Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 36:5 - Common Language Bible

5 ယော​ယ​ကိမ်​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ် ရှိ​သော​အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​တစ်​ဆယ့်​တစ်​နှစ် နန်း​စံ​ရ​လေ​သည်။ သူ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ယော ယ ကိမ် မင်း သည်၊ အိမ် နိမ့် နှစ် ဆယ့် ငါး နှစ် ရှိ သော်၊ နန်း တက်၍၊ ယေ ရု ရှ လင် မြို့၌၊ ဆယ့် တစ် နှစ် စိုး စံ ရ ရာ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် နေ စဉ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ယော​ယ​ကိမ်​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။ ထို​မင်း​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ယောယကိမ် နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​တစ်​နှစ်​စိုးစံ​၏​။ သူ​သည် သူ​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 36:5
11 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှိ​၏​သား​ယော​ယ ကိမ်​မင်း​လက်​ထက်​၌​လည်း သူ့​ကို​တစ်​ဖန်​ဗျာ ဒိတ်​ပေး​တော်​မူ​ပြန်​၏။ ထို​နောက်​ကိုယ်​တော်​သည် ယော​ရှိ​၏​သား​ဇေ​ဒ​ကိ​နန်း​စံ​တစ်​ဆယ့်​တစ် နှစ်​မြောက်၊ ပဉ္စ​မ​လ​၌​ယေ​ရု​ရှ​လင်​မြို့​သား တို့​ပြည်​နှင်​ဒဏ်​သင့်​ချိန်​တိုင်​အောင် အ​ကြိမ် ပေါင်း​များ​စွာ​သူ့​အား​ဗျာ​ဒိတ်​တော်​များ ကို​ပေး​တော်​မူ​လေ​သည်။


ယု​ဒ​ပြည်​တွင်​ယော​ရှိ​၏​သား ယော​ယ​ကိမ် နန်း​တက်​ပြီး​နောက်​များ​မ​ကြာ​မီ​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား၊-


ယု​ဒ​ဘု​ရင်​ယော​ရှိ​၏​သား ယော​ယ​ကိမ်​မင်း လက်​ထက်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-


ယော​ရှိ​၏​သား​ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ စ​တုတ္ထ​နှစ်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-


ယော​ရှိ​၏​သား၊ ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ စ​တုတ္ထ​နှစ်​၌​နေ​ရိ​၏​သား​ဗာ​ရုတ်​သည် ငါ​နှုတ် တိုက်​ချ​ပေး​သည့်​စ​ကား​များ​ကို​ရေး​မှတ်​၍ ထား​၏။ ထို​နောက်​ငါ​သည်၊-


ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ​သုံး​နှစ်​မြောက်​၌ ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​တက်​ဝိုင်း​ရံ​ထား​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​နေ​ဗု​ခဒ်​နေ​ဇာ​အား ယော​ယ​ကိမ်​မင်း​ကို​ဖမ်း​ဆီး​ခွင့်​နှင့်​ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​သုံ့​ပန်း​များ​ကို​ဗာ​ဗု​လုန်​ပြည်​ရှိ မိ​မိ​၏​ဘု​ရား​ဝတ်​ကျောင်း​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ဖမ်း​ဆီး​သိမ်း​ယူ​ခဲ့​သည့်​ဘဏ္ဍာ​များ​ကို​ဝတ်​ကျောင်း​ဘဏ္ဍာ​တိုက်​တွင်​ထား​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ