Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 1:18 - Garrad Bible

18 ကိုယ့် ဒု စ ရိုက် မှု အ ခ ဖြင့် လယ် တစ် ကွက် ကို ရ ပြီး နောက် ဦး စောက် ကျ ၍ ဝမ်း ကွဲ လျက် အူ ရှိ သ မျှ ထွက် သည့် အ ကြောင်း ကို၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 (သူ​သည်​မိ​မိ​ဆိုး​ညစ်​ယုတ်​မာ​မှု​ကြောင့်​ရ​ရှိ သည့်​ငွေ​ဖြင့်​လယ်​တစ်​ကွက်​ကို​ဝယ်​ပြီး​နောက် ထို​လယ်​မြေ​ပေါ်​တွင်​လဲ​ကျ​သေ​ဆုံး​လေ​သည်။ သူ​၏​ဝမ်း​ဗိုက်​သည်​ပေါက်​၍​အူ​များ​ထွက်​လာ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ထို​သူ​သည် မ​တ​ရား​သော​အ​မှု​အ​တွက်​ဖြင့် ရ​သော​အ​ခ​နှင့် မြေ​တစ်​ကွက်​ကို​ဝယ်​ပြီး​မှ၊ မှောက်​လျက်​ကျ​လဲ၍ ဝမ်း​ကွဲ​သ​ဖြင့် အ​အူ​များ​ပေါက်​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သူ​သည် မတရားမှု​ကြောင့်​ရရှိ​သော​အဖိုးအခ​ဖြင့် မြေ​တစ်​ကွက်​ကို​ဝယ်ယူ​ပြီးနောက် ဇောက်ထိုး​ကျ​လျက် ဝမ်းဗိုက်​ပေါက်​သဖြင့် သူ​၏​အူ​များ​အကုန်​ထွက်ကျ​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 သူ​သည် မတရားမှု​ဖြင့် ရရှိသော​ငွေ​နှင့် မြေတစ်ကွက်​ကို ဝယ်ယူ၏။ ထို့နောက် သူ​သည် ထို​မြေ​၌ ဇောက်ထိုး​ကျ​လျက် သေဆုံးလေ၏။ သူ​၏ ဝမ်းဗိုက်​သည် ပေါက်​၍ အူများ​ထွက်ကျလာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 1:18
12 ပူးပေါင်းရင်းမြစ်များ  

သူ တို့ နေ ထိုင် ရာ အ တွင်း တွင် ဆိုး သွမ်း ခြင်း တည် ရှိ သ ဖြင့်၊ သေ မင်း အုပ် မိ ပါ စေ။ အ သက် ရှင် လျက် ပင်၊ မ ရ ဏာ့ နိုင် ငံ သို့ ကျ ရောက် ကြ ပါ စေ။


အို ဘု ရား သ ခင်၊ ထို သူ တို့ ကို ဖျက် ဆီး ရာ တွင်း ထဲ သို့ ချ တော် မူ ပါ လိမ့် မည်။ လူ သတ် နှင့် လှည့် စား သူ တို့ သည်၊ ကိုယ့် အ သက် တာ တစ် ဝက် ခန့် မျှ နေ ကြ ရ မည် မ ဟုတ် ပါ။ အ ကျွန်ုပ် မူ ကား၊ ကိုယ် တော် ၌ ကိုး စား ပါ မည်။


ဘ ဏ္ဍာ တိုက် တွင်း သို့ ပစ် ချ လော့ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း၊ သူ တို့ ဖြတ် ဆို သည့် အ ခ မြတ် တည်း ဟူ သော၊ ထို ငွေ သုံး ဆယ် ကို ငါ လက် ခံ လျက်၊ ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ဘ ဏ္ဍာ တိုက် တွင်း သို့ ပစ် ချ လိုက်၏။


ဗာ လမ် က၊ ဗာ လက် မင်း သည် ရွှေ ငွေ များ ကို နန်း တော် နှင့် အ ပြည့် ပေး သော် လည်း ငါ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ကို လွန် ကျူး၍ မည် သည့် အ မှု ကြီး ငယ် ကို မျှ ငါ မ ပြု ဝံ့။


မော ဘ အ မျိုး၊ မိ ဒျန် အ မျိုး လူ ကြီး တို့ သည် ယ တြာ ကန် တော့ ပွဲ ပါ လျက် ဗာ လမ့် ထံ သွား ရောက် ရာ ဗာ လက် မင်း အ မှာ တော် စ ကား ကို ပြန် ကြား လျှင်၊


ထို ကျွန် တို့ အ ရည် အ ခြင်း အ လျောက် တစ် ယောက် ကို ရွှေ ချိန် ငါး ပိဿာ၊ တစ် ယောက် ကို နှစ် ပိဿာ၊ တစ် ယောက် ကို တစ် ပိဿာ အပ် ပြီး လျှင် ခ ရီး သွား လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ