Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 22:11 - Common Language Bible

11 အာ​ခ​ဇိ​တွင်​ယော​ရှေ​ဘ​ဆို​သူ​အ​ဖေ​တူ အ​မေ​ကွဲ​ညီ​မ​တစ်​ယောက်​ရှိ​၏။ သူ​သည် ယော​ယ​ဒ​နာ​မည်​ရှိ​ယဇ်​ပု​ရော​ဟိတ်​နှင့် အိမ်​ထောင်​ကျ​၏။ ယော​ရှ​ဘ​သည်​အ​သတ် ခံ​ရ​မည့်​မင်း​ညီ​မင်း​သား​များ​အ​နက် အာ​ခ​ဇိ​၏​သား​ယော​ရှ​အား​လျှို့​ဝှက်​စွာ ကယ်​ဆယ်​ပြီး​လျှင် နို့​ထိန်း​တစ်​ယောက်​နှင့် အ​တူ​ဗိ​မာန်​တော်​ရှိ​အိပ်​ခန်း​၌​ဝှက်​ထား လေ​သည်။ သူ​သည်​ယင်း​သို့​ဝှက်​ထား​ခြင်း အား​ဖြင့် သူ​ငယ်​အား​အာ​သ​လိ​၏​ဋ္ဌား ဘေး​မှ​လွတ်​မြောက်​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 သို့ ရာ တွင်၊ ဘု ရင့် သ မီး တော် ယော ရှေ ဘ သည်၊ ကွပ် မျက် ခံ ရ သူ မင်း ညီ မင်း သား တို့ အ နက်၊ အာ ခ ဇိ မင်း သား တော် ယော ရှ ကို လျှို့ တ ဝှက် ယူ၍၊ အ ထိန်း တော် ပါ၊ စက် ခန်း ဆောင် တွင် ဝှက် ထား လေ ၏။ ထို သို့ ယ ဟော ရံ မင်း သ မီး တော် အာ ခ ဇိ မင်း နှ မ တော်၊ ပ ရော ဟိတ် ယော ယ ဒ ၏ ခင် ပွန်း ယော ရှေ ဘ သည်၊ အာ သ လိ ဓား ဘေး မှ လွတ် စေ ခြင်း ငှာ ဝှက် ထား သည့် အ တိုင်း၊ ပြည် တော် ကို အာ သ လိ စိုး စံ စဉ်၊ သူ တို့ နှင့် အ တူ၊ ဗိ မာန် တော် တွင် ခြောက် နှစ် တိုင် တိုင် ယော ရှ ပုန်း နေ ရ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 သို့​ရာ​တွင်၊ ရှင်​ဘု​ရင်​သ​မီး ယော​ရှေ​ဘ​သည်၊ အာ​ခ​ဇိ၏​သား ယော​ရှ​ကို​အ​သေ​ခံ​ရ​သော ဆွေ​တော်​မျိုး​တော်​ထဲ​က ခိုး​ယူ၍၊ သူ​နှင့်​သူ၏ နို့​ထိန်း​ကို အိပ်​ခန်း​ထဲ၌ ဝှက်​ထား၏။ ထို​သို့​ယ​ဟော​ရံ​မင်း​ကြီး​သ​မီး၊ ယဇ်​ပု​ရော​ဟိတ်​ယော​ယဒ၏​မ​ယား​ဖြစ်​သော အာ​ခ​ဇိ၏​နှ​မ​ယော​ရှေ​ဘ​သည်၊ အာ​သ​လိ​လက်​မှ ယော​ရှ၏​အ​သက် လွတ်​စေ​ခြင်း​ငှာ​ဝှက်​ထား​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 သို့သော် ယဟောရံ​မင်းကြီး​၏​သမီး​တော်​ယောရှေဘ​သည် အာခဇိ​မင်းကြီး​၏​သား​တော်​ယောရှ​ကို အသတ်​ခံရ​မည့်​ဘုရင့်​သား​တော်​များ​ထဲ​မှ ခိုး​ယူ​၍ အထိန်းတော်​နှင့်အတူ အတွင်းခန်း​ထဲတွင်​ထည့်​ထား​၏​။ ဤသို့ ယဟောရံ​မင်းကြီး​၏​သမီး​တော် ယဇ်ပုရောဟိတ်​ယောယဒ​၏​မယား အာခဇိ​မင်းကြီး​၏​နှမ​တော်​ဖြစ်​သော​ယောရှေဘ​သည် ယောရှ​ကို​ဝှက်ထား​သဖြင့် အာသလိ​ရန်​မှ ကင်း​၍ အသတ်​မ​ခံရ​တော့​ပေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 22:11
14 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ငါ​၏​အ​တွက်​ဗိမာန်​တော်​ကို​တည် ဆောက်​ရ​မည်။ ငါ​သည်​သူ​၏​ရာ​ဇ​ပလ္လင်​ကို ထာ​ဝ​စဉ်​တည်​မြဲ​စေ​မည်။-


သို့​ရာ​တွင်​သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ဒါ​ဝိဒ်​၏​မျက်​နှာ​ကို​ထောက်​၍​အ​ဘိ​ယ​မ​ရှိ သည့်​နောက်​၌ ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​စိုး​ရန်​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​စောင့်​ထိန်း ရန်​သား​တော်​တစ်​ပါး​ကို​ပေး​တော်​မူ​၏။-


အာ​ခ​ဇိ​၏​သား​ယော​ရှ​တစ်​ဦး​တည်း သာ​လျှင် လွတ်​မြောက်​သွား​၏။ အ​ခြား​သူ များ​နှင့်​အ​တူ​သူ့​အား​သတ်​မည့်​ဆဲ​ဆဲ ၌​ဒွေး​တော်​ယော​ရှေ​ဘ​က​ကယ်​ဆယ်​လိုက် လေ​သည်။ ယော​ရှေ​ဘ​သည်​ယ​ဟော​ရံ​မင်း ၏​သ​မီး​ဖြစ်​၍ အာ​ခ​ဇိ​နှင့်​အ​ဖေ​တူ အ​မေ​ကွဲ​မောင်​နှ​မ​တော်​သ​တည်း။ သူ သည်​ယော​ရှ​အ​သတ်​မ​ခံ​ရ​စေ​ရန်​ယော​ရှ နှင့်​အ​ထိန်း​တော်​အား​ခေါ်​၍ ဗိ​မာန်​တော် အိပ်​ခန်း​တွင်​ဝှက်​ထား​လေ​သည်။-


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့် ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၍ သူ​၏​အ​မျိုး​မင်း​ရိုး မ​ပြတ်​စေ​ရန်​က​တိ​ထား​တော်​မူ​ခဲ့​သ​ဖြင့် ဒါ​ဝိဒ်​မင်း​ဆက်​ပျက်​သုဉ်း​သွား​စေ​ရန် အ​လို​တော်​မ​ရှိ​ချေ။


အာ​ခ​ဇိ​၏​မယ်​တော်​အာ​သ​လိ​သည်​သား တော်​လုပ်​ကြံ​ခံ​ရ​ကြောင်း​ကို​ကြား​သည်​နှင့် တစ်​ပြိုင်​နက် ယု​ဒ​ပြည်​ရှိ​မင်း​မျိုး​မင်း​နွယ် ရှိ​သ​မျှ​ကို​သုတ်​သင်​လေ​၏။-


အာ​သ​လိ​နန်း​စံ​နေ​စဉ်​ယော​ရှ​သည် ခြောက်​နှစ်​တိုင်​တိုင် ဗိ​မာန်​တော်​တွင်​ပုန်း အောင်း​လျက်​နေ​၏။


ယော​ယ​ဒ​သည်​ခြောက်​နှစ်​မျှ​စောင့်​ဆိုင်း​နေ ပြီး​နောက် အ​ရေး​ယူ​ဆောင်​ရွက်​ရန်​အ​ချိန်​ကျ ပြီ​ဖြစ်​ကြောင်း​ဆုံး​ဖြတ်​လျက် တပ်​မ​တော် အ​ရာ​ရှိ​ငါး​ဦး​ဖြစ်​ကြ​သော​ယေ​ရော​ဟံ ၏​သား​အာ​ဇ​ရိ၊ ယော​ဟ​နန်​၏​သား​ဣရှ​မေ​လ၊ သြ​ဗက်​၏​သား​အာ​ဇ​ရိ၊ အဒါ​ယ​၏​သား မာ​သေ​ယ၊ ဇိ​ခ​ရိ​သား​ဧ​လိ​ရှ​ဖတ်​တို့ နှင့်​သ​ဘော​တူ​ညီ​ချက်​ရ​ပြီး​နောက်၊-


ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​၏ ရည်​မှန်း​ချက်​များ​ကို​ပျက်​ပြား​စေ​တော်​မူ​၏။ သူ​တို့​၏​အ​ကြံ​အ​စည်​များ​ကို​လည်း အ​ထ​မ​မြောက်​စေ​ရန်​ဆီး​တား​တော်​မူ​၏။


လူ​တို့​၏​ဒေါ​သ​သည်​ကိုယ်​တော်​ရှင်​အား​ပို​၍ ထော​မ​နာ​ပြု​ခြင်း​အ​ကျိုး​ကို​ဖြစ်​ပေါ်​စေ​ပါ လိမ့်​မည်။ စစ်​ပွဲ​တွင်​မ​သေ​ဘဲ​အ​သက်​ရှင်​ကျန်​ရစ်​သူ​တို့​သည် ကိုယ်​တော်​၏​ပွဲ​တော်​များ​ကို​စောင့်​ထိန်း ကြ​ပါ​လိမ့်​မည်။


မြစ်​ထဲ​တွင်​ဖား​များ​ဖြင့်​ပြည့်​စေ​မည်။ ထို​ဖား တို့​သည်​မြစ်​ထဲ​မှ​သင်​၏​နန်း​တော်၊ အိပ်​ခန်း၊ အိပ်​ရာ၊ သင်​၏​မှူး​မတ်​နှင့်​ပြည်​သား​တို့​၏​အိမ် များ၊ သင်​၏​မီး​ဖို​နှင့်​မုန့်​နယ်​ရာ​ခွက်​များ​သို့ တက်​လာ​ကြ​လိမ့်​မည်။-


ထာဝရဘုရားတဘက်၌ ဥာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။


ထာ​ဝ​ရ​ဘု​ရား​က``စ​ပျစ်​သီး​ကောင်း​များ ကို အ​ဘယ်​သူ​မျှ​မ​ဖျက်​ဆီး​တတ်။ နယ်​၍ စ​ပျစ်​ရည်​လုပ်​တတ်​ကြ​၏။ ငါ​သည်​လည်း ငါ​၏​လူ​အ​ပေါင်း​ကို​သုတ်​သင်​ဖျက်​ဆီး ပစ်​လိမ့်​မည်​မ​ဟုတ်။-


ယင်း​သို့​ထို​သူ​တို့​စု​ဝေး​ကြ​ခြင်း​မှာ​ကိုယ်​တော် ရှင်​၏​တန်​ခိုး​တော်​နှင့် အ​လို​တော်​အ​ရ​ခွဲ​ခန့် ပြ​ဋ္ဌာန်း​ထား​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ