၂ ရာချုပ် 18:15 - Common Language Bible15 သို့ရာတွင်အာဟပ်က``ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍ဟောရာတွင်ဟုတ်မှန်သည် ကိုသာဟောရန်သင့်အားငါဘယ်နှစ်ကြိမ် သတိပေးရပါမည်နည်း'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible15 ဘု ရင် မင်း က၊ ထာ ဝ ရ ဘု ရား ၏ နာ မ တော် ကို ထောက် ၍၊ ဟုတ် မှန် ရာ မှ တစ် ပါး၊ မည် သည် ကို မျှ မ ဟော စေ ရန်၊ ဘယ် နှစ် ကြိမ် သ စ္စာ ဆို စေ ရ မည် နည်း ဟု မိန့် ဆို သည့် ကာ လ၊ အခန်းကိုကြည့်ပါ။Judson Bible15 ရှင်ဘုရင်ကလည်း၊ မှန်သောစကားမှတစ်ပါး အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့် သင်သည် ငါ့အားမဟောမည်အကြောင်း၊ ငါသည် ဘယ်နှစ်ကြိမ်တိုင်အောင် သင့်အားအကျိန်ပေးရမည်နည်းဟု မေးသော်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 သို့သော် ရှင်ဘုရင်က သူ့အား “ထာဝရဘုရား၏နာမတော်ဖြင့် မှန်သောစကားကိုသာ ဟောပြောရန် သင့်အား ဘယ်နှခါ ကျိန်ဆိုစေရမည်နည်း”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။ |
သူသည်မင်းကြီး၏ရှေ့တော်သို့ရောက်သော အခါမင်းကြီးက``အချင်းမိက္ခာ၊ ယောရှဖတ် မင်းနှင့်ငါသည်ရာမုတ်မြို့သို့ချီတက်တိုက် ခိုက်သင့်သလော၊ မသင့်သလော'' ဟုမေး တော်မူ၏။ မိက္ခာကလည်း``တိုက်ခိုက်တော်မူပါ၊ အောင်မြင် တော်မူပါလိမ့်မည်။ ထာဝရဘုရားသည် အရှင့်အားအောင်ပွဲခံစေတော်မူပါလိမ့် မည်'' ဟု ပြန်လည်လျှောက်ထား၏။
ထိုအခါမိက္ခာက``ဣသရေလပြည်သူတို့သည် သိုးထိန်းမဲ့သည့်သိုးများကဲ့သို့တောင်ကုန်း များပေါ်တွင်ကွဲလွင့်လျက်နေသည်ကိုငါ မြင်၏။ ထာဝရဘုရားကလည်း`ဤသူတို့မှာ ခေါင်းဆောင်မရှိ။ သူတို့အားမိမိတို့ရပ်ရွာ သို့အေးချမ်းစွာပြန်ခွင့်ပြုလော့' ဟုမိန့် တော်မူပါသည်''ဟုဆို၏။