၂ ရာချုပ် 20:27 - Common Language Bible27 ယောရှဖတ်သည်အောင်ပွဲခံ၍မိမိ၏စစ် သည်တော်တို့ကို ယေရုရှလင်မြို့သို့ပြန် လည်ခေါ်ဆောင်လာတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible27-28 ထို နောက် ရန် သူ တို့ အ ပေါ် တွင် ထာ ဝ ရ ဘု ရား အောင် ခွင့် ပေး တော် မူ သော ကြောင့်၊ ဦး တည် သော ယောရှ ဖတ် မင်း နှင့် တ ကွ၊ ယု ဒ ပြည် ယေ ရု ရှ လင် မြို့၊ ရဲ မက် အ သီး အ သီး တို့ သည်၊ အောင် သံ လွှင့် လျက်၊ တ ယော၊ စောင်း၊ တံ ပိုး များ ကို တီး မှုတ် လျက်၊ ယေ ရု ရှ လင် မြို့၊ ဗိ မာန် တော် သို ပြန် သွား ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible27 ထိုအခါ သူတို့သည် ရန်သူတို့အပေါ်မှာ ဝမ်းမြောက်သောအခွင့်ကို၊ ထာဝရဘုရားပေးတော်မူသောကြောင့်၊ ယောရှဖတ်သည် ရှေ့ဦးစွာကြွ၍ ယုဒပြည်သူ ယေရုရှလင်မြို့သား အပေါင်းတို့သည်၊ ဝမ်းမြောက်သောစိတ်နှင့် ယေရုရှလင်မြို့သို့ ပြန်သွား၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ထိုသို့ ရန်သူကိုအောင်နိုင်၍ ဝမ်းမြောက်ရသောအခွင့်ကို ထာဝရဘုရားပေးသနားတော်မူသောကြောင့် ယောရှဖတ်မင်းကြီးဦးဆောင်သော ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့သည် ဂျေရုဆလင်မြို့သို့ ဝမ်းမြောက်စွာပြန်သွားကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုနေ့၌ယဇ်အမြောက်အမြားကိုပူဇော်ကြ၏။ ဝမ်းမြောက်ရွှင်လန်းခွင့်ကိုဘုရားသခင်ပေးတော်မူသောကြောင့်လူတို့သည်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့နှင့်အတူအမျိုးသမီးများနှင့်ကလေးများသည်လည်းပါဝင်ဆင်နွှဲကြသည်ဖြစ်၍ သူတို့၏ရွှင်လန်းဝမ်းမြောက်သံကိုအဝေးကပင်ကြားနိုင်လေသည်။
ထိုအခါကျွန်တော်မျိုးတို့သည်အရှင်မင်း ကြီး၏ အောင်ပွဲအတွက်ရွှင်လန်းဝမ်းမြောက်စွာ ကြွေးကြော်ကြပါလိမ့်မည်။ ထာဝရဘုရားအားထောမနာပြုလျက် အရှင် မင်းကြီး၏အောင်ပွဲကိုဆင်နွှဲကြပါလိမ့်မည်။ ဘုရားသခင်သည်အရှင်မင်းကြီးတောင်း လျှောက် သမျှကိုပေးသနားတော်မူပါစေသော။
ဟန္နသည်ဤသို့ဆုတောင်းပတ္ထနာပြုသည်။ ``ထာဝရဘုရားသည်ကျွန်မအားစိတ်ရွှင်လန်း စေတော်မူပြီ။ ကျွန်မသည်ကိုယ်တော်ပြုတော်မူသော အမှုကိုထောက်၍ဝမ်းမြောက်ပါ၏။ ကျွန်မသည်ရန်သူတို့အားပြက်ရယ်ပြုခွင့် ရပါ၏။ ဘုရားသခင်သည်ကျွန်မကိုကူမတော်မူပြီ ဖြစ်၍ ကျွန်မသည်စိတ်ရွှင်လန်းပါ၏။