Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 26:15 - Common Language Bible

15 မြို့​ရိုး​ထောင့်​ထိပ်​နှင့်​မျှော်​စင်​များ​မှ​နေ​၍ မြား​နှင့်​ကျောက်​တုံး​ကြီး​များ​ပစ်​ခတ်​ရန် ယန္တ​ယား​စက်​များ​ကို​လည်း ယေ​ရု​ရှ​လင် မြို့​ရှိ​တီ​ထွင်​တတ်​သူ​အ​တတ်​ပ​ညာ​ရှင် များ​က​ပြု​လုပ်​ပေး​ကြ​လေ​သည်။ ဘု​ရား​သ​ခင်​ထံ​မှ​အံ့​သြ​ဖွယ်​မ​စ​တော်​မူ​ခြင်း ကို​ခံ​ရ​သ​ဖြင့် မင်း​ကြီး​သည်​အ​လွန် တန်​ခိုး​ကြီး​လာ​ပြီး​လျှင်​သူ​၏​ဂုဏ် သ​တင်း​သည်​အ​ရပ်​တ​ကာ​သို့​ပျံ့​နှံ့ သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ပ ညာ ရှိ တို့ ကြံ စည် တတ် မြောက် သည် နှင့် အ ညီ၊ ကြီး စွာ သော ကျောက် နှင့် မြှား ကို ပစ် လွှတ် နိုင် သော ယ န္တ ယား စက် ကို၊ ယေ ရု ရှ လင် မြို့ ရိုး ထိပ် ပြ အိုး ပေါ် တွင် ဆင် ထား လေ၏။ ထို သို့ ခွန် အား ဗ လ တိုး တက် သည့် တိုင် အောင်၊ အံ့ ဩ ဖွယ် မ စ တော် မူ ခြင်း ကို ခံ ရ သည် ဖြစ်၍၊ ကျော စော ကိ တ္တိ အ နှံ့ ပြား ရောက် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 လိ​မ္မာ​သော​သူ​တို့​သည် ဉာဏ်​ရှာ၍​လုပ်​သော ယ​န္တ​ရား​စက်​တို့​ကို​လည်း၊ ယေ​ရု​ရှ​လင်​မြို့​ရဲ​တိုက်၊ မြို့​ပြ​အိုး​အ​ပေါ်​က မြား​နှင့် ကျောက်​ကြီး​ကို ပစ်​စ​ရာ​ဖို့ ပြင်​ဆင်​လေ၏။ ထို​သို့ တန်​ခိုး​ကြီး​အောင် အ​ထူး​သ​ဖြင့် မ​စ​ခြင်း​ကို ခံ​ရ​သည်​ဖြစ်၍၊ သ​တင်း​တော်​သည် အ​နှံ့​အ​ပြား​ကျော်​စော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ဂျေရုဆလင်​မြို့​တွင်​လည်း စက်မှုကျွမ်းကျင်သူ​အား မြား​နှင့်​လောက်လွှဲ​ကြီး​များ​ပစ်ခတ်​ရာ​တွင် အသုံးပြု​သော​စက်ကိရိယာ​များ​ကို တီထွင်​စေ​ပြီး​ရဲတိုက်​များ​၊ မြို့ရိုး​ထောင့်​များ​တွင် ထားရှိ​၏​။ ဩဇိ​မင်းကြီး​သည် အံ့ဩဖွယ်​ကူညီမစ​မှု​ကို ခံရ​သောကြောင့် အင်အား​ကြီးမား​ပြီး ရပ်ဝေး​တိုင်အောင် နာမည်​ကျော်စော​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 26:15
9 ပူးပေါင်းရင်းမြစ်များ  

သူ​၏​အ​မိ​သည်​ဒန်​အ​နွယ်​ဝင်၊ သူ​၏​အဖ​မှာ တု​ရု​မြို့​သား​ဖြစ်​ပါ​၏။ သူ​သည် ရွှေ၊ ငွေ၊ ကြေး ဝါ၊ သံ၊ ကျောက်​နှင့်​သစ်​သား​ပစ္စည်း​အ​သုံး အ​ဆောင်​များ​ကို​ပြု​လုပ်​တတ်​၍​နီ၊ ပြာ၊ ညို မောင်း​သော​အ​ထည်​များ၊ ပိတ်​ချော​ထည်​များ ကို​လည်း​ယက်​လုပ်​တတ်​ပါ​သည်။ တီ​ထွင်​မှု လုပ်​ငန်း​အ​မျိုး​မျိုး​တွင်​ကျွမ်း​ကျင်​၍​သူ့ အား​အ​ကြံ​ပေး​ဖော်​ပြ​သည့်​ပုံ​စံ​အ​တိုင်း လုပ်​ကိုင်​နိုင်​သူ​ဖြစ်​ပေ​သည်။ သူ့​အား အ​ဆွေ​တော်​၏​ခ​မည်း​တော်​အ​သုံး​ပြု ခဲ့​သည့်​လက်​မှု​ပ​ညာ​သည်​များ​နှင့်​အ​တူ လုပ်​ကိုင်​စေ​ပါ​လော့။-


ယ​ခု​အ​ဆွေ​တော်​သည်​ကျွန်ုပ်​၏​ထံ​သို့​ပန်း​ပု အ​တတ်၊ ရွှေ​ငွေ​နှင့်​ကြေး​ဝါ​ပန်း​ထိမ်​အ​တတ်၊ ပန်း​ထည်​အ​တတ်၊ နီ​ပြာ​ညို​မောင်း​သော​အ​ထည် ယက်​လုပ်​သည့်​အ​တတ်​တို့​ကို​ကျွမ်း​ကျင်​သူ တစ်​ယောက်​စေ​လွှတ်​စေ​လို​ပါ​သည်။ ထို​သူ​သည် ကျွန်ုပ်​၏​ခ​မည်း​တော်​ရွေး​ချယ်​ထား​သည့်​ယု​ဒ ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​မှ​လက်​မှု​ပ​ညာ​သည် များ​နှင့်​အ​တူ​လုပ်​ကိုင်​ရန်​ဖြစ်​ပါ​သည်။-


သြ​ဇိ​သည်​တပ်​မ​တော်​အား ဒိုင်း​လွှား၊ လှံ၊ သံ ခ​မောက်၊ သံ​ချပ်​အင်္ကျီ၊ လေး၊ မြား​နှင့်​လောက်​လွှဲ ပစ်​ရန်​ကျောက်​ခဲ​များ​ကို​ပေး​အပ်​တော်​မူ​၏။-


သို့​သော်​သြ​ဇိ​မင်း​သည်​တန်​ခိုး​ကြီး​လာ​သော အ​ခါ မာန်​မာ​န​လည်း​ထောင်​လွှား​လာ​သ​ဖြင့် အ​ကျိုး​နည်း​ရ​လေ​သည်။ သူ​သည်​ဗိ​မာန်​တော် သို့​ဝင်​၍​နံ့​သာ​ပေါင်း​ကို သက်​ဆိုင်​ရာ​ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ခြင်း​အား​ဖြင့် မိ​မိ​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​အား​ပြစ်​မှား​၏။-


သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​မ​မျှော်​လင့်​သည့်​ဘေး ဒုက္ခ​တစ်​ခု​ပြီး​တစ်​ခု​သက်​ရောက်​စေ​၍ သူ​တို့ အား​တုန်​လှုပ်​ချောက်​ချား​စေ​မည်။ ပ​ညာ​ရှိ​တို့ သည်​လူ​မိုက်​များ​ဖြစ်​ကုန်​ကြ​လျက်၊ သူ​တို့ ၏​အ​သိ​အ​လိမ္မာ​မှန်​သ​မျှ​သည်​လည်း သူ​တို့ အား​အ​ဘယ်​သို့​မျှ​အ​ကျိုး​ပြု​လိမ့်​မည် မ​ဟုတ်'' ဟု​ယ​ခု​မိန့်​တော်​မူ​ပါ​၏။


ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​လူ​မျိုး​တော်​အား``သင်​တို့​သည်​မိ​မိ​တို့​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​ကို ဆက်​လက်​စောင့်​ဆိုင်း​ကြည့်​ရှု​နေ​ကြ​လော့။ ထို​အ​ခါ​သင်​တို့​တွေ့​မြင်​ရ​သည့်​အ​မှု​အ​တွက်​အံ့​သြ​သွား​လိမ့်​မည်။ ငါ​သည်​သင်​တို့​ကြား​၍​ပင်​မ​ယုံ​နိုင်​မည့်​အ​မှု​တစ်​ခု​ကို​ပြု​မည်။-


ကိုယ်​တော်​၏​သ​တင်း​သည်​ရှု​ရိ​ပြည်​တစ်​ဝှမ်း​လုံး တွင်​ပျံ့​နှံ့​၍​သွား​သ​ဖြင့်​လူ​တို့​သည်​နတ်​ပူး​ဝင် သူ၊ ဝက်​ရူး​နာ​စွဲ​ကပ်​သူ၊ ခြေ​လက်​သေ​သူ​မှ​စ​၍ အ​မျိုး​မျိုး​သော​အ​နာ​ရောဂါ​စွဲ​ကပ်​သူ​ဝေ​ဒ​နာ ရှင်​များ​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​အ​ပေါင်း​တို့​အား​ရော​ဂါ ပျောက်​ကင်း​စေ​တော်​မူ​၏။-


မြို့​ကို​ကျ​ဆုံး​သည်​အ​ထိ​တိုက်​ခိုက်​ရန်​ခံ​တပ် ဆောက်​လုပ်​ရေး​အ​တွက် အ​ခြား​သစ်​ပင်​များ ကို​ခုတ်​လှဲ​နိုင်​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ