တမန်တော်ဝတ္ထု 10:11 - Garrad Bible11-12 ကောင်း ကင် ပွင့် လျက် ရွက် ထည် သ ဖွယ် ထောင့် လေး ထောင့် ဖြင့် မြေ သို့ စု ကိုင် ချ လိုက်၍ ခြေ လေး ချောင်း ရှိ သ တ္တ ဝါ၊ တွား တတ် သော မြေ သ တ္တ ဝါ၊ လေ သ တ္တ ဝါ အ မျိုး မျိုး ပါ ရှိ သော အ သုံး အ ဆောင် ကျ လာ သည် ကို မြင် ရ၏။ အခန်းကိုကြည့်ပါ။Common Language Bible11 ထိုဗျာဒိတ်ရူပါရုံတွင်မိုးကောင်းကင်ကွဲဟ သည်ကိုလည်းကောင်း၊ ထောင့်လေးထောင့်မှချုပ် ကိုင်ထားသောရွက်ထည်ကြီးနှင့်တူသည့် အရာမြေသို့ကျလာသည်ကိုလည်းကောင်း တွေ့မြင်ရ၏။- အခန်းကိုကြည့်ပါ။Judson Bible11 ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ ခြုံထည်ကဲ့သို့ လေးထောင့်ချုပ်၍ မြေသို့ချလွှတ်သော တန်ဆာသည် မိမိဆီသို့ ဆင်းသက်လာသည်ကိုလည်းကောင်း မြင်လေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ကောင်းကင်သည်ပွင့်လျက် ထောင့်လေးခုမှထိန်းထားပြီး မြေပေါ်သို့လျှောကျလာသည့် ရွက်ထည်စကြီးနှင့်တူသောအရာတစ်ခု နိမ့်ဆင်းလာသည်ကို တွေ့ရ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း11 ထိုဗျာဒိတ်ရူပါရုံတွင် ကောင်းကင်ပွင့်၍ ထောင့်လေးထောင့်ဖြင့်ထိန်းလျက် လျှောကျလာသည့် ပိတ်ထည်စကြီးကဲ့သို့သောအရာ မြေပြင်ပေါ်သို့ တဖြည်းဖြည်းကျဆင်းလာသည်ကို တွေ့မြင်ရ၏။ အခန်းကိုကြည့်ပါ။ |
မြောက် မျက် နှာ အား အပ် လော့ ဟူ၍လည်း ကောင်း၊ တောင် မျက် နှာ အား၊ မ ထိမ် မ ချန် နှင့် ဟူ၍လည်း ကောင်း၊ ဘုန်း တော် ကို ထင် ရှား စေ ရန် ငါ စီ မံ ပြု ပြင် ဖန် ဆင်း ပြီး သူ၊ ငါ့ နာ မ ဖြင့် သ မုတ် သော သား သ မီး ဟူ သ မျှ တို့ ကို၊ ဝေး ကွာ ရာ မြေ ကြီး အ စွန်း မှ ပင် ခေါ် ဆောင် ခဲ့ လော့ ဟူ၍လည်း ကောင်း မိန့် ဆို ဦး မည်။
ပ ညတ် တ ရား အ လိုက် အ ကျင့် အား ဖြင့် လူ သ တ္တ ဝါ တစ် ဦး မျှ ဖြောင့် မတ် ရာ မ ရောက် နိုင် ဟူ သော ကျမ်း ချက် အ ရ ဇာ တိ အ လျောက် လူ မျိုး ခြား အ ပြစ် သား များ မ ဟုတ်၊ ယု ဒ လူ မျိုး ဖြစ် သော ငါ တို့ သည် ပ ညတ် တ ရား အ လိုက် အ ကျင့် အား ဖြင့် မည် သူ မျှ ဖြောင့် မတ် ရာ မ ရောက်။ ခ ရစ် တော် ယေ ရှု ကို ယုံ ကြည် ခြင်း ကြောင့် သာ ရောက် ကြောင်း သိ ကြ သ ဖြင့် ငါ တို့ ပင် ပ ညတ် တ ရား အ လိုက် အ ကျင့် အား ဖြင့် မ ဟုတ်၊ ခ ရစ် တော် ကို ယုံ ကြည် ခြင်း ဖြင့် ဖြောင့် မတ် ရာ ရောက် ရန် ခ ရစ် တော် ယေ ရှု ကို ယုံ ကြည် ကြ သည် ဟူ၍ တည်း။