Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 1:11 - Garrad Bible

11 အ ချင်း ဂါ လိ လဲ နယ် သား တို့၊ အ ဘယ် ကြောင့် ကောင်း ကင် သို့ ကြည့် လျက် နေ ကြ သ နည်း။ သင် တို့ ထံ မှ ကောင်း ကင် သို့ ချီ ဆောင် ခြင်း ကို ခံ တော် မူ သော ထို ယေ ရှု သည် တက် ကြွ တော် မူ ရာ သင် တို့ မြင် ရ သည့် နည်း တူ ပင် ဆင်း ကြွ တော် မူ လိမ့် မည် ဟု ပြော ဆို ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ထို​သူ​တို့​က ``ဂါ​လိ​လဲ​ပြည်​သား​တို့၊ သင်​တို့ သည်​အ​ဘယ်​ကြောင့်​ရပ်​၍​မိုး​ကောင်း​ကင်​သို့ မျှော်​ကြည့်​နေ​ကြ​သ​နည်း။ သင်​တို့​ထံ​မှ ကောင်း​ကင်​ဘုံ​သို့​ယူ​ဆောင်​ခြင်း​ကို​ခံ​တော် မူ​သော​သ​ခင်​ယေ​ရှု​သည် အ​ဘယ်​သို့ ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ​တော်​မူ​သည်​ကို သင်​တို့​မြင်​ရ​ကြ​၏။ ဤ​နည်း​အ​တိုင်း​ပင်​ထို အ​ရှင်​သည်​ပြန်​လည်​ကြွ​လာ​တော်​မူ​လတ္တံ့'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 အို ဂါ​လိ​လဲ​လူ​တို့၊ အ​ဘယ်​ကြောင့်​ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက် နေ​ကြ​သ​နည်း။ သင်​တို့​နှင့်​ခွာ၍ ကောင်း​ကင်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သော ထို​ယေ​ရှု​သည် သင်​တို့​မျက်​မှောက်၌ ကောင်း​ကင်​သို့ ကြွ​သွား​တော်​မူ​သည်​နည်း​တူ တစ်​ဖန်​ကြွ​လာ​တော်​မူ​လ​တ္တံ့ ဟု​ပြော​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 “ဂါလိလဲ​နယ်သား​တို့၊ အဘယ်ကြောင့်​ရပ်​လျက် ကောင်းကင်​ကို စူးစိုက်​ကြည့်​နေ​ကြ​သနည်း။ သင်​တို့​ထံမှ ကောင်းကင်​သို့ ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​သော ထို​ယေရှု​သည် ကောင်းကင်​သို့​တက်သွား​တော်မူ​သည်​ကို သင်​တို့​မြင်​ရ​သည့်​အတိုင်း​ပင် တစ်ဖန်​ကြွလာ​တော်မူ​လိမ့်မည်”​ဟု မြွက်ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ထို​သူတို့​က “အို ဂါလိလဲပြည်သားတို့… သင်တို့​သည် အဘယ်ကြောင့် ကောင်းကင်​သို့ မျှော်ကြည့်​လျက် ရပ်နေကြသနည်း။ သင်တို့​ထံမှ ကောင်းကင်ဘုံ​သို့ ဆောင်ယူခြင်း​ခံရသော ထို​ယေရှု​သည် ကောင်းကင်ဘုံ​သို့ ကြွမြန်းတော်မူသည်​ကို သင်တို့​မြင်ကြရသည့်​နည်းတူ ပြန်​၍​ကြွလာတော်မူမည်” ဟု ပြောဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 1:11
23 ပူးပေါင်းရင်းမြစ်များ  

လူ့ သား သည် ခ မည်း တော်၏ ဘုန်း တော် ကို ဆောင် လျက် စေ တ မန် တော် တို့ နှင့် တ ကွ ကြွ လာ မည့် ကာ လ လူ အ သီး အသီး တို့ အား အ ပြု အ မူ အ လျောက် ဆပ် ပေး တော် မူ လိမ့် မည်။


ဤ တွင် ရပ် နေ သူ အ ချို့ သည် နိုင် ငံ တော် ၌ ကြွ လာ တော် မူ သော လူ သား ကို မ မြင် မီ အ လျှင်း မ သေ ရ။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ ၏။


ထို အ ခါ မိုး ကောင်း ကင် တွင် လူ့ သား၏ နိ မိတ် လ က္ခ ဏာ ထင် ရှား သ ဖြင့် မ ဟာ ဘုန်း တော် တန် ခိုး တော် ကို ဆောင် လျက် မိုး တိမ် ပေါ် တွင် စ ကြာ ဖြန့် လာ သော လူ့ သား ကို မြေ ပေါ် ရှိ လူ အ မျိုး မျိုး တို့ မြင်၍ မြည် တမ်း ကြ ရာ။


လူ့ သား သည် ဘုန်း တော် ကို ဆောင် လျက် စေ တ မန် တော် အ ပေါင်း တို့ နှင့် တ ကွ ကြွ လာ သော်


ထို အ ခါ မ ဟာ ဘုန်း တန် ခိုး တော် ကို ဆောင် လျက် တိမ် တိုက် ပေါ် တွင် စ ကြာ ဖြန့် လာ သော လူ့ သား ကို မြင် ကြ ရာ၊


ခ ဏ ကြာ သော် ရပ် နေ သူ တို့ က ပေ တ ရု အား သင် သည် ဂါ လိ လဲ နယ် သား ဖြစ် သည့် အ လျောက် ထို သူ တို့ အ ပေါင်း ပါ စင် စစ် ဖြစ် သည် ဟု ဆို ကြ ရာ၊


အ ရှင် ယေ ရှု သည် ထို သို့ မိန့် တော် မူ ပြီး မှ ကောင်း ကင် ဘုံ သို့ ချီ ဆောင် ခြင်း ကို ခံ၍ ဘု ရား သ ခင့် ယာ ဘက် တော်၌ စံ တော် မူ၏။


မ ဟာ ဘုန်း တန် ခိုး တော် ကို ဆောင် လျက် တိမ် တိုက် ပေါ် တွင် စ ကြာ ဖြန့် လာ သော လူ့ သား ကို မြင် ရ ကြ လိမ့် မည်။


ကြောက် ရွံ့၍ ပျပ် ဝပ် သော ထို မိန်း မ တို့ အား သူ ရှင် ကို သူ သေ တို့ ဘောင် တွင် အ ဘယ့် ကြောင့် ရှာ ကြ သ နည်း။


ထိုသို့သွား၍ သင်တို့နေရာဌာနကိုပြင်ဆင်သော် ငါ့စံရာ၌ရှိနေကြစေရန် တစ်ဖန်လာ၍ သင်တို့ကိုသိမ်းဆည်းမည်။


တ မန် တော် တို့ ရှု မြင် ကြ စဉ် ချီ ဆောင် ခြင်း ကို ခံ တော် မူ ရာ မိုး တိမ် သည် မျက် ကွယ် အောင် ခံ ယူ လေ ၏။


ကိုယ် တော် သည် လူ မျိုး တော် ရှေ့ ကိုယ် တော့် အ ကြောင်း ယ ခု သက် သေ ခံ သော ဂါ လိ လဲ နယ် မှ ယေ ရု ရှ လင် မြို့ သို့ လိုက် ပါ ခဲ့ သူ တို့ အား နေ့ ရက် များ စွာ ထင် ရှား တော် မူ၏။


အံ့ သြ မိန်း မော တွေ ဝေ လျက် ကြည့် ပါ။ ဟော ပြော သူ တို့ ကား ဂါ လိ လဲ နယ် သား များ မ ဟုတ် လော။


လူ ပ ရိ သတ် အား ပေ တ ရု က အ ချင်း ဣ သ ရေ လ အ မျိုး သား တို့၊ ဤ အ ရာ ကို အ ဘယ့် ကြောင့် အံ့ သြ ကြ သ နည်း။ ကိုယ့် တန် ခိုး ကိုယ့် သီ လ ဖြင့် ဤ သူ့ ကို လှမ်း သွား စေ သည် မှတ်၍ အ ဘယ် ကြောင့် ငါ တို့ ကို စိုက် ကြည့် လျက် နေ ကြ သ နည်း။


သန့် ရှင်း သူ ရှေး ပ ရော ဖက် တို့ နှုတ် ဖြင့် ဘု ရား သ ခင် ဗျာ ဒိတ် ပေး တော် မူ ခဲ့ သည့် အ တိုင်း အ ရာ ခပ် သိမ်း ကို အ သစ် ပြု ပြင် ရာ အ ချိန် ကာ လ မ တိုင် မီ ကောင်း ကင် ဘုံ သည် ထို အ ရှင့် စံ ရာ ဖြစ် ရ မည်။


စေ တ မန် တော် မင်း ဟစ် သံ၊ ဘု ရား သ ခင့် တံ ပိုး တော် မှုတ် သံ တည်း ဟူ သော ကြွေး ကြော် သံ နှင့် အ ရှင် ဘု ရား ကိုယ် တော် တိုင် ကောင်း ကင် ဘုံ မှ ဆင်း သက် တော် မူ သည့် ကာ လ၊ ခ ရစ် တော်၌ သေ လွန် သူ တို့ သည် ဦး စွာ ရှင် ပြန် ထ မြောက် ကြ လိမ့် မည်။


ခ ရစ် တော် လည်း အ များ တို့၏ အ ပြစ် ကို ခံ ခြင်း ငှာ တစ် ကြိမ် တည်း ဆက် ကပ် ခံ တော် မူ ပြီး နောက် ကိုယ် တော် ကို စောင့် မျှော် သူ တို့ အား ကယ် တင် ခြင်း ငှာ ပြစ် ဒဏ် မ ခံ ဘဲ ဒု တိ ယ အ ကြိမ် ပေါ် ထွန်း တော် မူ ဦး မည်။


ကိုယ် တော် သည် မိုး တိမ် နှင့် တ ကွ ကြွ လာ တော် မူ ရာ ထိုး ဖောက် ခဲ့ သူ တို့ မှ စ၍ လူ ဟူ သ မျှ ရှု မြင် ရ သည့် အ လျောက် ကိုယ် တော် ကြောင့် မြေ ပေါ် ရှိ လူ အ မျိုး မျိုး တို့ မြည် တမ်း ကြ လိမ့် မည်။ ဟုတ် မှန် ပေ၏။ အာ မင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ