Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 20:29 - Common Language Bible

29 ဣ​သ​ရေ​လ​အ​မျိုး​သား​များ​၏​ရန်​သူ​တို့ ကို ထာ​ဝရ​ဘု​ရား​အ​ဘယ်​သို့​နှိမ်​နင်း​တော်​မူ ကြောင်း​ကို​ကြား​သိ​ရ​သည့်​လူ​မျိုး​အ​ပေါင်း တို့​သည်​ကြောက်​လန့်​ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 ဣ သ ရေ လ လူ မျိုး၏ ရန် သူ တို့ ကို၊ ထာ ဝ ရ ဘု ရား တိုက် ဖျက် တော် မူ သည် ဟု၊ တိုင်း နိုင် ငံ တ ကာ တို့ ကြား သိ လျှင်၊ ဘု ရား သ ခင် ထံ မှ ထိတ် လန့် ခြင်း သင့် ရောက် သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ရန်​သူ​တို့​ကို တိုက်​တော်​မူ​ကြောင်း​ကို၊ အ​ခြား​တိုင်း​နိုင်​ငံ​သား ရှိ​သ​မျှ​တို့​သည်​ကြား၍၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 အစ္စရေး​လူမျိုး​တို့​၏​ရန်သူ​တို့​အား ထာဝရဘုရား​တိုက်ခိုက်​သည့်​အကြောင်း​ကို မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အပေါင်း​တို့ ကြားသိ​ကြ​လျှင် ဘုရားသခင်​ကို ကြောက်ရွံ့​ကြ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 20:29
14 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ​တို့​စ​ခန်း​သိမ်း​၍​ထွက်​ခွာ​သွား ကြ​သော​အ​ခါ ပတ်​ဝန်း​ကျင်​ရှိ​မြို့​သား​တို့ သည်​အ​လွန်​ကြောက်​ရွံ့​ကြ​သ​ဖြင့် သူ​တို့​ကို လိုက်​လံ​၍​မ​တိုက်​ခိုက်​ဝံ့​ကြ​ချေ။-


ထာ​ဝ​ရ​ဘု​ရား​သည်​ရှု​ရိ​အ​မျိုး​သား​တို့ အား​မြင်း​စီး​သူ​ရဲ​များ၊ စစ်​ရ​ထား​များ​ဖြင့် တပ်​မ​တော်​ကြီး​ချီ​တက်​လာ​သော​အ​သံ​ကို ကြား​စေ​တော်​မူ​သ​ဖြင့် ရှု​ရိ​အ​မျိုး​သား​တို့ က``ငါ​တို့​ကို​တိုက်​ခိုက်​ရန်​ဣ​သ​ရေ​လ​ဘု​ရင် သည် ဟိတ္တိ​ဘု​ရင်​နှင့်​အီ​ဂျစ်​ဘု​ရင်​တို့​ကို​စစ် ကူ​တောင်း​လေ​ပြီ'' ဟု​အ​ချင်း​ချင်း​ပြော​ဆို ကြ​၏။-


ထို​သူ​တို့​ကို​အာ​သ​နှင့်​သူ​၏​တပ်​သား​တို့ သည်​ဂေ​ရာ​မြို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက် ကြ​လေ​သည်။ ဆူ​ဒန်​အ​မျိုး​သား​အ​မြောက် အ​မြား​ကျ​ဆုံး​သ​ဖြင့်​သူ​တို့​သည်​ပြန်​လည် တိုက်​ခိုက်​ရန်​စု​ရုံး​နိုင်​စွမ်း​မ​ရှိ​ကြ​တော့​ချေ။ ထာ​ဝရ​ဘု​ရား​နှင့်​ယု​ဒ​တပ်​မ​တော်​၏​လက် တွင်​အ​ရေး​ရှုံး​နိမ့်​ကြ​လေ​၏။ ယု​ဒ​တပ်​မ တော်​သား​တို့​သည်​လည်း​လက်​ရ​ပစ္စည်း​အ​မြောက် အ​မြား​ကို​သိမ်း​ယူ​ရ​ရှိ​ကြ​လေ​သည်။-


ထို​နောက်​ဂေ​ရာ​မြို့​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​လန့်​လျက် နေ​ကြ​သ​ဖြင့် ယု​ဒ​တပ်​မ​တော်​သား​တို့​သည် ထို​မြို့​များ​ကို​ဖြို​ဖျက်​နိုင်​ကြ​လေ​သည်။ သူ တို့​သည်​ထို​မြို့​အ​ပေါင်း​ကို​တိုက်​ခိုက်​ကြ​ရာ လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား​ကို​သိမ်း​ယူ ရ​ရှိ​ကြ​၏။-


ထာ​ဝရ​ဘု​ရား​သည်​ပတ်​ဝန်း​ကျင်​နိုင်​ငံ အ​ပေါင်း​တို့​အား ယော​ရှ​ဖတ်​နှင့်​စစ်​ဖြစ် ရန်​ကြောက်​လန့်​စေ​တော်​မူ​၏။-


သူ​တို့​သည်​မြို့​တော်​သို့​ရောက်​ကြ​သော​အ​ခါ စောင်း​များ၊ တံ​ပိုး​ခ​ရာ​များ​တီး​မှုတ်​လျက် ဗိ​မာန်​တော်​သို့​ချီ​တက်​ကြ​လေ​သည်။-


ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​စီ​ရင်​ချက်​ကို ကောင်း​ကင်​ဘုံ​မှ​ကြေ​ညာ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​ပေါ်​ရှိ​ဖိ​နှိပ်​ညှဉ်း​ပန်း ခြင်း ခံ​ရ​ကြ​သူ​တို့​အား​ကယ်​တော်​မူ​ရန်​အ​တွက် ထ​၍​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​သော​အ​ခါ၊ ကမ္ဘာ​သည် ကြောက်​လန့်​၍​ဆိတ်​ဆိတ်​နေ​ကြ​ပါ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​စစ် တိုက်​တော်​မူ​လိမ့်​မည်။ စိတ်​မ​ပူ​ကြ​နှင့်'' ဟု ပြန်​ပြော​လေ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ရ​ထား​ဘီး များ​ကို​ကျွတ်​ထွက်​စေ​တော်​မူ​သ​ဖြင့် သူ​တို့ ၏​ရ​ထား​များ​ကို​အ​သွား​ရ​ခက်​စေ​တော် မူ​၏။ ထို့​ကြောင့်​အီ​ဂျစ်​အ​မျိုး​သား​တို့​က``ထာ ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘက်​မှ​နေ​၍ ကျွန်ုပ်​တို့​ကို​တိုက်​ခိုက်​လျက် ရှိ​တော်​မူ​၏။ ထွက်​ပြေး​ကြ​စို့'' ဟု​ဆို​ကြ​၏။


``သင်​တို့​ကို​ရန်​ဘက်​ပြု​သူ​တို့​သည် ငါ့​ကို​ကြောက် ရွံ့​ရ​ကြ​လိမ့်​မည်။ သင်​တို့​ဝင်​ရောက်​တိုက်​ခိုက်​သော ပြည်​မှ လူ​တို့​သည်​က​စဥ့်​က​လျား​ဖြစ်​၍​ထွက် ပြေး​ကြ​လိမ့်​မည်။-


ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​စိုး​စံ​သော​အာ မော​ရိ​ဘု​ရင်​များ​နှင့် မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ တစ်​လျှောက်​စိုး​စံ​သော​ခါ​နာန်​ဘု​ရင်​အ​ပေါင်း တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​ပြီး​သည်​အ​ထိ မြစ်​ရေ​ကို ထာ​ဝ​ရ​ဘု​ရား​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း ကြား​သိ​ရ​ကြ​၏။ ထို​ကြောင့်​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြောက်​ရွံ့ ၍​စိတ်​ပျက်​အား​လျော့​ကြ​ကုန်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ