ဆဲ မှု၊ ဆောင် ရွက် ခဲ့ မှု၊ အ ကျိုး မဲ့ ဖြစ် မ ဖြစ် သိ ခြင်း ငှာ လူ မျိုး ခြား တို့ အား ကြား ပြော သော သ တင်း တော် ကို အ ကြီး အ မှူး တို့ ထံ အ သီး အ ခြား ဖွင့် ပြ ခဲ့၏။


ခ ရစ် တော် ယေ ရှု၌ လှီး ဖြတ် ခြင်း မင်္ဂ လာ ရှိ မ ရှိ အ ကျိုး မ ပေး နိုင်။ ချစ် ခြင်း​ မေ တ္တာ ကို ပြု ပြင် သော ယုံ ကြည် ခြင်း သာ လျှင် ပေး နိုင် ၏။


ကိုယ် ကာ ယ၌ ဂုဏ် အ သ ရေ ထင် ပေါ် စေ လို သ မျှ သော သူ တို့ သည် အ ခြား မ ဟုတ် ခ ရစ် တော်၏ ကား တိုင် အ တွက် ကိုယ် တိုင် ညှင်း ပန်း ခံ ရ မည် စိုး၍ သင် တို့ ကို လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ စေ ကြ၏။


ထို့ ကြောင့် စား သောက် မှု နှင့် စပ်၍ ဖြစ် စေ၊ ပွဲ နေ့၊ လ ဆန်း နေ့၊ ဥ ပုသ် နေ့ အ မှု နှင့် စပ်၍ ဖြစ် စေ၊ သင် တို့ ကို မည် သူ မျှ မ စီ ရင်၊ မ ဆုံး ဖြတ် စေ နှင့်။


ခ ရစ် တော်၏ အ လို တော် အ တိုင်း မ ဟုတ်၊ လူ တို့ သင် ရိုး မှ စ၍ လော ကီ စာ ဝါ ငယ် အ တိုင်း သင်္ဂြိုဟ် အ တတ် နှင့် မိ စ္ဆာ ဒိ ဌိ အ ယူ ဖြင့် သင် တို့ ကို မည် သူ မျှ တင် စား ခွင့် မ ရ စေ ရန် သ တိ ပြု ကြ လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ